သံသရာဝယ်၊ သတ္တဝါအများ၊ သူတို့အားကို၊ သနား ကြည်ဖြူ၊ ကယ်တော်မူအံ့။ ဆုယူ အလောင်း၊ မြတ်ရာ ချောင်းသည်၊ ဖုန်းပေါင်း တောက်ထိန်၊ စောမုနိန်၊၊ ကလိင်္ဂရာဇ်၊ မင်းစစ် အဿက၊ ရန်ဖြစ်ကြ၍၊ ရန်စ မကွာ၊ ရန်ရှာ ရန်ခိုက်၊ စစ်တိုက်သောခါ၊ မဟာရာဇ၊ အဿာကဟု၊ သိင်္ဂ မုနော[၁]၊ ထုတ် မင်းစောကို၊ စောင့်သောနတ်သည်၊ မွေးရည် တန်ဆာ၊ ဖြူ,ပြာ, စိန်,ရွှေ[၂]၊ ထွေထွေ မရော၊ နတ်ကျော မည်းရောင်၊ ဖိတ်ဖိတ်ပြောင်မျှ၊ မင်းခေါင် နရ၊ ကလိင်္ဂကို၊ စောင့်ထ နတ်မူ၊ အဖြူ သန့်ရှင်း၊ ထွတ်ထွတ် ဝင်းတိ[၃]။ မင်းကြီး ရုပ်ဝါ၊ ဆင်တန်ဆာဖြင့်၊ ဦးစွာ ရှေ့ဖျား၊ ခွန်အား ထုတ်ထုတ်၊ လွန်ကြိုးကုတ်လျက်၊ နွားဥဿဘ၊ ဖန်ဆင်းကြ၍၊ လောကထွတ်ထား၊ မင်းနှစ်ပါး၏၊ ကိုယ်စားတော် ကြိုး[၄]၊ လှုံ့ဆော် နှိုး၍၊၊ စစ်ထိုး,ပွဲဦး ပြိုင်လတ္တံ့။။
၆၇။။ “ထိုမင်းနှစ်ပါး၊ ကံအလားလျှင်၊ စွမ်းအား ဗလ၊ ဥသဘတို့၊ တိုက်ကြလေမူ၊ မည်သသူမျှ၊ မွေးမြူ မမြင်၊ နတ်သျှင် ထွတ်ထား၊ နှစ်ပါး မင်းသာ၊ မြင်တို့ရာ၏။ ပမာ နှိုင်းနှုန်း၊ ပိတုန်း မြတောင်၊ နွားနက်ရှောင်၍[၅]၊ ဖြူရောင် နွားမင်း၊ တိုက်လံ ခွင်းက၊ သတင်း နွမ်းညှိုး၊ တန်ခိုးနွမ်းလျော်၊ ဖုန်းတော် နွမ်းလျ၊ အဿကတည့်။ ကာလ ထိုချိန်၊ ဖုန်းတော်ထိန်၍[၆]၊၊ ကလိင်္ဂမင်း နိုင်လတ္တံ့။။
၆၈။။ “ထိုနွား နှစ်ဦး၊ ဝှေ့စူး တိုက်ရာ၊ ထိုဩဘာ ကြောင့်၊ ပြည်ပါဋလိ၊ အမည်ရှိသည်၊ မင်းကြီး ရဲဘော်၊ စစ်သည်တော်တို့၊ နွမ်းလျော်ရှောင်သွေ၊ ပျက်စီးချေ၍၊ ထွန်းနေ လဝါ၊ တက်လျှံ ဖြာသို့၊ မဟာရာဇ[၇]၊ ကလိင်္ဂသည်၊ ဒီပတရိုး၊ အခေါင်မိုး၍၊ ၊ တန်ခိုး,ဖုန်းတန်း လှိုင်လတ္တံ့။။
၆၉။။ ထိုသို့ ဩဘာ၊ ထင်ခြင်းရာကို၊ ဣန္ဒာဒေဝ၊ ကိစ္စ စုံစေ့၊ ရှင်ရသေ့အား၊ ချမ်းမြေ့ ထူးလည်၊ သာကြည် လျှောက်ထား[၈]၊ ထို စကား