စစ်သူကြီးလောကနတ် ကျောက်စာ
၂၊၁၊၆၀၊၁။
ပြင်ဆင်ရန်- ၁“။ သကရစ် ၇၁၃ မင်သီဟမင်ရယ်လက်ထက် စစ်သူကြီလေါကနတ် ခင်မွန်လယ်
- ၂ ရသောခာလျှင် ကောတမဖုရာသ္ခိင်၏ သာသနာ ၅၀၀၀ မကုန်သရှုယ် ရပွေ(တောင်ဥိ)ဖုရာ
- ၃ သ္ခိင်ကိုဝ် သင်ပုတ်ဝတ် ဖ္လစ်စေသတေဟု လေါကနတ်နှင် အသည်ငာကြာ (လဲမ္လေကိုဝ်)
- ၄ အစါရသောလဲဟု နံယုန်လ္ဆန် ၁၀ ရျက် ၅ နိယ်တွင်လေ ဖုရာဆောက်လျှင်ရုယ်
- ၅ အသည်အလါ မ္မိ ယောက်ျာ စါသောက်သည်ကာ နွာတခု ဝက်တခု သောက်စါပါဟု ဤ
- ၆ မျှပုဆိုဝ် ၃ထည် လင်ပန်သုမ်ခ္လပ် ဤမ္လေဖိုဝ်ဟုပေလျှင် ထိုဝ်ခာကာ လေါကနတ်နှင်ငာ
- ၇ ကြာ စါသည်ငုယ်(၃၀) စလောင်(သုမ်)ခ္လပ် (ဤကာ) လေါကနတ်လက်ထက်ပြိ၏”
[သက္ကရာဇ် ၇၁၃၊ မင်းသီဟမင်းရဲလက်ထက် စစ်သူကြီး လောကနတ် ခင်မွန်လယ်ရသောခါလျှင် ဂေါတမ ဘုရားသခင်၏ သာသနာ ၅ဝဝဝ မကုန်သရွေ့ ရပေ (တောင်ဦး)ဘုရားသခင်ကို သင်ပုတ်ဝတ် ဖြစ်စေသတည်း ဟု လောကနတ်နှင့် အသည်ငကြာ လယ်မြေကို အစားရ သောလယ်ဟု နယုန်လဆန်း ၁ဝ ရက်၊ ၅ နေ့တွင်လည်း ဘုရားဆောက်လျှင်း၍ အသည်အလာ မိန်းမယောက်ျား စားသောက်သည်ကား နွားတစ်ခု၊ ဝက်တစ်ခု သောက်စားပါဟု ဤမျှ ပုဆိုး ၃ထည်၊ လင်ပန်း သုံးချပ်၊ ဤမြေဖိုးဟုပေးလျှင် ထိုခါကား လောကနတ် နှင့် ငကြာ စားသည့်ငွေ ၃၀၊ စလောင်း သုံးချပ် ဤကား လောကနတ်လက်ထက်ပြီး၏။]
၂၊၁၊၆၀၊၂။
ပြင်ဆင်ရန်- ၁၄“အတိုဝ်ပ္လုသော ငကောင်မှုကိုဝ် ခိပင်ပါသသူကာ ငာနှင် ထပ်တူ ရစပါစေသတေ (ဖျက်ဆိသ)
- ၁၅ (သူကာ) မ္လေပုံလုံမျှမက လါသဖုရာခ္လွတ်ရုယ် မက္လွတ်စေသတေ ငြယ်ကြီ၈ထပ် ငြယ်ငယ်တြျာနှစ်ဆယ်
- ၁၆ ၈ထပ်အရပ် ဆင်ရယ်တလဲလဲလျှင် ခံစေသတေ လူဟူ သည်လေ နှစ်ဆစ်မဖ္လစ် ကံဖါသစ်ငုတ် ငြ
- ၁၇ ယ်ဥခြိုဝ် ဖ္လစ်စေသတေ”
[အတို့ပြုသော ငါ့ကောင်းမှုကို ချီးပင့်ပါသသူကား ငါနှင့် ထပ်တူ ရစပါစေသတည်း။ ဖျက်ဆီးသသူကား မြေပုံလုံး မျှမက လာသောဘုရားချွတ်၍ မကျွတ်စေသတည်း။ ငရဲကြီး ၈ထပ်၊ ငရဲငယ် တစ်ရာနှစ်ဆယ့်၈ထပ်အရပ် ဆင်းရဲတလဲလဲလျှင် ခံစေသတည်း။ လူဟူသည်လည်း နှစ်ဆစ်မဖြစ် ကမ္ဘာသစ်ငုတ် ငရဲဥချိုး ဖြစ်စေ သတည်း။]
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |