ဝီကီရင်းမြစ် အထွေထွေ သတိပြုဖွယ်

ဤစာမျက်နှာသည် ဝီကီရင်းမြစ်အား အသုံးပြုခြင်းနှင့် ပတ်သက်၍ ဖတ်ရှုသူများနှင့် တည်းဖြတ်သူများအတွက် သတိပေးချက်များ ဖြစ်သည်။ အထူးသဖြင့် ဝီကီရင်းမြစ်အား မိမိ ဆင်ခြင်တုံတရားဖြင့် အသုံးပြုရန်ဖြစ်ပြီး ဝီကီရင်းမြစ်အား ဥပဒေရေးရာ သို့မဟုတ် ဆေးပညာ အကြံပေးချက်အနေဖြင့် အသုံးမပြုရ။

ဤ အထွေထွေ သတိပြုဖွယ်ရာများကို ကျေးဇူးပြု၍ ဂရုတစိုက် ဖတ်ရှုပါ။ ရိုးရိုးရှင်းရှင်း သတ်မှတ်ရမည်ဆိုပါက ဝီကီရင်းမြစ် (သို့မဟုတ် ဤပရောဂျက်ကျွန်ုပ်တို့ စသည်) ဆိုသည်မှာ စာရေးသူများ၊ ပံ့ပိုးသူများ၊ ထောက်ပံ့ပေးသူများ သို့မဟုတ် (ဝီကီမီဒီယာ ဖောင်ဒေးရှင်း အပါအဝင်) ဝီကီရင်းမြစ် ဝဘ်ဆိုဒ်နှင့် ပတ်သက်မှုရှိသော မည်သူကိုမဆို ကို ရည်ညွှန်းသည်။

သတိပြုဖွယ်ရာများ

ပြင်ဆင်ရန်

တိကျရေရာမှု

ပြင်ဆင်ရန်

ဝီကီရင်းမြစ်သည် ကျိုးကြောင်းခိုင်လုံမှု သို့မဟုတ် တိကျမှန်ကန်မှုများအတွက် အာမခံချက် မပေးပါ။ ဤပရောဂျက်သည် အခမဲ့ အကြောင်းအရာ ရင်းမြစ်စာသားများ၏ အွန်လိုင်း စုစည်းမှုတစ်ခုဖြစ်ပြီး စေတနာ့ဝန်ထမ်း တစ်ဦးချင်းစီမှ ဘုံရင်းမြစ်တစ်ခုကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဤနေရာတွင် တွေ့ရှိရသော အကြောင်းအရာများအား တိကျရေရာမှုရှိစေရန်အတွက် သက်ဆိုင်ရာ ပညာရပ်နယ်ပယ်တွင် ကျွမ်းကျင်မှုရှိသူများမှ သုံးသပ်စစ်ဆေးထားခြင်း မရှိပါ။ ထို့အပြင် လုပ်ဆောင်ဖန်တီးချက်များ၏ တည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းရန်အတွက် စာရေးသူ၏ တမင်ရည်ရွယ်သော အမှားများကိုလည်း ထိုအတိုင်းပင် လွှင့်တင်ထားသည်။

ထိုသို့ဆိုသည့်အတွက် ဝီကီရင်းမြစ်တွင် တန်ဖိုးရှိသော၊ တိကျရေရာသော စာသားများအား ရှာဖွေမတွေ့ရှိနိုင်ဟု မဆိုလိုပါ။ သို့သော် ဤနေရာတွင် တွေ့ရသော စာရွက်စာတမ်းများ၏ တိကျမှန်ကန်မှုအပေါ် ကျွန်ုပ်တို့ အာမခံချက် မပေးပါ။ အထူးသဖြင့် ဝီကီရင်းမြစ်ရှိ ဆေးပညာ၊ သို့မဟုတ် ဥပဒေဆိုင်ရာ စာသားများသည် မှားယွင်းနေခြင်း သို့မဟုတ် ခေတ်မမီတော့ခြင်းများ ရှိနိုင်သည်။ အဆိုပါ အချက်အလက်များအတွက် ကျွမ်းကျင်သူများကို ဆက်သွယ်ရန် ကျွန်ုပ်တို့ အကြံပြုပါသည်။

တာဝန်ရှိခြင်း

ပြင်ဆင်ရန်

ဝီကီရင်းမြစ်နှင့် ချိတ်ဆက်နေသော စာရေးဆရာများ၊ ပါဝင်သူများ၊ အထောက်အပံ့ပေးသူများ သို့မဟုတ် တခြားသူများသည် ဤဝဘ်စာမျက်နှာများတွင် ပါရှိသည့် မမှန်ကန်သည့် သို့မဟုတ် သံသယဖြစ်စေသော အချက်အလက်များ ဖော်ပြချက် သို့မဟုတ် သင်၏ သတင်းအချက်အလက်များကို အသုံးပြုမှုအတွက် တာဝန်ရှိခြင်း တာဝန်ခံခြင်း မရှိပါ။

ဝီကီရင်းမြစ်တွင် အထက်ဖော်ပြခဲ့သော မှားယွင်းမှုများ သို့မဟုတ် မမှန်ကန်မှုများအတွက် မည်သည့်ထိခိုက်ပျက်စီးမှုများကို မရှာဖွေနိုင်ပါ။ သို့သော်၊ ဤသည်မှာ အင်တာနက်ပေါ်တွင် အများပြည်သူအား ပညာရေး၊ ယဉ်ကျေးမှု နှင့် အချက်အလက် ရင်းမြစ်များအတွက် အခမဲ့ရင်းမြစ်မျိုးစုံအား ဖန်တီးရန် စေတနာ့ဝန်ထမ်းအစုအဖွဲ့တစ်ခုမှ ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ထို့အပြင်၊ ဝီကီရင်းမြစ် သို့မဟုတ် ၎င်း၏ ဆက်နွယ်သော ရှေ့နောက် ပရောဂျက်များတွင် သင်တင်ပြထားသော အချက်အလက်များကို မည်သူမဆို ပြောင်းလဲ၊ အဆင့်မြှင့်၊ တည်းဖြတ် သို့မဟုတ် ဖယ်ရှားပါက ဝီကီရင်းမြစ် သည် တာဝန်မရှိပါ။

လိုင်စင်သတ်မှတ်ခြင်း

ပြင်ဆင်ရန်

သင်သည် ဤဝဘ်ဆိုက်ပေါ်ရှိ အကြောင်းအရာများကို လိုင်စင် တမ်းပလိတ်ဖော်ပြချက်နှင့် Wikisource:မူပိုင်ခွင့် မူဝါဒတွင် ဖော်ပြထားသော အထွေထွေ သတ်မှတ်ချက်များအရ အသုံးပြုနိုင်သည်။ အများအားဖြင့်၊ လုပ်ဆောင်မှုများသည် အများပြည်သူပိုင် သို့မဟုတ် GNU အခမဲ့ စာတမ်းလိုင်စင် အတိုင်း ဖြစ်သည်။

သင်သည် ဝီကီရင်းမြစ်၏ အကြောင်းအရာများကို လွတ်လပ်စွာ ပြန်လည်ဖြန့်ချိနိုင်ပါသည်။ သင်နှင့် ဤဝဘ်ဆိုက် (သို့မဟုတ် အဆိုပါဝဘ်ဆိုက်နှင့် သက်ဆိုင်သော မည်သူမဆို) အကြား သဘောတူညီချက်၊ စာချုပ် သို့မဟုတ် တာဝန်ရှိခြင်းကို မသတ်မှတ်ထားပါ။ သေချာသော အခွင့်အရေး သတင်းအချက်အလက်များကို ပေးရန် ကျွန်ုပ်တို့ ကြိုးစားထားသော်လည်း၊ သင်သည် အသုံးပြုခြင်း သို့မဟုတ် ကူးယူသော ဖန်တီးလုပ်ဆောင်ချက်များ၏ မူပိုင်ခွင့် အခြေအနေကို စစ်ဆေးရန် တာဝန်ရှိပါသည်။

သက်ဆိုင်ရာ တည်ဆဲဥပဒေများအား ဖောက်ဖျက်ခြင်း

ပြင်ဆင်ရန်

ဤနေရာတွင် ရှာဖွေတွေ့ရှိခဲ့သော အကြောင်းအရာများသည် သင်၏ အချက်အလက်များကို ကြည့်နေသည့် နိုင်ငံ သို့မဟုတ် ဥပဒေအရ ဒေသများ၏ ဥပဒေများကို ချိုးဖောက်နေစေနိုင်သည်ကို ကျေးဇူးပြု၍ မှတ်သားပါ။ ဝီကီရင်းမြစ်သည် မည်သည့်ဥပဒေကို ချိုးဖောက်ခြင်းကိုလည်း တိုက်တွန်းခြင်းမပြုပါ။ သို့သော် ဤသတင်းအချက်အလက်များသည် အမေရိကန်ပြည်ထောင်စု၏ ဆာဗာများတွင် သိမ်းဆည်းထားသောကြောင့်၊ အမေရိကန်ပြည်ထောင်စု၏ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ၏ ပထမဆုံး ပြင်ဆင်ချက်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းများအောက်ရှိ ကာကွယ်မှုများကို အဓိပ္ပာယ်ရသည့်အတိုင်း စောင့်ရှောက်ထားပါသည်။

အမေရိကန်ပြည်ထောင်စု သို့မဟုတ် ကုလသမဂ္ဂပဋိညာဉ်အောက်ရှိ လွတ်လပ်စွာ ပြောဆိုခွင့်အား ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးထားသကဲ့သို့ သင့်နိုင်ငံ၏ ဥပဒေများသည် အသိအမှတ်ပြုခြင်း ရှိနိုင်မည် မဟုတ်ပါ။ သင်သည် ဤဒိုမိန်းကို လင့်ခ်ချိတ်ဆက်ထားပါက သို့မဟုတ် ဤနေရာတွင်ပါရှိသော အချက်အလက်များကို မည်သည့်နည်းဖြင့်မျှ အသုံးပြုပါက ထိုဥပဒေများကို ချိုးဖောက်မှုများအတွက် ဝီကီရင်းမြစ်သည် တာဝန်ရှိမည်မဟုတ်ပါ။