စတ္တလင်္ကပတေ့ ကျောက်စာ (သက္ကရာဇ် ၆၆၆)
by စတ္တလင်္ကပတေ့
1079စတ္တလင်္ကပတေ့ ကျောက်စာသက္ကရာဇ် ၆၆၆စတ္တလင်္ကပတေ့

(မျက်နှာဘက်)

ပြင်ဆင်ရန်
  • “လိယ်အသင်ခယာ ကံမ္ဘာတသိန်။ ပါရမိဖ္လည်
  • ရုယ် ပေါထိမန်တိုအ်အရင် သစ္စာ ၄ပါတြျာခပင် ပွင်
  • စင်ပြီသော မ္လတ်စွာသ ပုရှာသိခင်သာသနာနှိုက် သ
  • တ္ထာကြည်ညိုဝ်စွာရုယ် သာသနာ ၅၀၀၀ တည်စိမ်
  • သောငှာ။ သကရစ် ၆၆၆ခု အာသတ်နှစ်။ စတ္တလင်္ကပ
  • တိယ်ပ္လုသကာ။ စေတီတလုံမ်၊ က္လောင်ကြီတဆောင်ရှု
  • ယ်ပုရှာ ၁ဆူ ပ္လုရုယ် ရတ္တနာ ၃ပါကိုဝ်ရည်ရုယ် လှူသောလယ်
  • သစ်မ္လိယ် ၄၅။ သလယ်တောင်မ္လိယ် ကျွန် ၃ယောက်
  • သိရျက်၁ပင်လှူသတေ။ လှူသအခာနှိုက် သိပါသကာ
  • ၁၀ ရှုယ်နန်အသျင် စစ်သူကြီ စစ်သာခပင် လှူပါသတေ။”

[လေးအသင်္ချာ ကမ္ဘာတစ်သိန်း ပါရမီဖြည့်၍ ဗောဓိ မဏ္ဍိုင်အရင်း သစ္စာလေးပါးတရားခပင်း ပွင့်စင်ပြီးသော မြတ်စွာသော ဘုရားသခင်သာသနာ၌ သဒ္ဓါကြည်ညိုစွာ၍ သာသနာ ၅ဝဝဝ တည်စိမ့်သောငှာ၊ သက္ကရာဇ် ၆၆၆ခု အာသဠှီနှစ်၊ စတ္တလင်္ကပတေ့ပြုသကား စေတီတစ်လုံး၊ ကျောင်းကြီးတစ်ဆောင်၊ ရွှေဘုရားတစ်ဆူပြု၍ ရတနာ၃ပါးကိုရည်၍လှူသော လယ်သစ်မြေ ၄၅၊ သလယ်တောင်မြေ၊ ကျွန်၃ယောက်၊ သရက်၁ပင် လှူ သတည်း။ လှူသောအခါ၌ သိပါသကား ရွှေနန်းအရှင် စစ်သူကြီး စစ်သားခပင်း ၊ လှူပါသတည်း။]

(ကျောဘက်)

ပြင်ဆင်ရန်
  • “ဤယ်မ္လိယ်ကိုဝ် နှလုံမ်ကောက်သ
  • ည်တေ ဟိမုကာ မ္လိယ်ပုံမ်လုံမ်မျှကြုံမ်မကသော နော
  • င်ဖ္လစ်သ ဖုရှာကိုဝ် မဖုစိယ်သတေဟု ကိန်၏၊ ၀ ၊”

[ဤမြေကို နှလုံးကောက်သည်တည်း ရှိမူကား မြေပုံ လုံးမျှ ကျုံးမကသော၊ နောင်ဖြစ်သောဘုရားကို မဖူးစေ သတည်းဟုကျိန်၏။]

  This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.