ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ်
ကိုယ်ခန္ဓာ ကောင်ရုပ်က၊
ဟောင်ပုပ်ပုပ် နံညှီ၊
ကိုးဒွါရ ပြွန်နဒီမှာ၊
ရွံစလီပါပဲ၊
ဤကာယရုပ်အရှင်ကို၊
အဟုတ်ပင် မှတ်ကြမစဲ။
သုသာန်နှင့် တစပြင်မှာ၊
သူသေသွင်မလွဲ၊
ချွေး မျက်ရည် နှပ်ချွဲက၊
ပြတ်မစဲ စီးယို၊
အိုင်းအနာ နူအရွဲငယ်နှင့်၊
တူတူပဲ မှတ်ကြကိုယ့်ကိုယ်။
များတစ်စု လူဗိုလ်မှာ၊
အဟုတ်လို ထင်စွဲလို့၊
စက်ဝဲသံသရာ၊
မွန်းနစ်ကြရှာ၊
ကမ်းတဖက် ခေမာကို၊
ရောက်နိုင်ပါပြီဘူးကွဲ့လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |