ကိုယ်တော်ပျောက်ဘုရား ကျောက်စာ

ကိုယ်တော်ပျောက်ဘုရား ကျောက်စာ (သက္ကရာဇ် ၇ဝ၃)
by ကုလား ၇၀၀
739ကိုယ်တော်ပျောက်ဘုရား ကျောက်စာသက္ကရာဇ် ၇ဝ၃ကုလား ၇၀၀

၂၊၁၊၄၉၊၁။

ပြင်ဆင်ရန်
  • ...“ဤ၎္တက္လောင်အရ
  • ပ်နှိုက် ကိန်သော မ္လတ်စွာသ္ခိင်မ္လတ်ငယ်ကိုဝ် အလွန် ရိုဝ်သိယ်စွာရုယ် ကုလါ ၇၀၀ တိုဝ် ချင်တိုဝ်စာမ္လေဖ္လစ်သော ကန်ဆိမ္လေ ၁၅ဝကိုဝ်လှု၏ လှုလတ်သောခာ ပန်ပေလို
  • ဝ်ရကာ ကုလါ ရဝဝတိုဝ် ပဝရဓမ္မရာဇာသိရိဒိတ္တိဖ္လစ်သော တရုက်ပ္လေမင်ကြိထံ၎္တနှိုက် ကုလါ ရဝဝတိုဝ် ဝပ်လေ၏ မင်ကြိသံတဝ် မ္လတ်စွာသ္ခိင်ကိုဝ် ခŸ၎္တ
  • မူလတ်ရုယ် ဣမ်၎္တဥိနှိုက် ဆွံ၎္တက္လိုယ်ရုယ် ဆွံတဝ် ဆွမ်ပြိ မဟာထည် ငကျွန်ကုလါတိုဝ် စာသမ္လေ ၁၅ဝကိုဝ် ငာလှု၏ဟု ရှုယ်ဖ္လာနှင်ရေစင်၎္တသွန်၏”

[ဤတောကျောင်းအရပ်၌ကိန်းသော မြတ်စွာသခင် မြတ်ငယ်ကို အလွန်ရိုသေစွာ၍ ကုလား ၇ဝဝတို့ ချင်းတို့ စားမြေဖြစ်သော ကန်ဆီမြေ ၁၅ဝကိုလှူ၏။ လှူလတ်သောခါ ပန်ပေလိုရကား ကုလား ၇ဝဝ တို့ ပဝရဓမ္မရာဇာသိရိဒိတ္တိဖြစ်သော တရုတ်ပြေးမင်းကြီး ထံတော်၌ ကုလား ၇ဝဝ တို့ဝပ်လေ၏။ မင်းကြီးသံတော် မြတ်စွာသခင်ကို ခေါ်တော်မူလတ်၍ အိမ်တော်ဦး၌ ဆွမ်းတော်ကျွေး၍ ဆွမ်းတော်ဆွမ်းပြီး “မဟာထေရ်၊ ငါ့ကျွန် ကုလားတို့စားသောမြေ ၁၅ဝကို ငါလှူ၏”ဟု ရွှေဖလားနှင့် ရေစင်တော်သွန်း၏။]

၂၊၁၊၄၉၊၂။

ပြင်ဆင်ရန်
  • ၃၈ ...“ငကောင်မှုကိုဝ် ပျ
  • ၃၉ က်ကြောင်ကြံရုယ် ဖျက်သသုကာ အဝိဇိစသော ငရယ်ကြိ ၈ထပ် ငရယ်ငယ် ၁၂၈ထပ် ထိုဝ်ငရယ်အရပ်နှိုက် အနှစ်ထောင် သောင် သိန် သန် ကျက်လေစေသတေ ထိုဝ်ငရယ်
  • ၄၀ လက်မှ လွတ်ငြာတုံရုယ် လူလျှင်ဖ္လစ်တုံသောလေ မစာရတတ် မဝတ်ရတတ်သ လူပြိတ္တာလျှင် ဖ္လစ်စေသတေ တိရိစ္ဆန်ဖ္လစ်သောလေ တိရိစ္ဆန်ပြိတ္တာဖ္လစ်စေသတေ။ ၀ ။”

[ငါ့ကောင်းမှုကို ပျက်ကြောင်းကြံ၍ ဖျက်သသူကား အဝီစိစသော ငရဲကြီး ၈ထပ်၊ ငရဲငယ် ၁၂၈ထပ်၊ ထိုငရဲအရပ်၌ အနှစ်ထောင် သောင်း သိန်း သန်း ကျက်လေစေသတည်း။ ထိုငရဲလက်မှ လွတ်ငြားတုံ၍ လူလျှင်ဖြစ်တုံသောလည်း မစားရတတ်၊ မဝတ်ရတတ် သော လူပြိတ္တာလျှင် ဖြစ်စေသတည်း။ တိရစ္ဆာန်ဖြစ်သော လည်း တိရစ္ဆာန်ပြိတ္တာ ဖြစ်စေသတည်း။]


  ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။