ကိုယ်သိပ်တော်မူစမ်းပါ့
by စလေ ဦးပုည
743ကိုယ်သိပ်တော်မူစမ်းပါ့စလေ ဦးပုည

ပုလဲဥ နှင်းပေါက်၊
ကင်းထောက်တဲ့ လေပြန်၊
မင်းမြှောက်မယ့် ဟေမန်၊
မသေကျန် ကံကောင်း၊
လူမို့သာ လျှလျှခံတယ်၊
မြရေနံ ခဲရတဲ့ဆောင်း၊
ဧလှလို့ ဝဇိရာ၊
ဗီဇနာ ရင့်ညောင်း၊
ကတ္တီပါ စောင်ပေါင်း၊
ထောင်သောင်းလောက် ခြုံတယ်၊
ခန်းဆောင်မှာ ချမ်းအောင်တွေ့၊
မန်းတောင်ငွေ့ နီးတာမို့ကွယ်။ ။

နန်းဆောင်မြေ့ ထီးလယ်မှာ၊
ပြီးစဘွယ် သာဖက်လို့၊
ဟာစက်ဖျ ကြောင်မြီးတိုနော်၊
စားလိမ့် ကိုယ်တော်၊
ငိုစိတ်နဲ့ အို အိပ်ပျော်အောင်၊
ကိုယ်သိပ်တော်မူစမ်းလှဲ့လေး။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.