သခင်သိင်္ဃဝီရသူရဇ္ဇဗိုလ် ကျောက်စာ

သခင်သိင်္ဃဝီရသူရဇ္ဇဗိုလ်ကျောက်စာ (သက္ကရာဇ် ၅၈၅)
by သခင်သိင်္ဃဝီရသူရဇ္ဇဗိုလ်
3530သခင်သိင်္ဃဝီရသူရဇ္ဇဗိုလ်ကျောက်စာသက္ကရာဇ် ၅၈၅သခင်သိင်္ဃဝီရသူရဇ္ဇဗိုလ်

(မျက်နှာဘက်)
၁၂ ...“ဤယ်ငာလှူသော
၁၃ ကိုဝ် ဖျက်ရစ်သောသူ ဟူသောမျှကာ၊ ပုရှာအဖ္လစ်ဖ္လစ်လေမ
၁၄ ဖူစိယ်စွံတေ။ ။ အဝီစိကာအထက် အယင်ကာဩက်လျှင် န
၁၅ စ်စိယ်သတေ ဖုန်မကြီစိယ် အသက်မရှည်စိယ်သတေ။ လူထ
၁၆ က်လေ ချံသာမရစိယ်သတေ။”

[ဤငါလှူသောကို ဖျက်ရစ်သောသူ ဟူသမျှကား ဘုရား အဖြစ်ဖြစ်လည်း မဖူးစေစွံတည်း။ အဝီစိကားအထက် အယင်းကားအောက်လျှင် နစ်စေသတည်း။ ဘုန်း မကြီးစေ၊ အသက်မရှည်စေသတည်း။ လူထက်လည်း ချမ်းသာ မရစေသတည်း။]

(ကျောဘက်)
၁၊၂၊၆၅၊၁။
၈ “ဝိနေယ် ၁၁က္လျံ။ ဒီဃနိကယ် ၉ က္လျံ။ မစျိမနိကယ် ၉ က္လျံ။
၉ သင်္ယုတ္တနိကယ် ၉ က္လျံ။ အင်္ဂုတ္တရနိကာယ် ၁၀ က္လံ။ ဝိသုဒ္ဓိမ
၁၀ ဂ္ဂ် ၂ က္လျမ်။ ခုဒ္ဒနိကာယ် ၂၉ က္လျံ။ပါတ်အဌကထာ နေတ္တိ
၁၁ ပ္ပြကိုရ် ၂ က္လျံ။ မိလိန္ဒပညှာ။ ပတ်အနာဂတဝာင်။ အဌက
၁၂ ထာ အမတာဓာရာ မည္ဇုဿဋီကာ ဓူပဝာင် ဗောဓိ ဝာင်။ ပါတ်
၁၃ အဌကထာ မဟာဝာင်။ တထာကတုပ္ပတ္တိ။ ကစ္စယ်။ ညာဿ်။
၁၄ ဋီကာ မဟာထေရ်။ ဋီကာသံဗျင်။ စူဠသန္ဓိ သန္ဓိဝိသောဓနာ
၁၅ ကုဋီကာ မဟာနမက္ကာရ်။ ဇာတ်တနြည် ရက္လျံ။ အဘိဓမ္မာ ၁၅။
၁၆ က္လျံ။ ခင်ဥန်သုရ္ဇ္ဇဗိုလ်ပ္လုသော ပိဋကတ်က္လျံ အပေါင်။ ၁၁၃
၁၇ က္လျံ ဟိယ်သတေ။”

[ဝိနည်း ၁၁ ကျမ်း၊ ဒီဃနိကာယ် ၉ ကျမ်း၊ မဇ္ဈိမနိကာယ် ၉ ကျမ်း၊ သံယုတ္တနိကာယ် ၉ကျမ်း၊ အင်္ဂုတ္တရနိကာယ် ၁ဝ ကျမ်း၊ ဝိသုဒ္ဓိမဂ် ၂ ကျမ်း၊ ခုဒ္ဒ(က)နိကာယ် ၂၉ ကျမ်း ပါဠိအဋ္ဌကထာ၊ နေတ္တိပကရဏ ၂ ကျမ်း၊ မိလိန္ဒပဉှာပါဌ်၊ အနာ ဂတဝင်အဋ္ဌကထာ၊ အမတာဓာရာမဉ္ဇူသဋီကာ၊ ထူပဝင် ဗောဓိဝင် ပါဌ်အဋ္ဌကထာ၊ မဟာဝင်၊ တထာဂတုပ္ပတ္တိ၊ ကစ္စည်း ဉာသ် ဋီကာ၊ မဟာထေရ် ဋီကာသံပျင်၊ စူဠသန္ဓိ သန္ဓေဝိသောဓနာကုဋီကာ၊ မဟာနမက္ကာရ၊ ဇာတ်တနြည်[] ၇ ကျမ်း၊ အဘိဓမ္မာ ၁၅ ကျမ်း၊ ခင်အုန်သူရဗိုလ်ပြုသော ပိဋကတ်ကျမ်း အပေါင်း ၁၁၃ကျမ်း ရှိသတည်း။]

၁၊၂၊၆၅၊၂။
၁၇ “သာ သိင်္ဃဝိရ်သုဇ္ဇ?ဗိုလ်ပ္လုသော ပိဋက
၁၈ တ်ကာ၊ ဝိနယ်ပိဋကတ်၊ ပါတ်၊ အဌကထာ၊ ဋီကာ
၁၉ အပေါင် ၁၅ က္လျမ်၊ အဌကထာ၊ ဋီကာ၊ ဂြန္ဓပိုတ်၊ ဝိသုဒ္ဓိ
၂၀ မဂ္ဂ် အပေါင် ၃ က္လျမ် အဘိဓမ္မာပိဋကတ် အပေါင် ၁၅ က္လျ
၂၁ မ်။ လက္ခဏ်ကုဋီကာ ၂ က္လျမ်။ ဒီဃနိကာယ် ပါတ်အဌကထာ
၂၂ ဋီကာ ၉ က္လျမ်။ မဇ္စျိမနိကာယ် ပါတ်အဌကထာ ဋီကာ ၉ က္လျမ်။ သယုင်္တ္တနိ
၂၃ ကာယ် ပါတ်အဌကထာဋီကာ ၁၅ က္လျမ်။ အဂုင်္တ္တရနိကာယ် ပါတ်အဌကထာဋီကာ
၂၄ ၁ဝက္လျမ်။ ခုဒ္ဒကနိကာယ်။ ပါတ်။ အဌကထာ ဂြန္ဓပိုတ်အပေါင် ၂၈က္လျမ်။ ။က
၂၅ စ္စာယ်မဟာနိရုတ်။ ဋီကာမဟာထေရ်။ ဋီကာသမ္ပေင်။ သမ္ပေင် မဟာရူပသိဒ္ဓိ။
၂၆ ကာ မဟာရူပသိဒ္ဓိ။ မည္ဇူဿဋီကာဗျာချန် မဟာနိရုတ်။ ဋီကာဗျာချ
၂၇ (န်။ မဟာ)နိရုတ်။ စူဠသန္ဓိ။ သန္ဓိဝိသောဓနာ။ ကုဋီကာ။ မဟာနမဂ္ဂါရ်။ ။
၂၈ ... က္လျမ် အပေါင် ...။”

[သား သိင်္ဃဝီရသူရဇ္ဇဗိုလ်ပြုသော ပိဋကတ်ကား ဝိနည်း ပိဋကတ် ပါဌ်အဋ္ဌကထာဋီကာ အပေါင်း ၁၅ ကျမ်း၊ အဋ္ဌကထာဋီကာ ဂဏ္ဌိပုဒ် ဝိသုဒ္ဓိမဂ် အပေါင်း ၃ ကျမ်း၊ အဘိဓမ္မာပိဋကတ် အပေါင်း ၁၅ကျမ်း၊ လက်သန်းကုဋီကာ ၂ကျမ်း၊ ဒီဃနိကာယ် ပါဌ်အဋ္ဌကထာဋီကာ ၉ကျမ်း၊ မဇ္ဈိမနိကာယ် ပါဌ်အဋ္ဌကထာဋီကာ ၉ကျမ်း၊ သံယုတ္တနိကာယ် ပါဌ်အဋ္ဌကထာဋီကာ ၁၅ကျမ်း၊ အင်္ဂုတ္တရနိကာယ် ပါဌ်အဋ္ဌကထာဋီကာ ၁ဝကျမ်း၊ ခုဒ္ဒကနိကာယ် ပါဌ်အဋ္ဌကထာ ဂဏ္ဌိပုဒ် အပေါင်း ၂၈ကျမ်း၊ ကစ္စည်း မဟာနိရုတ်ဋီကာ၊ မဟာထေရ်ဋီကာသံဗျင်၊ မဟာရူပသိဒ္ဓိ(ဋီ)ကာ၊ မဟာရူပသိဒ္ဓိ၊ မဉ္ဇူသဋီကာ ဗျာချာန်၊ မဟာနိရုတ်ဋီကာဗျာချာန်၊ မဟာနိရုတ် စူဠသန္ဓိ သဒ္ဓိဝိသောဓနာကုဋီကာ၊ မဟာနမက္ကာရ... ကျမ်းအပေါင်း...။]


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။
  1. *အနက်မသိသာ။