ငလပ်သင် ကျောက်စာ
(မျက်နှာဘက်)
၁၊၂၊၁၄၃၊၁။
၁... “သကရစ် ၆၂၁ခု အာ
၂သတ်နှစ်၊ နံယုန်လဆုတ်၅ရက် ၃နိယ္အ် ငာလပ်သင် က္လောင်ပုရှာလ
၃ယ္အ်ကိုဝ် ငာမွန်အဖသာ လုစလတ်ရကာ သ္ခိင်ဂုဏဂမ္ဘိမင်ကြာရုယ်
၄အပသုငယ္အ်နရသူနှင် စတ်စိယ္အ်(ေ)သာ ပြတ်ပြိလျက် စတ်စိယ္အ်ငာချက် ငာမွန်
၅ပ္လန်တုံရကာ ဂုဏဂမ္ဘိ မင်လျှင် တဖန် ကြာပ္လန်တုံရုယ် ပလရစ်သာနှင်
၆သိန်ခပိစည်သာ မွန်ဦကိုဝ် ပုရှာရှင် မိယ်စိယ္အ်တုံသောတေ ဂုဏဂမ္ဘိ
၇ဟူ၏ ဤလယ္အ်ကာ ငာစင်ကြယ်သင္အ် ပုရှာလှူရုယ် သိယ်ခပြိ မင်ကြိ၅ဆ
၈က်သောလေ အမိန္အ်မယ္အ် ထိုဝ်ပြိ ငာနိယ္အ်ရုယ် ၃နှစ်စာသောလေ အမိန္အ်မယ္အ်
၉၃နှစ်လွန်ပြိ ကောက်သိဖျက်ရုယ် လုစလတ်သတေ ဟူပိယ်ဧအ်။ ငာ
၁၀မွန်ကာ ငာဖိုဝ် ငာစင်ကြယ္အ်သင္အ် မယ္အ်ပြီကာ သင်ခာတယောက်တည်
၁၁လျှင် မစာဖူဟုပိယ္အ်ဧအ်။ ထိုဝ်ရှဝ် သင်ဖမနှစ်ယောက်စတ်လတ်
၁၂သောတေ ဤ(န္တ)ပစ္စရာနှင် တကောင်လှဝ်ကာသုကြီငာရောက်ဥိလေ င
၁၃တိုဝ်အညာတက်သော သင်ခာတိုဝ် ကြာလိုက်ရကာရွာသည် အသက်ကြီင
၁၄ယ်တိုဝ္အ်ကိုဝ် မိယ်ခသောတေ ပုရှာလယ္အ်လျှင် ဟုတ္တေဟုရုယ် မိန္အ်ကုန်
၁၅ဧအ်ဟု ဆိုဝ်ပိယ်ကုန်ဧအ် ထိုဝ်ပြိသလည္အ် ကင်ကာကိုဝ်မိယ်တုံေ
၁၆သာလေ ကင်ကာဟူဧအ် ဤယ်လယ်ကိုဝ် လုဟူသကာမစာဖူ သ္ခိင်အ
၁၇လောင်ကြိနတောင်မျာကလျှင် ထိုဝ်က္လောင်နိယ်သ သင်ခာအစန်စာ
၁၈သကာ ငာလျှင်သိဧအ်ဟု ဆိုဝ်ပိယ်ဧအ် ထိုမျှသာ မရောင်ရယ်ရကာ
၁၉သင်ဖမတိုဝ်မှောက် ကင်ကာလျှင် ကိန်ပိယ္အ်ရုယ် ငာမွန်ကာယှုံသတေ
၂၀သ္ခိင်ဂုဏဂမ္ဘီကာ ဩင်သတေ။”
[သက္ကရာဇ် ၆၂၁ ခု အာသန္နီနှစ်၊ နယုန်လဆုတ် ၅ ရက်၊ ၃နေ့ ငလပ်သင် ကျောင်းဘုရားလယ်ကို ငမွန် အဖသား လုစားလတ်ရကား သခင်ဂုဏဂမ္ဘီမင်းကြား၍ အပသူငယ် နရသူနှင့် စစ်စေသောပြတ်ပြီးလျက် ငချစ်၊ ငမွန် ပြန်တုံရကား ဂုဏဂမ္ဘီ မင်းလျှင်တစ်ဖန် ကြားပြန်တုံ၍ ပလရာဇ်သားနှင့် သိင်္ခပိစည်သား မွန်ဦးကို ဘုရားရှင် မေးစေတုံသတည်း။ ဂုဏဂမ္ဘီဟူ၏ “ဤလယ် ကား ငစင်ကြယ်သင် ဘုရားလှူ၍ သေခပြီး မင်းကြီး ၅ဆက်သောလည်း အမိန့်မဲ့၊ ထိုပြီး ငါနေ၍ ၃နှစ် စားသောလည်း အမိန့်မဲ့၊ ၃နှစ်လွန်ပြီး ကောက်သီးဖျက် ၍ လုစားလတ်သတည်း” ဟူပေ၏။ ငမွန်ကား “ငါ့ဘိုး ငစင်ကြယ်သင်မဲ့ပြီကား သံဃာတစ်ယောက်တည်းလျှင် မစားဖူး”ဟူပေ၏။ ထိုရော သင်ဖမနှစ်ယောက် စစ်လတ် သတည်း။ ဣန္ဒပစ္စရာနှင့် တကောင်းလှော်ကားသူကြီး ငရောက်ဦးလည်း “ငါတို့အညာတက်သော သံဃာတို့ ကြားလိုက်ရကား ရွာသည် အသက်ကြီးငယ်တို့ကို မေးခသတည်း၊ ဘုရားလယ်လျှင်ဟုတ်တည်းဟူ၍ မိန့် ကုန်၏”ဟု ဆိုပေကုန်၏။ ထိုပြီးသောလည်း ကင်ကာ ကို မေးတုံသောလည်း ကင်ကာဟူ၏ “ဤလယ်ကို လူဟူသကားမစားဖူး၊ သခင်အလောင်းကြီးနားတောင်း များကလျှင် ထိုကျောင်းနေသော သံဃာအစဉ်စား သကား ငါလျှင်သိ၏ ဟုဆိုပေ၏။ ထိုမျှသာ မရောင့်ရဲ ရကား သင်ဖမတို့မှောက် ကင်ကာလျှင် ကျိန်ပေ၍ ငမွန်ကား ရှုံးသတည်း။ သခင်ဂုဏဂမ္ဘီကား အောင် သတည်း။]
၁၊၂၊၁၄၃၊၂။
၂၂“ဤက္လောက်စာကာ သပေါက်သုကြီ ကင်ကပတိယ္အ် သာငာပ္လည်
၂၃ရသင် ရွာသုကြီ သပေါက် ကလန် သံပျင်သာခပင်မှောက် ဆင်
၂၄သုကြီ ဘုမ္မသူ၊ ဘုမ္မသိင်္ခာ ဟိမဝန်၊ ဘုမ္မသုသာ ရွာသစ်သုကြိငာချ
၂၅တ်ရောက်သင် ဆင်ထိန် ကလန် သံပျင်ခပင်မှောက်ဓမ္မဩင်ပ္လ
၂၆င္အ် အရိမဒ္ဒပိစည် တကောင်လှဝ်ကာသုကြီ လှိယ်ဦလှိယ်သည် က
၂၇လန် သံပျင်ခပင်မှောက်လျှင် ဆောက်သတေ။ ဤလယ်က္လောက်
၂၈စာ ငာပ္လုခသ အက္လျိဝ်ကာ နိရပန် မရောက်သောကြာအပယ် ၄ပါ
၂၉။ အလာရစိယ်လသိယ်။” လသိယ်
[ဤကျောက်စာကား သပေါက်သူကြီးကင်္ကပတေ့၊ သား ငပြည့်ရသင်၊ ရွာသူကြီး၊ သပေါက် ကလန် သံပျင် သား ခပင်းမှောက်။ ဆင်သူကြီးဘုမ္မသူ၊ ဘုမ္မသိင်္ခါ၊ ဟိမဝန်၊ ဘုမ္မသူသား ရွာသစ်သူကြီး ငချစ်ရောက်သင်၊ ဆင်ထိန်း ကလန် သံပျင်ခပင်းမှောက်။ ဓမ္မအောင်ပြင်၊ အရိမဒ္ဒပိစည်၊ တကောင်းလှော်ကားသူကြီး၊ လှေဦး လှေသည် ကလန် သံပျင်ခပင်းမှောက်လျှင် ဆောက် သတည်း။ ဤလယ်ကျောက်စာ ငါပြုခသော အကျိုး ကား နေရပန်မရောက်သောကြား အပါယ် ၄ပါး အလားရစေလတ်သေး။]
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |