ကောဏ္ဍဓာနတ္ထေရဝတ္ထုဂါထာ
၁၀-ဒဏ္ဍဝဂ်
၄-ကောဏ္ဍဓာနတ္ထေရဝတ္ထုပါဠိဂါထာ
ဒုက္ခာ ဟိ သာရမ္ဘကထာ, ပဋိဒဏ္ဍာ ဖုသေယျု တံ။
ကဉ္စိ၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကိုမျှလည်း။ ဖရုသံ၊ ကြမ်းတမ်းသော စကားကို။ မာ အဝေါစ၊ မပြောဆိုနှင့်။ ဝုတ္တာ၊ ပြောဆိုအပ်သူတို့သည်။ ဝါ၊ အပြောခံရသူတို့သည်။ တံ၊ သင့်ကို။ ပဋိဝဒေယျုံ၊ ပြန်ပြောဆိုကုန်ရာ၏။ ဟိ၊ မှန်၏။ သာရမ္ဘကထာ၊ လွန်ကဲစွာ ပြုမူပြောဆိုအပ်သော ဂုဏ်တုဂုဏ်ပြိုင်စကားသည်။ ဒုက္ခာ၊ ဆင်းရဲကြောင်းတည်း။ ပဋိဒဏ္ဍာ၊ အတုံ့ဖြစ်သော ဒဏ်တို့ သည်။ (ဒဏ်တုံ့ဒဏ်ပြန်တို့သည်)။ တံ၊ သင့်ကို။ ဖုသေယျုံ၊ ထိ ရောက်ကုန်ရာ၏။ (ပါ-၁၃၃)
သာရမ္ဘကထာ။ ။ “သာရမ္ဘီယတေတိ သာရမ္ဘာ၊ သာရမ္ဘာ စ+သာ+ ကထာ စာတိ သာရမ္ဘကထာ”ဟုပြု၊ သာရမ္ဘသည် သံ+အာရှေးရှိသော ရဘဓာတ်, အပစ္စည်းတည်း၊ အာရှေးရှိသော ရဘဓာတ်သည် ဟိံသာ (ညှဉ်းဆဲခြင်း)အနက်, ကရဏ(ပြုခြင်း)အနက်, ဝါယမန(အားထုတ်ခြင်း) အနက်တို့ကို ဟောရာ ဤ၌ “ရဘသာ(ဒီ၊၃၊၁၆၄)၊ မဟာရမ္ဘာ(သံ၊၁၊၇၆)”တို့၌ကဲ့သို့ ကရဏအနက်ကို ဟော၏။
ချဲ့ဥုးအံ့-“ရဘသာတိ ကရဏုတ္တရိယာ(ဒီ၊ဋ္ဌ၊၃၊၁၅၀)၊ မဟာရမ္ဘာ တိ မဟာကိစ္စာ မဟာကရဏီယာ(သံ၊ဋ္ဌ၊၁၊၁၃၄)”ဟူသော စကားနှင့် “သာရမ္ဘကထာတိ ကရဏုတ္တရာ ယုဂဂ္ဂါဟကထာ”ဟူသော အဖွင့်မှ “ကရဏုတ္တရာ”ဟူသော စကားသည် ထပ်တူကျ၏၊ ထိုကြောင့် သာရမ္ဘ၌ သံ+အာရှေးရှိသော ရဘဓာတ်ကို ကရဏအနက်ဟောယူနိုင်သည်၊ ဆရာ တို့ကား ဟိံသာအနက်ယူ၍ “သာရမ္ဘကထာ-ပြင်းစွာနှိပ်စက်ကြောင်း ဖြစ်သောစကား”ဟု ပေးတော်မူသည်။ (နီတိဓာတု-၁၂၈၊ သီဘာ၊၁၊၅၅၄)
ဧသ ပတ္တောသိ နိဗ္ဗာနံ, သာရမ္ဘော တေ န ဝိဇ္ဇတိ။
ဥပဟတော၊ အနားရေး (အနားရစ်) ဖြတ်အပ်ပြီးသော။ ကံသော ယထာ၊ ကြေးခွက်ကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ သစေ န ဤရေသိ၊ အကယ်၍ မတုန်လှုပ်စေအံ့။ (ဧဝံ သတိ၊ သော်။) ဧသ (ဧသော တွံ)၊ ဤသင်သည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ပတ္တော၊ ရောက်သည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ သာရမ္ဘော၊ လွန်ကဲစွာ ပြုမူပြောဆိုခြင်းသည်။ န ဝိဇ္ဇတိ၊ ရှိလိမ့်မည်မဟုတ်။ (ပါ-၁၃၄)
ကောဏ္ဍဓာနတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။