စာမျက်နှာ:နန္ဒီသေနပျို့.pdf/3

ဤစာမျက်နှာကို ပရုဖတ်ပြီးပါပြီ

မြိုင်ဝေ တောကြီး၊ ဤခရီးဝယ်၊
ချည်းနှီး သက်သက်၊ သေသော့ထက်ကား၊
ဆက်လက် တညီ၊ တစီ တလျဉ်၊
သားစဉ် မြေး,မြစ်၊ ပြောထုံးဖြစ်အောင်၊
တစစ်,တမက်၊ ကိုယ် နှင့် သက် ကို၊
နှင်းဆက် တိုက်မည်၊ အားသံရည်၍၊
ဦးလည် မသုန်၊ ထမ်းပါကုန်လော့။

လက်ဝဲသုန္ဒရ