တဆယ့်နှစ်ခွေ-ချီ ရတု
by နတ်သျှင်နောင်
1278တဆယ့်နှစ်ခွေ-ချီ ရတုနတ်သျှင်နောင်

၁။ တဆယ့်နှစ်ခွေ၊ ပတ်လည်နေ၌၊ ယဉ်ထွေသီတာ၊ တောင်မျက်နှာက၊ အာကာကွန့်တက်၊ တိမ်သို့ယှက်မျှ[]၊ ကျောက်စက်ဝှန်ချာ[]၊ ဆင်ကလာ၍[]၊ လက်ယာရုံရစ်၊ နီလာမြစ်ကို၊ ရှင်ချစ်ဘုန်းဝှန့်၊ ပြုံးရိပ်ညွန့်ကြောင့်၊ စင်သန့်ချမ်းကြည်၊ ပြုံးချောင်းမည်သာ၊ မြရည်ရှက်သန်း၊ သီတာစွန်းထက်၊ တသန်းလျှံထွေ၊ တည့်မွန်းနေသို့၊ သရေဓမ္မာ၊ စကြာစိုးဆောင်၊ တည်ခဲ့ထောင်သည်။ ။ ညီနောင်စုံရှင်တော်တကား။

၂။ မဖွယ့်ချစ်နေ၊ မယ်ပပေတည်း[]၊ လျှော့ဖြေတပါး၊ သူ့ပြင်သားသို့၊ နည်းများခွဲဝက်၊ တီမှာယွက်လိမ့်[]၊ စံထက်စံမျှ၊ ညိုမွတ်လှလျှင်၊ ရှေးကသည့်နှယ်၊ တုံ့မလှယ်တည့်၊ ကြံရွယ်ရေးရာ၊ ချေတင်ပါလည်း၊ မျက်သာထွေထွေ၊ ငါမပြေက၊ အနေတကျ၊ ဆယ်ဆဆယ်ပြန်၊ ရှိလေတန်ဟု၊ ကြူးလွန်မျက်တော်၊ ထွက်ငြားသော်လည်း၊ မမြော်ကျိုးပြစ်၊ ကျွန်ုပ်ဖြစ်မူ၊ စိစစ်မတတ်၊ ကြင်လေးမြတ်သည်။ ။ သက်မှတ်ယုံထင်ပျော်တကား။

၃။ အလယ့်ရစ်ဖြေ၊ သုံးလည်ခွေ၍၊ မပြေမညံ့၊ မတံ့မဖန်[]၊ တောင်စွန်အပ၊ ငါးရာ့ငါးမြစ်၊ ညွန့်သစ်မြင်တိုင်း၊ မနှိုင်းရှည့်နိုင်၊ လွမ်းခေါင်တိုင်မျှ၊ ဆွယ်ပြိုင်မသိ၊ ကျွန်ုပ်ရှိခဲ့၊ မိုးထိရောက်ကျွန်၊ အာကာစွန်ဝယ်၊ ဆံပန်အစစ်[]၊ စုံရှင်ချစ်လျှင်၊ သူ့ပြစ်မထွေ၊ ဟုတ်တိုင်းဖြေ၍၊ တထွေယူချွတ်၊ မယ့်အမှတ်ကို၊ စက်လွှတ်ထွန်းမြူး၊ ဖြည့်ပါဦးလော၊ မထူးကြသက်၊ ဘုန်းချင်း ယှက်သည်။ ။ ဖြစ်ဆက်ဆုံကြင်တော်တကား။

တမ်းပလိတ်:Reflist
မှတ်ချက်

  • [ရ] - နတ်သျှင်နောင်ရတုပေါင်းချုပ် ရန်ကုန်၊ ဟံသာဝတီစာအုပ်တိုက်ထုတ်စာအုပ် မူတည် ရတု
  • [မ] - မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်ထုတ် စာအုပ်မူ
  This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.
  1. တိမ်ညိုရှက်မျှ [မ]
  2. အနဝတတ်အိုင်၏တောင်ဘက်တွင် နွားကတွတ်သာရှိသည်။ "ဆင်ကလာသား" ဟူသောစကားကို ဆင်ကတွတ်ပေါက်မှလာသောရေ ဟု အနက်မထင်စေဘဲ ရှမ်းပြည် ဆင်တောင်မှ စီးဆင်းလာသောရေဟု အဓိပ္ပာယ်ကောက်ယူသင့်ကြောင်း မင်းလက်ဝဲနော်ရထာလျှောက်ထုံးတွင် ဆိုခဲ့သည်။
  3. ဆင်းကာလာသား [မ]
  4. မယ့်မှာပေကား [မ]
  5. ဓမ္မာရွက်လိမ့် [ရ]
  6. မတန့်တတန် [မ]
  7. မိုးထိရောက်ကျွန်း၊ အာကာစွန်းဝယ်၊ ဆံပန်းအစစ် [ရ]