တမ်းပလိတ်:Header

မြမြင်းမိုရ် တောင်ကွဲမှ၊
ရှောင်လွဲမည့်(မဲ့) သက်ကယ်၊
မောင်ဆွဲ(စွဲ)တဲ့ မျက်ခြယ်ကို၊
ပျက်ပြယ်ပြယ် မမုန်း၊
မိုးပြိုလို့ မြေထောင်စေ၊
သေတိုင်အောင် စွဲတဲ့ နှလုံး။

ကြွေကျလို့ နေလကွယ်ရင်၊
သွေ(သေ)ပမယ် အဆုံး၊
ရွေမျာ့းမယ် တဘုန်းကို (ဖြင့်)၊
မမုန်းဘု အလွန်။
ကမ္ဘာ ကိုနှစ်ခါပျက်စေတော့၊
မခွာရက် ပေါင်းမယ်လို့သွန် (ညွှန်)။

ကြာကနက် သောင်းဝှန်မှာ၊
ဒေါင်း ပုဇွန် ဝံ ငါးနှင့်၊
ညွှန်ကြားတဲ့ စာလေးမယ်၊
ပိန်းပျောက်လို့ကွယ်၊
နှင်းဆက်တဲ့ ဆင်းမျက်ခြယ်ကို၊
ယွင်းကွက်မယ် ကြံဘူးပ(ကွဲ့)လေး။


မှတ်ချက်

  • () ကွင်းအတွင်းရှိစာသားများမှာ "ဘာချာသိပ္ပ ဝိစိတြ ကဗျာ့ရာသီကျမ်း" မှ ကောက်နုတ်ချက်ဖြစ်ပါသည်။

တမ်းပလိတ်:PD-old