ကိုးရပ်ခွင် ဟိတ်ခတ်လို့-ချီ မိုးဘွဲ့
ကိုးရပ်ခွင် ဟိတ်ခတ်လို့၊
ဖိတ်မတတ် ပတ်လည်၊
ကိတ္တပတ် လျှပ်ခြည်၊
နတ်စည်တော်ဆော်လို့၊
ကပ္ပာပြု ဝလာကိုသာအောင်၊
ရွာမဟာပဲ ထင်ကရို့။
ဖော်မဲ့လို့အခွင့်ပန်တယ်၊
မတင့်ပြန်သမို့၊
အကျင့်တန်မလို့ဖြင့်၊
ညို့တို့တို့ မြရည်၊
သဘောတူ နှစ်မိတ်တွဲခါမှ၊
မတိတ်ပဲ ရွာသင့်ပါသည်။
ထိတ်ကနဲသာခွင့်ကြည်အောင်၊
ခါလင့်မည် မခြိမ်းဖြင့်၊
မခြိမ်းနှင့် လန့်လှပါ၊
ဆိုင်းငံ့၍ရွာ၊
နီးတော့ဖြင့်ဆွေဝလာရယ်၊
စွေကပ္ပာ ပတ်လုံးပလေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |