မဟာသုတကာရီ မဃဒေဝလင်္ကာသစ်
by မာန်လည်ဆရာတော်
၁ ။ ကပ္ပကာမန္တနခဏ်း
521မဟာသုတကာရီ မဃဒေဝလင်္ကာသစ် — ၁ ။ ကပ္ပကာမန္တနခဏ်းမာန်လည်ဆရာတော်


သော စတုရာသီတိ ဝဿသဟဿာနိ ကောမာရကီဠံ, တထာ သြပရဇ္ဇံ, တထာ မဟာရဇ္ဇံ ကတွာ ဒီဃမဒ္ဓါနံ ခေပေတွာ ဧကဒိဝသံ ကပ္ပကံ အာမန္တေသိ --- ယဒါ မေ သမ္မ ကပ္ပက သိရသ္မိံ ပလိတာ ပေဿယျာသိ။ အထ မေ အာရောစေယျာသီတိ။

(၈၂) ဇာတိ ပုည၊ ဂုဏ မဟတ်၊ သုံးပါးမြတ်သည့်၊ သမတ်မဟာ၊ နတ်ကမ္ဘာမှ၊ စဉ်သာ နွယ်ရိုး၊ မိုးနှယ် မိုးလျက်၊ တန်းခိုး ဘုန်းဟုန်၊ နေအရုဏ်သို့၊ မ*သုန်မဖျင်း၊ ပေးစွန့်ခြင်းနှင့်၊ မကင်း*ကုံင၊ စွယ်စုံလှသား၊ နိစ္စဒိဝသ၊ နိယမဟု၊ ပ ဉ္စ အဋ္ဌ၊ ဒသ သုံးမျိုး၊ မင်းကျင့်ရိုးဖြင့်၊ တခြိုး*တခြံ၊ ကျင့်*မြဲးမြံ၍့၊ ဂုဏ်လျှံပပ၊ ဓမ္မိကနှင့်၊ ဓမ္မရာဇာ၊ မည်ထိုက်စွာသည်၊ မဟာမဃ၊ ဒေဝ*သနင်း၊ မြတ်လောင်းမင်းကား၊ ဘုန်းရင်းသမ္ဘာ၊ ကြီးမြတ်စွာကြောင့်၊ အခါ သမ္ပတ်၊ ပြည့်ညီလတ်၍့၊ မိနတ် တောင်ညာ၊ ဒေဝီချာ၏့၊ ရတနာ*ကြငှန်း၊ ကြာတိုက်ခန်းမှ၊ လန်းလန်း ကြည်လင်၊ ဘွားသန့်စင်သော်၊ ရွှေပင်*တမျှ၊ မညှိုး†ရအောင်၊ ထိန်း†ယ ကြီး-ငယ်၊ ထိပ်ဝယ် တင်ရှောင်း၊ ညွတ်ခ*ညောင်း၍့၊ ရွေပေါင်း ဖြေဖျော်၊ ခမည်းတော်နှင့်၊ မယ်တော် နှစ်ပါး၊ ရွှေရင်ကြားနှိုက်၊ ငယ်သား ငယ်သွေး၊ နတ်သလေးသို့၊ ပိုက်ထွေး*ယု†ယ၊ ချစ်မဝဘဲး၊ ကုမာ†ရရွယ်၊ မင်းသားငယ်ဟု၊ နန်းလယ်ဗွေခွင်၊ ရွှေဘုံပြင်ထက်၊ ရွှေဆင် ရွှေမြင်း၊ ကစား†ခြင်းနှင့်၊ ဂုံ†ချင်းမူ*ရည်း၊ လိုအားသည်း၍့၊ *ကြည်းကြည်း ရွှင်မြူး၊ အထူးထူးဖြင့်၊ ရှည်ကျူး ကြာ*ညောင်း၊ ပျော်*နှစ်ထောင်းသည်။။ နှစ်ပေါင်း ရှစ်သောင့်းလေးထောင်တည်း။ (၁)

(၈၃) ရွယ်ကုမာ †ရ၊ ငယ်နာမနှင့်၊ ထိန်း†ယ လက်ပေါ်၊ ရှစ်သောင်းကျော်အောင်၊ စံပျော် အထူး၊ နှစ်လွန်ကျူး၍့၊ *ရွယ်လူး ရွှေကိုယ်၊ *ဖွံ့ဖွံ့ပျိုသား၊ *တန်စို*ပတ်လျ၊ *လုလင်လှဖြင့်၊ ဒေဝပုတ္တာ၊ နတ် ဤသာသို့၊ ဆင်းဝါ ရုပ်ရောင်၊ တက်ထွန်းပြောင်သော်၊ ဘုန်းခေါင် ဘုန်းထွတ်၊ ခမည်းနတ်လျှင်၊ ထွားမွတ်ရတနာ၊ သားသည်းချာအား၊ မြို့ရွာ ဆင်-မြင်း၊ သင်းပင်း ကျေးကျွန်၊ အိမ်ရှေ့ဝန်နှင့်၊ တွင်းဝန် ပြင်ဝန်၊ နောက်ဝန် ဝင်းမှူး၊ ရာထူး လိုက်ဘက်၊ ပြည်ကို ဝက်၍့၊ လက်နက် ကံကျွေး၊ စုရေးငန်းစုံ၊ *ကုံလုံ*စေ့မြေ့၊ ဘုန်းရှိန်*ကြွေ့အောင်၊ အိမ်ရှေ့နှင်းတမ်း၊ နန်းစဉ်ငြမ်းတိုင်း၊ မင်းခမ်း ကြီး-ငယ်၊ သွယ်သွယ်ရပ်†ရပ်၊ စုပုံ အပ်လျက်၊ ရွှေ†ယပ် ရွှေဓား၊ ပတ္တမြား ခွေးမ၊ တောက်ပ ယိုစီး၊ နေရောင်ဆီးသား၊ ရွှေထီး ရှစ်လက်၊ ကျိုင်း ခြောက်ချက်နှင့်၊ ဝင်-ထွက် စဉ်စီ၊ စည်နီ ကိုးလုံး၊ ရှေးထုံးမယုတ်၊ စည်ပုတ် ပုံသာ၊ ခရာ လင်းကွင်း၊ တစ်စီသွင်းလျက်၊ သံညင်း ပြိုင်တွဲး၊ ငွေနှဲ နှစ်သွယ်၊ ကြီး-ငယ် နှစ်-သုံး၊ နာမဆုံးတည့်၊ ရွှေကုံး စိန်ပွင့်၊ ဆဲ့ရှစ်ဆင့်လည်း၊ လွန်တင့် ရှု†ဘွယ်၊ နတ်သ†ဖွယ်သို့၊ စလွယ် ရွှေစစ်၊ နှစ်ဆဲ့တစ်နှင့်၊ သင်္ကျစ် ရွှေဗောင်း၊ *ထမာဆောင်း၍့၊ မင်းလောင်းမင်း*လျာ၊ အိမ်ရှေ့ရာဖြင့်၊ မင်္ဂလာရိပ်ငြိမ်၊ မြောက်ဝင်းအိမ်နှိုက်၊ စည်းစိမ်*၄င်း၊ စံတုံရှောင်းသည်။။ နှစ်ပေါင်း ရှစ်သောင့်းလေးထောင်တည်း။ (၂)

(၈၄) ရှစ်သောင့်းလေးထောင်၊ မြာ့းမြောင် ကြာ *ညောင်း၊ နှစ်အပေါင်းဖြင့်၊ မင်းလောင်း *မင်းလျာ၊ စံပြီးခါသော်၊ မိထိလာရွှေပြည်၊ ရွှေနန်း တည်၍့၊ ရွှေစည် ဆော်†တီး၊ ရှစ်ဆူ†ထီးနှင့်၊ စော†ဓီး ဓမ္မရာဇ်၊ လူ့သင်္ကျစ်ဟု၊ ဘုန်းသစ် ဘွင့်နှိုး၊ နှံ့ကျော်ဟိုးအောင်၊ ထက်မိုးဗြဟ္မာ၊ သွန်းမုဒ္ဓါဖြင့်၊ ဇေယျာသဘင်၊ မင်းပွဲး*ရင်၍့၊ မင်္ဂလာအောင်ဟိတ်၊ အောင်နိမိတ်နှင့်၊ ဘိသိက် အောင်ပန်း၊ ပျဉ်သဖန်းထက်၊ ရွှင်လန်း ပန်ယူ၊ ဆင်တော်မူလျက်၊ လေးဆူ မျိုးပြား၊ ရွှေပြည်သားက၊ တိုင်းကား စိုးကာ၊ မင်း တရာကို၊ အာဏာ ဓမ္မ၊ ဘုန်းပိုင်သ၍့၊ အတ္တ ပရ၊ ကျိုးဟိတဖြင့်၊ ဓမ္မစရိယာ၊ ကျင့် မကွာတည့်၊ မဟာဗြဟ္မိန်၊ လောကိန္ဒြ၊ ကမ္ဘာ့ဘုရား၊ လေးပါး မျက်နှာ၊ စတုရာမုခ၊ လောကေသသို့၊ နေ့-ည မငြို၊ *ဥဒါဟိုဖြင့်၊ ဗြဟ္မစိုရ် ရွှေမိုး၊ ရွာကြိုး စီး†ဖြန်း၊ စွေထွတ်†ဖျန်း၍့၊ မစွန်း မျက်မာန်၊ မထန် ဒေါသ၊ ဓမ္မိကနှင့်၊ ဓမ္မရာဇာ၊ မည်သာ ခံထိုက်၊ မြတ်စရိုက်ကြောင့်၊ သောင်းတိုက် လက်ျာ၊ ဇမ္ဗူညာဝယ်၊ တေဇာ ရွှေဘုန်း၊ မိုဃ့်းနှယ်ချုန်းလျက်၊ တု*နှုန်း ဘက်ကွာ၊ နန်းသိင်္ဂိါထက်၊ ရတနာ နဝရတ်၊ မျက်မြတ် ရောင်ကိုး၊ စီမြွာပြိုးသား၊ ရွှေရိုး ထိန်ညီး၊ တောက်သည့်မီးသို့၊ မင်းထီး ငါးဆူ၊ ငွေရွက်ဖြူနှင့်၊ နတ်တူ တင့်တယ်၊ ဆောင်းစမ္ပယ်၍့၊ ကြီးကျယ် သိရီ့၊ ဓိပတိဖြင့်၊ မင်းကြီ့းအဖြစ်၊ ဧကရာဇ်ဟု၊ စင်စစ်*၄င်း၊ မြင့်ကြာ*ညောင်းသည်။။ နှစ်ပေါင်း ရှစ်သောင့်းလေးထောင်တည်း။ (၃)

(ဤသုံးပိုဒ်အချကား အလုံးစုံ သတ်တူ, သံတူ, ကာရန်တူချရကား သော်တာရောင်ချမျိုးတည်း။ နောက်ဆုံး တတီယပိုဒ်ကား အချီကိုပင် ချသောကြောင့်လည်း စမ္ပယ်ရှေ့ချီနောက်ချတည်း။ ပဒါဝုတ္တိဝင်္ကအလင်္ကာမျိုးလည်း ဖြစ်၏၊)

(၈၅) မဟာဒီပေ၊ လေးကျွန်းမြေတွင်၊ ကုဋေ ကိုးသန့်း၊ ခြောက်သိန်းခန့်ဖြင့်၊ စည်ပြန့် ကျယ်*ပြော၊ လွန်သာမောသား၊ သင်္ဘောဆိုက်ရာ၊ ဆိပ်ကြီးစွာနှင့်၊ ရတနာ ဆယ်ပါး၊ ဖြစ်ရာအားလည်း၊ ငါးဆဲ့ခြောက်ခန်း၊ ကိုးသန်း အကိန်း၊ ကိုးသိန်း ကျေးလက်၊ တုတ်ခွန် ဆက်၍့၊ သိပ်နက် အိမ်ခြေ၊ နန်း*ရဝေနှင့်၊ မင်းနေ မြို့ပေါင်း၊ သိန့်းရှစ်သောင်းထက်၊ ကျော်ဆောင်း ကိုးထောင်၊ ပြည့်ဖြိုးဆောင်သည့်၊ တောင်ဇမ္ဗူမြေ၊ ညာကျွန်းဗွေထက်၊ ဝိဒေဟရာဇ်၊ အလှစ် သုံးရာ၊ ယူဇနာတိ၊ ကျယ်စွာ ခွန်ဆက်၊ တိုင်းအချက်ဝယ်၊ နှိုင်းဘက်*မဲ့နိုး၊ ကျော်ဟိုးဟိုးဖြင့်၊ လူမျိုးချမ်းသာ၊ စီးပွားရှာ၍့၊ သမ္မာအတ္တ၊ ဒိဋ္ဌ တမလွန်၊ ကျိုး နှစ်တန်ကို၊ မကျန် ပြီးအောင်၊ ပြည်ကြီးထောင်မှ၊ လူ့ဘောင်ထင်စွာ၊ မိထိလာဟု၊ အောင်ချာ နဂ†ရ၊ နတ်ပြည်ကျသို့၊ တတီ†ယဝေယန်၊ ဗိမာန် ရွှေနန်း၊ ကနက် ဝန်းလျက်၊ တက်ထွန်း နေ့သွင်၊ ရာ ဘုရင်တို့၊ ဦးတင် ရွှေစက်၊ ရှိပန် ဆက်၍့၊ ထိပ်ထက် ထားဆောင်၊ ပြည် ကုန်အောင်ကို၊ ဘုန်းရောင် မိုးအုပ်၊ စိုးချုပ် စံပြု၊ *ဗိုလ်*အထုအား၊ သတ္တုပကာ၊ သမ္ပဒါနှင့်၊ သင်္ချာ နှစ်ပေါင်း၊ လေးထောင်ဆောင်းလျက်၊ ရှစ်သောင်း ပြည့်လု၊ အာယုခန္ဓာ၊ ရှည်မြင့်ကြာအောင်၊ မဟာဗောဓိ၊ ဇာတိ ရင့်သန်၊ ရွှေဉာဏ် ပင်ထွက်၊ အမြင်နက်သား၊ ဘုန်းစက် ကြီးလှ၊ မဃဒေဝေါ်၊ ထိုမင်းကျော်ကား။။ နန်းပေါ် စံမွေ့ ငြိမ့်လေးတည်း။ (၄)

(၈၆) ငြိမ့်လေး မွေ့လျော်၊ ထိုခါရော်တိ၊ နန်းပေါ် စံ *ညောင်း၊ နှစ်အပေါင်းဖြင့်၊ ရှစ်သောင်း လွန်ဆောင်၊ လေးထောင် သုံးစု၊ ပြည့်လု ကြာ*ဓွန့်၊ ကာလ*ကွန့်သော်၊ နွယ်ညွန့်မဟာ၊ ဗောဓိ*လျာတို့၊ ဓမ္မတာ လမ်းရိုး၊ ရွှေဉာဏ်မျိုးဖြင့်၊ ထိုးထိုးထွင်းထွင်း၊ ရှုမျှော်လျှင်း၏၊ “မင်းတို့ဟူသည်၊ နတ်တမည်တိ၊ *ပြောစည် သုခ၊ သောမနနှင့်၊ ကာမစည်းစိမ်၊ ရိပ်ငြိမ် ကြီးမား၊ လွန်သော့အားဖြင့်၊ ရွှင်စား မြူစား၊ ခြွေရံများနှင့်၊ ပျော်ပါး ယစ်ရူး၊ မိန်းမူး မပြတ်၊ မေ့ကျန်တတ်၏၊” “အမြတ်ကုသိုလ်၊ မှုထိုထိုနှိုက်၊ ယိုယိုယွင်းယွင်း၊ လက်စကြွင်းနှင့်၊ လစ်ဟင်း ကိုယ်†ကျိုး၊ အားမ†ကြိုးဘူး၊ တန်းခိုး တိမ်မြုပ်၊ လနှယ် ပုပ်လျက်၊ ဤပစ္စုပ္ပန်၊ ဘုန်း မသန်ဘဲး၊ နောင်ဘန်ကာလ၊ ပရံပရလည်း၊ ဘဝ မမြတ်၊ ယုတ်မာတတ်ခဲ့၊” “စက္ကဝတ်မင်းကြီး၊ ဖြစ်ထပြီးလျက်၊ အမြီး လျောင်းလျောင်း၊ မွေးဆောင်းဆောင်းနှင့်၊ ဥဒေါင်း တိရစ္ဆာန်၊ အဟိတ်တန်လျှင်၊ ဖြစ်ဟန် ကြောင်းလျား၊ ကျမ်းလာ ကြား၏့၊ ထက်ဖျားကာမ၊ ဘုံ ဝသက၊ ဒေဝဣဒ္ဓိပါဒ်၊ တန်းခိုးမြတ်သည်၊ နတ်မနော်ဘူ၊ မာရ်မင်းမူလည်း၊ လောင်ပူ ထန်ပြင်း၊ မြေတွင်း ဝင်လျှိုး၊ ဝီစိအိုးနှိုက်၊ စောက်ထိုးတချက်၊ ရပ်လျက် တဘန်၊ မှောက်-လှန် လဲးလှယ်၊ ညာ-ဘယ် နံတောင်း၊ နှစ် တသောင်းစီ၊ ဥက္ခောင်း မပြူ၊ ခံရဟူ၏၊” “ဤလူတို့မှာ၊ ဘယ်ဆိုရာလိမ့်၊ အပ္ပမာဒ၊ ကုသလနှိုက်၊ စိတ်က မြဲးကြပ်၊ မမေ့အပ်ဘူး၊ စွန်းတပ် လောဘ၊ မိုက်မောဟနှင့်၊ ကိစ္စ*ပြောသူ၊ လူတို့အလျောက်၊ စိတ်သာရောက်လည်း၊ ကိုယ်နောက် မပါ၊ ဖြတ်တတ်စွာ၏၊” “ကိလေသာကိစ္စ၊ ပမာဒဖြင့်၊ ကာမရိပ်ငြိမ်၊ မေ့ကျန် တိမ်၍့၊ စည်းစိမ် ယစ်မူး၊ မွေ့လျော် ကြူးက၊ အထူးမယွင်း၊ ငါတို့မင်းကား။။ စင်းစင်း ပါယ်ခွင် ရောက်ဆေးတည်း။ (၅)

(၈၇) “ကိုယ်ဟု ပညပ်၊ ဘုတ် လေးရပ်တို့၊ ပေါင်းစပ် ဖြစ်ဟန်၊ လူ့သဏ္ဌာန်နှိုက်၊ ဘောက်ပြန် မ*စဲး၊ တည်ရှိဘဲးတည့်၊ မမြဲး သစ္စာ၊ ကျင့်လေ့လာခဲ့၊” “ဤတဏှာဟူ၊ မိုက်မည်း ထူလည်း၊ တပ်သူ တွေ့ခါ၊ လွှတ်မခွါဘူး၊ ကိလေသာဟုန်၊ ကျဆင်မုန်သို့၊ ကာမဂုဏ်အား၊ ကြိုက်သူဖျားက၊ သားကိုသော်တိ၊ အမိဖြစ်လျက်၊ ငဲ့ကွက် မညှာ၊ စွန့်ပစ်စွာ၏၊” “မိစ္ဆာ လိုကြူး၊ မိုက် ညစ်ညူးသည့်၊ ယစ်မူး *ရမ္မက်၊ မိန်းမပျက်အား၊ အသက်*တမျှ၊ ချစ်မဝဘဲး၊ *ယုယ လုပ်ကျွေး၊ လွန်မြတ်လေးလျက်၊ ကိုယ်သွေး ဘောက်ကာ၊ သောက်စေပါလည်း၊ မေတ္တာတုံ့ပယ်၊ ချစ်မလှယ်ဘူး၊ သူ့ဝယ်အထူး၊ အာရုံကူး၍့၊ ကျေးဇူး ချေဖျောက်၊ တယောက်ယောက်နှင့်၊ နောက်နောက် တွေ့ရာ၊ ကြိုက်တတ်စွာ၏၊” “ပမာမလွဲး၊ အမြဲး နှစ်လို၊ ဤကိုယ်ကိုလည်း၊ ထိုထို ဝတ်စား၊ ဟာရများနှင့်၊ မခြား နေ့-ည၊ လုံ့လကြီးစွာ၊ လုပ်ကျွေးပါလျက်၊ အို-နာ-သေခြင်း၊ သူ့ဘက်တွင်းသို့၊ အတင်းပင်သာ၊ လိုက်တတ်စွာ၏၊” “မဟာဘုတ်မျိုး၊ မယားဆိုးသို့၊ လို စိုးမ†ရ၊ ဘောက်ပြန်စွတည့်၊” “ကာ†ယ ယုတ်မာ၊ ဤခန္ဓာကား၊ ကိလေသာမြူ၊ တဏှာဟူသည်၊ ပင့်ကူ ထွေးရစ်၊ ချုံစေး†ပျစ်သို့၊ အ†ပြစ်လက္ခဏာ၊ ထူထပ်စွာခဲ့၊ ချမ်းသာ မမြတ်၊ လွန် ညစ်ပတ်၏၊” “လူနတ်ဟူငြား၊ ကာမသားတို့၊ ပျော်ပါးလေ့လာ၊ လွန် ယုတ်မာခဲ့၊ ဟီနာစာရ၊ မေထုနဖြင့်၊ ကာမအရာ၊ ဟူသည်†မှာလည်း၊ ယာ†မာ လည်ဘက်၊ နွဲရှက်ကြကာ၊ တုသိတာမူ၊ ဟတ္ထာမသန၊ လက်မျှ သုံးသပ်၊ နိမ္မာရပ်ကား၊ စွန်းတပ် စိတ်က၊ ပြုံးကြရုံတိ၊ ထက်နိမ္မိနှိုက်၊ မျက်စိ ယှဉ်းမှီး၊ ကြည့်ကာ ပြီးဟု၊ ယူသီးအလို၊ ကေစိဆိုလည်း၊ ထိုထိုများစွာ၊ ကျမ်းဆရာတို့၊ ပယ်ကာစွန့်ကြ၊” “ဆကာမနှိုက်၊ ဒေဝ ဒေဝီ၊ အစုံစီသာ၊ အညီတကွ၊ မနုဿသို့၊ ဒွယ ဒွယံ၊ အာရုံခံဟု၊ တသံတည်းပြ၊ မိန့်ကုန်ကြတိုင်း၊” “ကာမတဏှာ၊ ရုန့်ရင်းစွာလျှင်၊ ကိလေသာအမိုက်၊ နွားနှယ် လိုက်၏၊ စရိုက် ကျင့်တန်၊ တိရစ္ဆာန်နှင့်၊ သဏ္ဌာန်သာ ပြား၊ ကျင့် မခြားဘူး၊ ဆိုးဝါး ယုတ်မာ၊ ကာမရွာသည်။။ ချမ်းသာ ညစ်ကျိ ညစ်ကြေးတည်း။”(၆)

(၈၈) “မဆွရှေးခါ၊ လူတို့မှာတိ၊ ကမ္ဘာဦးက၊ ဗြဟ္မာ ကျ၍့၊ ဗြဟ္မာ့ပမာ၊ ကိုယ်ရောင်ဝါနှင့်၊ အစာ မစား၊ ပီတိအားဖြင့်၊ တည်ငြား ကြည်နူး၊ ပျံမြူးလေ့လာ၊ ကာလ ကြာသော်၊ ရသာမေဒနီ၊ မြေဆီ တပ်လျက်၊ ရာဂ သက်၍့၊ မက်မက်မောမော၊ လောဘဇောဖြင့်၊ လျက်သောခါက၊ စ၍့ ကိုယ်ဝယ်၊ အရောင်ကွယ်ရှင့်၊ ညဉ့်နှယ် မှောင်†ကျ၊ ကြောက်လန့်†ကြကြောင့်၊ ထိုမှ ဤမှ၊ အလင်း တ,သော်၊ နေ-လ ပေါ်မြောက်၊ မြေဆီ ပျောက်၍့၊ ထို့နောက် တခါ၊ မြေသင်းလွှာနှင့်၊ ပဒါနွယ်ချို၊ နှစ်ပါးကိုလျှင်၊ စားမျို စဉ်ကာ၊ ကြာကြာသမျှ၊ တစစတိ၊ လောဘ ထပ်တိုး၊ လွှမ်းမိုး ပွားလာ၊ ထိုတဏှာကြောင့်၊ ထိုပဒါနွယ်၊ ကွယ်ခဲ့ ပျောက်ပြန်၊ အဆန်ချည်းသီး၊ မီးနှိုက် မချက်၊ လိုလို ကျက်၍့၊ နံ့သက် ကြိုင်မွှေး၊ သလေး ဖြူဝင်း၊ ဆန်ထမင်းကို၊ စားလျှင်းကုန်ကြ၊ ပွားရာဂနှင့်၊ ဟာရ မကျေ၊ စာ-ရေ ရုန့်ရင်း၊ ကိုယ် တောင့်တင်းလျက်၊ ဝမ်းတွင်းနှိုက်ဝယ်၊ ကျင်ကြီး-ငယ်တို့၊ အကယ်တည်၍့၊ တိုးဝှေ့ ထိုးကျင့်၊ ဖြစ်သဖြင့်လျှင်၊ ထိုနှင့် လျော်စွာ၊ ထွက်ကြရာသား၊ ဓမ္မတာဟူဘိ၊ ရှေးဇာတိတိုင်း၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝတို့၊ ပေါ်ကြတုံငြား၊ ယောက်ျား မိန်းမ၊ ဖြစ်ထ ထိုအခါ၊ တပ်မက်စွာလျှင်၊ ယှဉ်ကာ မောင်နှံ၊ ဒွယံ ဒွယ၊ မေထုနဖြင့်၊ ရာဂတရား၊ ဆင့်ဆင့်ပွား၍့၊ အများသူတော်၊ မြင် မလျော်ဟု၊ ဟစ်အော် သုန့်သုန့်၊ မြေမှုန့် ပြာစု၊ လွှင့်ပြု ပစ်ကာ၊ ဝေးရာ *ရုတ်†ရုတ်၊ မောင်းနှင်ထုတ်၏၊ အ†ယုတ်တရား၊ ပွားသာပွားခဲ့၊ နည်းပါး လျော့ယုတ်၊ သူ မဆုတ်ဘူး၊” “အဟုတ်မှန်စွာ၊ ဤခုခါကား၊ ကိလေသာ ညစ်ကျု၊ တဏှာမှုကို၊ ပြုပြုပြင်ပြင်၊ တန်းဆာဆင်မှ၊ တမင်္ဂလာ၊ ဆောင်၍့သာလျှင်၊ အိမ်ရာ တိုင်းပြည်၊ ထောင်ကြ တည်ပြီး၊ စည်စည်ကားကား၊ သား-မြေး ပွားအောင်၊ ကြိုးစား အားယူ၊ အလေ့မူ၏၊” “*ပြောထူ ရာဂ၊ ရံ ကာလနှိုက်၊ ဒုဗ္ဘိက္ခကပ်၊ နှိပ်စက်အပ်လျက်၊ *ဖြီးထပ် ဒေါသ၊ သတ္ထန္တရနှင့်၊ မောဟ*ပြောခါ၊ ရောဂါ ကပ်ဆိုး၊ ဘိလွှမ်းမိုး၏၊” “တိုးကြး တိုး†ကြ၊ အဆုံး†ကျက၊ ရာဂ မီးဟူ၊ ဒေါသမူ ရေ၊ တွေဝေ မောဟ၊ *ပြောထတုံလတ်၊ လေ သံဝဋ်ဟု၊ မချွတ်ကမ္ဘာ၊ ပျက်*ပြုန်းခါခဲ့၊ ကိလေသာမျိုး၊ တရားဆိုးကား၊ ကောင်းကျိုးမထင်၊ ပြစ်-ကျိုး*ဖြင်သည်။။ သို့စင် ကြီးလှ ဝဋ်ဘေးတည်း။”(၇)

(၈၉) “အသက် ခန္ဓာ၊ ဟူသည်မှာလည်း၊ ခြင်းရာသဘော၊ ကြောက်ဘွယ်မော၏၊ ကာလော ဃသတိ၊ အစယှိသား၊ ပါဠိဂါထာ၊ ဒေသနာမိန့်ချက်၊ ကျမ်းလာ မြွက်တိုင်း၊ နံနက် မွန်းတည့်၊ နေလှည့် *ဆည်းဆာ၊ နေ့ခါ ညဉ့်ရောက်၊ တမိုးသောက်နှင့်၊ တခေါက်ပြန်ပြန်၊ တဘန်ဘန်လျှင်၊ နက်ဖြန် သဘက်၊ အဆက်ဆက်ဖြင့်၊ နေ့-ရက် မျိုဝါး၊ ကာလ စားသား၊ အများ သူ-ငါ၊ သတ္တဝါတည့်၊” “လူ့ရွာ ဌာနီ၊ တနာရီဝယ်၊ အလီ ငါးသောင်း၊ အပေါင်း သင်္ချာ၊ ယူဇနာဖြင့်၊ လိတ္တာ ခြောက်ဆယ်၊ နေ့-ညဉ့်ဝယ်သော်၊ ဝန်းကျယ် ထုတ်ခြောက်၊ သုံးသန်းပေါက်လျက်၊ တောင်-မြောက်ခရီး ရွှေလှည်းဘီးသို့၊ ညီးညီး ဝင်းပ၊ အလင်းပြ၍့၊ ကမ္ဘာ့မျက်ရှု၊ ဥတုသမုဋ္ဌာန်၊ မြာ့းထက် လွန်အောင်၊ ပျံ*ကွန် မနား၊ မြန်လျင်လျားသည့်၊ နှစ်ပါးတကွ၊ နေနှင့်လ၏၊ ရှေ့မှ သန်းကာ၊ မြူးနိုင်စွာသား၊ ချာချာ လှည့်တတ်၊ ဟင်္သာနတ်ထက်၊ ဥပါဒ်-ဌီ-ဘင်၊ ချုပ်ပျက် †လျင်သည့်၊ ဤ†လျှင် အနိစ္စ၊ သင်္ခါရတည့်၊ ခဏ ခဏ၊ ဖျက်ဖျက်ကြရှင့်၊ ကာလ မကြာ၊ လွန်နည်းစွာခဲ့၊ ဓမ္မတာစက်၊ ထိုဖြစ်ပျက်ကို၊ စစ်မက်ဆိုင်ကာ၊ မပြိုင်သာဘူး၊” “ရာဇာဟူလစ်၊ မင့်းအ†ဖြစ်လည်း၊ လက်†ဖျစ်တတွက်၊ လျှပ် တ+ပြက်မျှ၊ ကုန်+ပျက်လွယ်စွာ၊ မခိုင်မာဘူး၊ အကာ စင်စစ်၊ အနှစ်*မဲ့မျိုး၊ စည်းစိမ်ဆိုးတည့်၊ အကျိုး မမြဲး၊ တဖွဲးဖွဲးဖြင့်၊ ပြိုကွဲး လွင့်*သုန်၊ လေ့အဟုန်ကြောင့်၊ မြူမှုန်*တနှုန်း၊ မြေမုန့်*တန္တု၊ ပြာစု တူမှီး၊ သဲးပုံကြီးသို့၊ ပျက်စီး မပြတ်၊ ကုန်ပျောက်တတ်၏၊” “အမြတ် ထင်ရှား၊ လူသုံးပါးတွင်၊ ဘုရား ရဟန္တာ၊ ကိုယ်ခန္ဓာလည်း၊ အဗျာကတ၊ သက္ကာယ၏့၊ သဘာဝလေ့၊ ပြကတေ့တိုင်း၊ ရွေ့ရွေ့ဖျက်ဖျက်၊ မွေ့မွေ့ညက်လျှင်၊ ကြေပျက်ကုန်ကြ၊ ကေဝလဖြင့်၊ ဒုက္ခအတိ၊ ရဲးရဲးညိ၏၊ လောကီ့ဓမ္မတာ၊ ဝဋ်မီးစာသည်။။ ဇရာ နေ့-ည လောင်ဆွေးတည်း။”(၈)

(၉၀) “နေ့-ည ညီးညီး၊ ဇရာမီးတို့၊ ဖျက်ဆီး ပြောင်ရဲး၊ တောက်လောင် စွဲး၍့၊ ပျက်မြဲး ဓမ္မတာ၊ မလွဲးသာတည့်၊ သတ္တဝါထိုထို၊ သက်ရှိကိုယ်ကား၊ မဆို*စမာ၊ သက်*မဲ့စွာလျက်၊ စကြဝဠာလောက၊ သြကာသလည်း၊ ကမ္ဘာ့အလေ့၊ ပျက်ချိန် စေ့က၊ ညဉ့်-နေ့ ဝင်းဝင်း၊ နေ နှစ်စင်းတို့၊ တစင်း ဝင်လျက်၊ တစင်း ထွက်ဖြင့်၊ ဆက်ဆက်အညီ၊ ထွန်းပေါ်ချီ၍့၊ ကုန္နဒီပေါင်း၊ မြစ်*လောင်း အိုင်ထုံး၊ အားလုံး ရေခြောက်၊ သုံးစင်းမြောက်တွင်၊ ကုန်ပျောက် မြစ်ကြီး၊ လေးစင်းညီးမူ၊ သီးသီးမကြွင်း၊ အိုင်မင်း ခုနစ်သွယ်၊ ငါးစင်းဝယ်ကား၊ ပင်လယ် လေးဖြာ၊ မဟာသမုဒ်၊ ရေ*အစုတ်တို့၊ *ခြုတ်ခြုတ်ခန်း†ကြ၊ ခြောက်စင်းပသော်၊ စ†ကြာဝဠာတွက်ရေ၊ ကုဋေ သိန်းလုံး၊ ခိုးဝေ ဖုံးလျက်၊ နောက်ဆုံး နေစက်၊ ခုနစ်ထွက်က၊ တပြိုင်နက် တောက်၊ မီးလျှံ ရောက်၍့၊ ထက်-အောက် ဟုန်းဟုန်း၊ တအုန်းအုန်းဖြင့်၊ ကြည်း-ကုန်း-သမုဒြာ၊ ဟေမဝါက၊ သေလာပံသု၊ ကျောက်-မြေစုနှင့်၊ နေရု-မေရု၊ သုမေရုဟု၊ ကြီးထု *ဗဟို၊ မြင်းမိုရ် ယုဂန်၊ သတ္တဗ္ဘဏ်ပါ၊ မကျန် လောင်ညီး၊ ကျွမ်းပြီး ကုန်စင်၊ မထင် မြူလောက်၊ ကြေပျောက် မချွတ်၊ ပျက်သတတ်ရှင့်၊”ဘုံထွတ် နန်းမြင့်၊၊၊၊၊ ခုနစ်ဆင့်နှိုက်၊ စံလင့်*တပဲး၊ ငါ မင်းရဲးလည်း၊ မလွဲးနိုင်စွာ၊ ဓမ္မတာဖြင့်၊ ဇရာမီးလျှင်၊ ဖျက်ဆီး ပြောင်ပြောင်၊ အမြဲးလောင်၏၊ သားချောင် သွေးခန်း၊ ရွေ့ရွေ့မြန်း၍့၊ မလန်းမလူ၊ “ဇရာဟူသည်၊ ဆံဖြူ သွားကျွတ်၊ တွတွရွတ်လျက်၊ ယွင်းချွတ် ပျက်ပြို၊ နေ့တိုင်း အိုသည်။။ ဤကိုယ် ပျောက်လိမ့် မ†နှေးတည်း။”(၉)

(၉၁) “လေးကျွန်းမြေပြင်၊ ယာဉ် စက်ရှင်ဖြင့်၊ အောင်မြင်တုံလျှင်း၊ ဆင်ပျံမင်းနှင့်၊ နတ်မြင်းရတနာ၊ ချမ်းမြေ့စွာလျှင်၊ လိုရာ လှည့်ပတ်၊ သားကြီးမြတ်ဖြင့်၊ လောကဓာတ်နယ်၊ ဝန်းကျယ် ပတ်ရံ၊ တိုက်နိုင်ငံကို၊ စီမံ မနှောင့်၊ အုပ်ထိန်း စောင့်လျက်၊ ရှစ်မြှောင့်စားစား၊ ပတ္တမြားနှင့်၊ မိဖုရားထွတ်၊ စံလွှတ် တဆူ၊ မြောက်ကျွန်းသူက၊ နတ်တူ မျက်စိ၊ မြင်သိနိုင်တတ်၊ သူဌေးမြတ်ဖြင့်၊ မပြတ် အစဉ်၊ ခံစား ယှဉ်၏၊” “နတ်ယာဉ်စကြာ၊ ရတနာကား၊ ဥဿာဟသတ္တိ၊ ဘုန်းယှိ ထင်ရှား၊ သားကြီး ပရိဏာယက၊ အိမ်ရှေ့ရကား၊ မန္တသတ္တိ၊ ဟတ္ထိ အဿ၊ မြူးကြွ မိုးယံ၊ ဆင်-မြင်းပျံနှင့်၊ သုံးခံ နတ်တူ၊ သူဌေးဟူသည်၊ ပဘူသတ္တိ၊ ပြည့်စုံဘိလျက်၊ မဏိ ပတ္တမြား၊ မိဖုရားနှင့်၊ နှစ်ပါးတို့မှာ၊ ခံစားရာသား၊ မဟာဝိသိဌ်၊ ပုညဇိဒ်မျိုး၊ တု*မဲ့စိုးအောင်၊ အကျိုး ဖလ၊ မြတ်ဘောဂရှင့်၊ ကြွင်းထ ငါးဖြာ၊ ရတနာမူ၊ နှိုင်းရာ မရှိ၊ ဣဿရိတည့်၊ လောကီ့*တမွတ်၊ အတု လွတ်အောင်၊ စက္ကဝတ်မင်းကြီး၊ ဖြစ်တပြီးလည်း၊ ခရီးမရောက်၊ ထင်ကာ ပျောက်တည့်၊ မိုးအောက်တခွင်၊ မြေအပြင်နှင့်၊ ရေပြင်ပတ်ကုံး၊ မြေဆုံး ရေဆုံး၊ တိုက်လုံး စက္ကဝါ၊ လက်တော်ပါလျက်၊ ဤသင်္ခါရ၊ ကိုယ်က စ၍့၊ ဝဋ္ဋ နိဿီ၊ လောကီကျိုးစက်၊ ဘိုး မနက်ဘူး၊ အိပ်မက်အလား၊ အငှား ဥစ္စာ၊ သူ့ဟာ*တမျှ၊ စိုး မရတည့်၊ ခဏအနိုင်၊ မပိုင် ဝက်မွေး၊ အကြွေး ငမ်းယူ၊ ဝါသော့သူနှင့်၊ အတူ မှန်လှ၊ ယွင်းမခွဘူး၊”ထိုမှတမည်၊ “မိုးဖွဲရည်ကို၊ နေခြည်ကြောက်က၊ ထိန်တောက် ဝင်းဝင်း၊ မိုးလုံး ထင်းလျက်၊ အဆင်း ခုနစ်ထွေ၊ နီ-ရွှေ-စိမ်းရေး၊ ရောထွေးနု-ရင့်၊ ပြာသွေးဆင့်၍့၊ သိကြားမင့်းလေး၊ ကွင်းကွင်း ကွေးတိ၊ ရှေးဝေါဟာရ၊ ဘိဓာနဖြင့်၊ ဣန္ဒဓနု ဣန္ဒာဝု,ဟု၊ မည်ပြု ခေါ်ငြား၊ လွန်ထင်ရှားအောင်၊ ထက်ဖျား မိုး+ဘော်၊ သက်တင့်+ပေါ်သို့၊ ရှုမျှော် ပြက်†ပြက်၊ ကြည့်တွင်း†ပျက်ခဲ့၊ မနှစ်သက်ကောင်း၊ မတောင်းအပ်စွ၊ မတ,ထိုက်စွာ၊ ဝဋ်ချမ်းသာတည့်၊ ထင်ကာ မြင်ကာ၊ လို မပါကြောင့်၊ အာသာ ငြိတွယ်၊ မယှိဘွယ်သည်။။ ပျက်လွယ် တိမ်ရုပ် တိမ်ရေးတည်း။ (၁၀)

(၉၂) လူတို့ မာသ၊ တစ်ဧကကား၊ လ၏့ထက်မှ၊ ဗွေအာကာဝယ်၊ ပိတရာနတ်ပြည်၊ တရက် မည်၏၊ ဤသည် လူ့ရွာ၊ ငါတို့မှာလျှင်၊ ဥတ္တရာယာဉ်၊ နေစက်ယှဉ်၍့၊ သွားစဉ် ခြောက်လ၊ ထက်ဒေဝနှိုက်၊ နတ်မျာ့း တနေ့၊ ခေါ်ဓလေ့၏၊ ထိုရွေ့ လ,ကြာ၊ ဒက္ခိဏာမူ၊ နတ်မှာ တညဉ့်၊ ထိုညဉ့် ရေဆ၊ သုံးရာ့ခြောက်ဆယ်၊ ပြည့်ခဲ့*ကယ်သော်၊ နတ်ဝယ် တနှစ်၊ ယင်းနှစ် အဖြောင့်၊ မှန်မထောင့်သား၊ သောင့်နှစ်ထောင်ကို၊ နတ်ယုဂ်ဆို၏၊ ထိုနတ်ယုဂ်ပေါင်း၊ တထောင်*ညောင်းက၊ မြင့်ဆောင်းဌာန၊ ဝေဟာသထက်၊ လောက ပိတာ၊ ဗြဟ္မာ့ရွာဝယ်၊ ဗြဟ္မာတို့ ရက်၊ တနေ့တွက်တည့်၊ မှတ်ချက် ပိုင်းခြား၊ လောကီ ကြား၏၊ ဘုရားရွှေနှုတ်၊ ကြာကုမုဒ်က၊ မိန့်ထုတ် ဘွင့်လှစ်၊ မှန်စင်စစ်ကား၊ လူ့နှစ် ငါးဆယ်၊ အောက်ဆုံးဝယ်တိ၊ လေးသွယ် မဟာ၊ နတ်ပြည်မှာလျှင်၊ မှန်စွာ အလေ့၊ ညဉ့်-နေ့အတွက်၊ ခေါ် တရက်တည့်၊ အထက် ငါးထပ်၊ နတ်ရပ်စည်ကာ၊ ဝတိံသာနှင့်၊ ယာမာ တုသိတာ၊ နိမ္မာ နိမ္မိ၊ မည်ယှိ မချို့၊ ထိုနတ်မြို့နှိုက်၊ လူတို့နှစ်ဖြင့်၊ တွက်စစ် သင်္ချာ၊ တရာ နှစ်ရာ၊ ဆထက်သာ၍့၊ လေးရာ ရှစ်ရာ၊ ထောင့်ခြောက်ရာကို၊ တရက်ဆို၏၊ ထိုရက်အားဖြင့်၊ ငါးရာ တထောင်၊ ပြန်နှစ်ထောင်နှင့်၊ လေးထောင် ရှစ်ထောင်၊ သောင့်းခြောက်ထောင်လျှင်၊ *မြားမြောင်စွာဘိ၊ သက်ရှည် ယှိ၏၊ ထိုပြီ့း ထက်ဗွေ၊ ဘုံနေစွင့်စွင့်၊ ဆဲ့သုံးဆင့်ဖြင့်၊ မိုးမြင့်ဗြ†ဟ္မာ၊ နှစ်ဆယ်†မှာကား၊ ကမ္ဘာ ကမ္ဘီ၊ မသေပြီသို့၊ လေးလီ ထောင်ပေါင်း၊ ရှစ်သောင်း ဘန်ဘန်၊ ပြန်ပြန် ဆဆ၊ တည်နေကြလျက်၊ အာမဂန္ဓ၊ ကာမ ငါးလီ၊ နံ့ စိမ်းစီနှင့်၊ မညှီ မစော်၊ စျာန်မွေ့လျော်၍့၊ ရွှင်ပျော် နှစ်လို့၊ စံကုန်မြို့၏၊ ဤသို့မယွင်း၊ ပြခဲ့လျှင်းတိုင်း၊ သက်ဆင့်း ချမ်းသာ၊ နတ်ဗြ†ဟ္မာနှင့်၊ လူ†မှာ တို့ဝယ်၊ ရှက်နှိုးဘွယ်သည်။။ သေးငယ် မှိန်မှိ မှိန်မှေးတည်း။ (၁၁)

(၉၃) ဤသို့ *၄င်း၊ မြတ်စော*လောင်းလျှင်၊ အသောင်း အသိန်း၊ ရေကိန်း မမျှ၊ ဘဝဝက၊ ဉာဏဝသီ၊ ပါရမီကြောင့်၊ လောကီရိပ်ငြိမ်၊ လူ့စည်းစိမ်နှိုက်၊ စိုးရိမ်*မဲ့လတ်၊ နိမ္မာနတ်သို့၊ သမ္ပတ် သိရီ့၊ တုမယှိအောင်၊ ဓိပတိကြီး၊ ပျော်မငြီးမျှ၊ ရွှေထီး ရွှေနန်း၊ ရွှေ*ကြငှန်းနှင့်၊ စံမြန်း သိမ်မွေ့၊ တည်နေလေ့လည်း၊ ထိုရွေ့ လုပ်လက်၊ ဝိညာဉ်သက်နှင့်၊ အုတ်ကျွတ် များစွာ၊ သတ္တဝါကား၊ ငြိမ်းရာ မရ၊ ဝဋ်ဒုက္ခဖြင့်၊ နေ့-ည မချမ်း၊ ဝဋ်မှုထမ်းတည့်၊ ဝဋ်တမ်း ဝဋ်ထုံး၊ စဉ် မဆုံးဘဲး၊ ပေါင်းရုံး ယှဉ်ပူး၊ အိမ်ထောင် ကြူး၏၊ ဝဋ်မြူး ဝဋ်ပျော်၊ ဝဋ်ဘော် ဝဋ်သင်း၊ ဝဋ်မင်း ဝဋ်စိုး၊ ဝဋ်မျိုး ဝဋ်နွယ်၊ အကယ်နှင်နှင်၊ ဝဋ်ကျွန်ရှင်နှင့်၊ ဝဋ်လင် ဝဋ်မယား၊ ဝဋ်သား ဝဋ်သမီး၊ ပွားစည် သီးလျက်၊ ဝဋ်ထီး ဝဋ်နန်း၊ ဝဋ်*ကြငှန်းက၊ ဝဋ်ခန်း ဝဋ်မြုံ၊ ဝဋ်ဘုံ ဝဋ်အိမ်၊ ဝဋ်စည်းစိမ်ဟု၊ ကြိမ်ကြိမ် ကြံစေ့၊ လျော့ မမေ့ဘဲး၊ တနေ့ တနေ့၊ တရွေ့ရွေ့တိ၊ *ကြွေ့ကြွေ့မညှိုး၊ ဆန်းလ တိုးသို့၊ မြတ်မျိုး *တန်ထွာ၊ ထပ်ကာကာလျှင်၊ ပညာဝရဇိန်၊ သတိန္ဒြိ၊ သန္ဓေသိဖြင့်၊ ထင်ဘိသော့အား၊ ရှု ပိုင်းခြားလျက်၊ တရားရုံးပေါင်း၊ ဆိုးနှင့် ကောင်းကို၊ ကျိုး-ကြောင်း ဖြစ်ဆစ်၊ မြင်မြဲးဖြစ်၍့၊ နွံညစ် ရွှံ့တွင်၊ နစ်ခဲ့ကျင်လည်း၊ မျက်ရှင် စိန်ခဲး၊ ထိန်ရဲးရဲးသို့၊ ညစ်မြဲး မယှိ၊ ဖြစ်ဘိရကား၊ တရားကြံစေ့၊ ဉာဏ် အောက်မေ့၍့၊ တနေ့သရော်၊ ရွှေနန်းပေါ်ထက်၊ ဆံတော် မုစ္ဆိတ်၊ ဖြတ် ရိပ်ပယ်ကာ၊ စံလှည့်ရာဝယ်၊ ဆတ္တာ*လုလင်၊ မင်းကျွမ်းဝင်ကို၊ နီးတွင် ပါးတော်၊ ညင်းညင်း ခေါ်၍့၊ မြွက်ဘော် ဤသို့ မိန့်ပေးတည်း။ (၁၂)

(၉၄) အရှင်မင်းတိ၊ မှားယွင်းသဖြင့်၊ မကောင်းကျင့်က၊ အသင့် မြစ်တာ၊ ကောင်းရာစီးပွား၊ ယှဉ်စေငြားနှင့်၊ ရှင့်အား ကျေးဇူး၊ အထူး ထင်အောင်၊ ဘုန်းဂုဏ်ရောင်ကို၊ ဆောင်သည် တချက်၊ ရှို့ဝှက်အပ်ရာ၊ ရှိသောခါလည်း၊ လုံစွာ ဝမ်းထဲး၊ ရှို့ဝှက် စွဲး၍့၊ အမြဲး မ*သုန်၊ အရှင့်ဂုဏ်ကို၊ နေရုဏ် ပြိုးပြက်၊ ရွေ့ရွေ့တက်သို့၊ ဆက်ဆက် မကြွင်း၊ နှံ့စေခြင်းက၊ မှုခင်းရေးရာ၊ ဘေးတွေ့ခါလည်း၊ သွေခွါ မပယ်၊ ဆက်ဘွယ် ဆက်ရာ၊ ရတနာ*မွန်မြတ်၊ ရလတ်တုံငြား၊ အရှင့်အားကို၊ ချန်ထား မဝှက်၊ အကုန်ဆက်သား၊ ခြောက်ချက် ဂုဏ်အင်၊ စုံလင် စုပေါင်း၊ လွန်ညီတောင်းသည့်၊ ကျွန်ကောင်းမှန်လှ၊ ကပ္ပက။။ နားဝ စိမ့်အောင်၊ မြဲး မှတ်ထောင်လော့၊ ဘုန်းခေါင်မဟာ၊ ငါရာဇာ၏့၊ ကေသာ မြရွက်၊ ဥက္ခောင်းထက်နှိုက်၊ အနက် ညှိုးမြန်း၊ အဖြူသန်း၍့၊ ဖြစ်ဆန်း ဖြစ်ကျင်၊ တချောင်း ထင်က၊ လျင်လျင် *ရှောင်းရှောင်း၊ လင့်မ*ညောင်းဘဲး၊ ကျွန်ကောင်း ကျွန်*မွန်၊ ခါမလွန်နှင့်၊ ထိပ်စွန် ဦးပြင်၊ စုံလက် တင်၍့၊ မြင်လျှင် မြင်†ခြင်း၊ ကြာမတင်းသည်။။ အ†ချင်း တင်စေ မနှေးတည်း။ (၁၃)

(၉၅) ဤသို့ဟူ၍့၊ လူတို့ဓိပတိ၊ ဘုန်းဘော်ယှိသား၊ ဗောဓိမဟာ၊ မြတ်ရာဇာက၊ ဆရာမ†ကူ၊ သယမ္ဘူဖြင့်၊ ဗုဒ္ဓ†င်္ကူလေ့၊ အောက်မေ့ ကြံမြတ်၊ ဆောက်တည် မှတ်ပြီး၊ ဆတ္တာသမား၊ ထိုယော†က်ျားကို။။ မြွက်†ကြား ဆတ်ဆတ် မိန့်တော်မှတ်တည်း။။

ကပ္ပကာမန္တနခဏ်း (၁၃)ပိုဒ် ပြီး၏၊