စာမျက်နှာ:နန္ဒီသေနပျို့.pdf/15

ဤစာမျက်နှာကို ပရုဖတ်ပြီးပါပြီ
၁၂
လက်ဝဲသုန္ဒရ

မြေလမ်းဝယ်၊ ထောက်လှမ်းမမီ၊ ကစီ,ကလျဉ်၊ ကစဉ်,ကလျား၊ ရဲမက်များတို့၊ စိတ်အား လောင်လင်၊ ညိုးပူပင်သော်[]၊ ဗိုလ်အင် အဖြီး၊ ရှေ့က ဆီးလျက်၊ တသီး တတိုက်၊ နောက်ကဝိုက်မှ၊ ဖူးကိုက်ညောင်ပျို၊ အားတိုင်း ခိုလျက်၊ ထန်းကို ပတ်ရစ်၊ သေအောင်ညှစ်သို့၊ မူး,မြစ် ချောင်း,မြောင်း၊ ရေကြောင်း သင့်ရာ၊ မပြန်သာအောင်၊ ကုန်းမှာတုံလည်း၊ လကောင်းနည်းလျှင်၊ ရေ,ကြည်း အစုံ၊ တပ်လုံးအုံက၊ မှုကုံတော့မည်၊ မရှည် မဝေး၊ ခန့်ရည်တွေးသည်[]၊ အရေး,ဘယ်သို့ မြင်သနည်း။

၂၅။။ အဿကမည်တော်၊ သိညီကျော်သည်၊ ထင်ပေါ် သတင်း၊ နတ်ရှင်မင်းက၊ လင်းလင်း ဖေါ်ပြ၊ မေးကာလ၌၊ စက်ချသောငြမ်း[]၊ နည်းနာပြွမ်း၍၊ ထုံးတမ်း ပွန်းတီး၊ မတ်ကြီး ပီပီ၊ နန္ဒီသေန၊ ကိစ္စတွေးမျှော်၊ အကြောင်းဖေါ်၍၊၊ နားတော်,သာညံ့ လျှောက်လတည်း။

တမ်းပလိတ်:Left margin


  1. ညှိုးပူပင်မှ (မန်း, ဟံ)
  2. ခန့်ရည်သွေးသည် (ဦး)၊ ရန်ရည်တွေးသည် (မန်း)၊
    ခန့်ရေတွေးသည် (စွယ်)
  3. စက်ရှသောငြမ်း (မန်း, ဟံ)