ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀
ကာကွယ်ရေးဝန်ကြီးဌာန
(စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များ သုံးစွဲခြင်းကို ကန့်သတ်သည့် ဥပဒေအရ ပြစ်မှုအမျိုးအစားများ သတ်မှတ်ခြင်း)
အမိန့်အမှတ် ၁/ ၉၀
ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁ ရက်
(၁၉၉၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက်)
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကိုကန့်သတ်သည့်ဥပဒေပုဒ်မ ၁၀ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များ အလို့ငှာ သက်ဆိုင်ရာတရားရုံးက ပြစ်မှုထင်ရှားတွေ့ရှိ၍ ထောင်ဒဏ်စီရင်သော ပြစ်မှုတစ်ရပ်ရပ်ဟုဆိုရာ၌ အောက်ဖော်ပြပါ ပြစ်မှုတစ်ရပ်ရပ်ဖြစ်ကြောင်း သတ်မှတ်လိုက်သည်-
- ၁။ နိုင်ငံရေးပြစ်မှုများ
- (က) မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ၊
- (ခ) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ( ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂)၊
- (ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊
- (ဃ) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊
- (င) နိုင်ငံတော်အား၊ နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ပြစ်မှုများ၊
- (စ) ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ပြစ်မှုများ။
- ၂။ လုံခြုံရေးကို ထိပါးစေသော ပြစ်မှုများ
- (က) လက်နက်မှုများ၊
- (ခ) မီးရှို့မှုများ၊
- (ဂ) နိုင်ငံခြားသို့ ခိုးထွက်မှုနှင့် နိုင်ငံခြားမှ ခိုးဝင်မှုများ၊
- (ဃ) မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေအရ ပြစ်မှုများ။
- ၃။ အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် ပတ်သက်သော ပြစ်မှုများ
- (က) ခိုးမှု၊
- (ခ) လုယက်မှု၊
- (ဂ) ဓားပြတိုက်မှု၊
- (ဃ) လိမ်လည်မှု၊
- (င) အလွဲသုံးစားမှု၊
- (စ) မယားခိုးမှု၊
- (ဆ) မုဒိမ်းမှု၊
- (ဇ) ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊
- (ဈ) အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊
- (ည) လောင်းကစားဥပဒေအရ ပြစ်မှုများ၊
- (ဋ) ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊
- (ဌ) ကျော်နင်းမှုနှင့် အကျုံးဝင်သော ပြစ်မှုများ၊
- (ဍ) အမျိုးသမီးကာယိန္ဒြေ ပျက်စီးစေရန် အကြံနှင့် လက်ရောက်မှု သို့မဟုတ် အနိုင်အထက်ပြုမှု၊
- (ဎ) ၁၉၇၄ ခုနှစ်၊ မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများဥပဒေအရ ပြစ်မှုများ၊
- (ဏ) နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေအရ ပြစ်မှုများ။
ဗိုလ်ချုပ်မှူးကြီး စောမောင်၊
ဝန်ကြီး၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊
ကာကွယ်ရေးဝန်ကြီးဌာန။