ဤစာမျက်နှာကို ပရုဖတ်ပြီးပါပြီ

ထိပါးအောင်သော်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရည်ရွယ်ချက်များနှင့် အခြားတစ်နည်းနည်း ဆန့်ကျင်အောင်သော် လည်းကောင်း၊ လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်းမှ သို့မဟုတ် လက်နက်အင်အားကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။

၅။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးသည် ယခုလက်ရှိ ပဋိညာဉ် စာချုပ်အရ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က အရေးယူဆောင်ရွက်သည့် ကိစ္စဟူသမျှတွင် အဘက်ဘက်က ကူညီအားပေးရမည့်ပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က တားမြစ်သည့်သဘောဖြင့် သို့မဟုတ် လိုက်နာစေရန် သဘောဖြင့် အရေးယူ ထားသော နိုင်ငံများအား အကူအညီပေးခြင်း မှလည်း ရှောင်ကြဉ်ရမည်။

၆။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုထိန်းသိမ်းရန် လိုအပ်သည်နှင့်အမျှ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများအား ဤမူများနှင့်အညီ မုချမသွေ လိုက်နာဆောင်ရွက်အောင် ပြုလုပ်ရမည်။

၇။ ယခုလက်ရှိပဋိညာဉ်စာချုပ်တွင် ပါရှိသည် အချက်များကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့မှာ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီရင်ပိုင်ခွင့် အာဏာအတွင်း၌သာ သက်ရောက်သော ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် အအာဏာမရှိ စေရ၊ သို့မဟုတ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှာ အဆိုပါကိစ္စများကို ယခုလက်ရှိစာချုပ်အရ ဆုံးဖြတ်ရန် တင်သွင်းရမည့် တာဝန်မရှိစေရ။ သို့ရာတွင် ဤမူမှာ အခန်း ၇ တွင် အတင်းအကြပ်၊ လိုက်နာစေရမည် သဘောဖြင့် အရေးယူချက်များအတိုင်း ဆောင်ရွက်မှုကို ထိခိုက်ခြင်း မရှိစေရ။


တမ်းပလိတ်:Asc

အပိုဒ် ၃။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ မူလအဖွဲ့ဝင်နိုင်ငံများမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တည်ထောင်ရေးအတွက် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံတွင် ပါဝင်ခဲ့ပြီး သို့မဟုတ် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြေညာစာတမ်းကို ယခင်က လက်မှတ်ရေးထိုးခဲ့ပြီး ယခုလက်ရှိပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုး၍ အပိုဒ် ၁၁ဝ နှင့်အညီ အတည်ပြုသော နိုင်ငံများသာ ဖြစ်ရမည်။

အပိုဒ် ၄။

၁။ ငြိမ်းချမ်းရေးကို မြတ်နိုးသော အခြားနိုင်ငံအားလုံးသည် လက်ရှိ ပဋိညာဉ်စာချုပ်ပါ တာဝန်ဝတ္တရားများကိုလက်ခံ၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ယူဆချက်အရ ဤတာဝန်