ဆင်ဖြူသခင်သမီးစောထွေး ကျောက်စာ

ဆင်ဖြူသခင်သမီးစောထွေး ကျောက်စာ (သက္ကရာဇ် ၆၇၀)
by စောထွေး
1171ဆင်ဖြူသခင်သမီးစောထွေး ကျောက်စာသက္ကရာဇ် ၆၇၀စောထွေး
  • ၁၃ ...“(ငာ)
  • ၁၄ အသက်ဟိသရုယ်ကာ ငာစိယ်စံ၊ ငာအသက်မဟိမူကာ ပုရှာနှိုက်လုပ်(က္လွည်)
  • ၁၅ စိယ်သတေ၊ ကျွန်အလုံပုရှာနှိုက် မလုပ်က္လွည်တတ်ရုယ် မြက်နုရိယ်ကြ
  • ၁၆ ည် ရှာမှီခရုယ်သာ စာနိယ်လိယ်သောလေ၊ (သင်ပုတ်ဝတ်လုရစ်ဟျ
  • ၁၇ န်)ဆယ်ရစ်သသူကာ အဝစိယ်အထယ် ငြယ်ကြီလျှင် ကျက်(စိယ်သ)ေ
  • ၁၈ တ၊ က္လောင်နှိုက်လှူသော လဲ၊ ဥယန်၊ စ္ဗာ၊ ခွက်၊ နွာ၊ ကျွန်၊ ဤယ်မျှ ငာ
  • ၁၉ လှူခသောအလုံကိုဝ် ဖျက်ဆီထိပါရစ်သသူကာ၊ အဝစိယ် အထယ် ငြ(ယ်)
  • ၂၀ လျှင် ကျက်စိယ်သတေဟု က္လောင်တာယကာ လင်မျာတကြိုက်ကိ(န်)
  • ၂၁ ခတုံဧ၊ ဤယ်ငာပ္လုသော ကောင်မှုနှိုက် ပြည်စိုဝ်သောအမတ်ကြီရာ
  • ၂၂ စာသင်ကြံ၊ သ္ခိင်စဝ်ချံသာ၊ သ္ခိစဝ်လှလျှင်(အစ)ရိယ်သွန်ပါသေ(တ)”

[ငါအသက်ရှိသရွေ့ကား ငါစေအံ့၊ ငါအသက်မရှိမူကား ဘုရား၌ လုပ်ကျွေးစေသတည်း။ ကျွန်အလုံးဘုရား၌ မလုပ်ကျွေးတတ်၍ မြက်နုရေကြည်ရှာမှီးခ၍သာ စား နေလေသောလည်း သင်ပုတ်ဝတ် လုရစ် ညှဉ်းဆဲရစ် သသူကား အဝီစိအထဲ ငရဲကြီးလျှင် ကျက်စေသတည်း။ ကျောင်း၌လှူသောလယ်၊ ဥယျာဉ်၊ စပါး၊ ခွက်၊ နွား၊ ကျွန် ဤမျှ ငါလှူခသောအလုံးကို ဖျက်ဆီးထိပါးရစ် သသူကား အဝီစိအထဲ ငရဲလျှင် ကျက်စေသတည်းဟု ကျောင်းဒါယကာလင်မယား တစ်ကြိုက် ကျိန်ခတုံ၏။ ဤငါပြုသောကောင်းမှု၌ ပြည်စိုးသောအမတ်ကြီး ရာဇ သင်္ကြံ၊ သခင်စောချမ်းသာ၊ သခင်စောလှလျှင် ရေသွန်းပါသတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.