ကျမ်းပြုဆရာတော်ဘုရား နိဂုံး
(၁) မှတ်သားစေလို၊ သံပေါက်ဆို၊ နောင်ကို သိစေရာ။
(၂) အကြင် ငါသည်၊ မြို့ မန်လည်၊ စွဲးတည် သန္ဓိခါ။
(၃) တိ-သုည်-ဒွေး-ဧက်၊ သက္ကရာဇ်၊ ဘွားလစ် ထိုကောဇာ။
(၄) ဆဲ့နှစ်နှစ်တွင်း၊ ကျောင်း အပ်နှင်း၊ မပျင်း သင်-လေ့လာ။
(၅) ထိုနှစ်တွင်းဝယ်၊ သူငယ်ဘာဝ၊ သင်ထ မငြီး၊ ပရိတ်ကြီး၊ သင်ပြီး နှုတ်တက်စွာ။
(၆) ထို့နောက်ကာလ၊ ဉာဏ် မြော်ဆ၊ *မဆွ ထေရ်မြတ်စွာ။
(၇) ဆယ်စောင် မည်မှတ်၊ နေမိဇာတ်၊ နိပါတ် ကျမ်းမဟာ။
(၈) သင်စေ ရှေးဦး၊ *ပကတူး၊ ဉာဏ်မြူး ရွှင်စိမ့်ငှါ။
(၉) ထိုဇာတ်တော်တွင်၊ ရှေးဦးထင်၊ ဗုဒ္ဓင် လောင်းရာဇာ။
(၁၀) မဃ စိုးမင်း၊ တောထွက်ခြင်း၊ ဝမ်းတွင်း ကြည်သဒ္ဓါ။
(၁၁) နှစ် နှစ်ဆယ်တွင်း၊ ကယ် မကြွင်း၊ သင်ခြင်း နေ့-ညဝါ။
(၁၂) သဒ္ဒါ ပရမတ်၊ နည်းစုံ တတ်၊ ပုဒ်-ဓာတ် သုတ်သင်ကာ။
(၁၃) သူငယ် သာမဏေ၊ ကျောင်းမှာပေ၊ အနေ မပျက်စွာ။
(၁၄) ပဉ္စင်းခံ၍့၊ ဆယ်ဝါစေ့၊ အောက်မေ့ ရှေးသဒ္ဓါ။
(၁၅) မဃစိုးဇာတ်၊ အဋ္ဌုပ္ပတ်၊ ထူးမြတ် ဤခြင်းရာ။
(၁၆) လင်္ကာ အထူး၊ ဘွဲ့ကာကျူး၊ ကျေးဇူး ဆပ်စိမ့်ငှါ။
(၁၇) ကြံစည် စိတ်က၊ ရေးစီစ၊ ကာလ ထိုအခါ။
(၁၈) ဘုရားကမ္မ၊ မှုကိစ္စ၊ ဖြစ်ထ ကြီးကျယ်စွာ။
(၁၉) ထိုကြောင့် လပ်လျား၊ ဖြတ်ကာ ထား၊ နှစ်များ ရှည်မြင့်ကြာ။
(၂၀) ဆ-ဆ-ဒွေး-ဧက်၊ သက္ကရာဇ်၊ ရောက်လစ် ပြန်သော့ခါ။
(၂၁) ရပြန် သတိ၊ အောက်မေ့မိ၊ ဆက်ဘိ ဘန်တခါ။
(၂၂) လောကဓမ္မ၊ ရာဇ သုံးမျိုး၊ စုံ ပြည့်ဖြိုး၊ နည်းရိုး မှတ်စရာ။
(၂၃) ရှေးဝေါဟာရ၊ ပေါရာဏနှင့်၊ ချီ-ချ မမှား၊ စပ် ခြောက်ပါး၊ ခွဲးထား သတ်စုံပါ။
(၂၄) မကြွင်းစေဘိ၊ စပ်ရိုး သိ၊ ကဝိ လက္ခဏာ။
(၂၅) ငါတို့ အရင်း၊ နွယ်သက်ဆင်း၊ တောတွင်း ကျော်ဆရာ။
(၂၆) စတုတ္ထမြောက်၊ ငါသို့ ရောက်၊ အထောက် ဝေးမကွာ။
(၂၇) ဆရာ ဆက်ဆက်၊ နွယ် ဆင်းသက်၊ မပျက် စဉ်အလာ။
(၂၈) စာပေ သင်မြဲး၊ မပြတ် စွဲး၊ နက်နဲး ကြံလေ့လာ။
(၂၉) နည်းနာ စုံညီ၊ ကျမ်း ဂမ္ဘီ၊ အဆီအနှစ်သာ။
(၃၀) နည်းမသိဘဲး၊ ပြစ်တင် ရဲး၊ စွပ်စွဲး မပြုရာ။
(၃၁) နည်းသိသသူ၊ လွန်ကြည်ဖြူ၊ မှတ်ယူ မငြီးရာ။
(၃၂) နည်းနာ ရကြောင်း၊ ရှင်-လူပေါင်း၊ နည်းကောင်း မှတ်ဘို့ရာ။
(၃၃) ဤစာ အဆုံး၊ ကမ္ပတ်ဖုံး၊ နိဂုံး နိဋ္ဌိတာ။
ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ပေးသနားတော်မူခဲ့သော စာပိုဒ်များ တလုံးမကျန် အလုံးစုံ ထည့်သွင်း ပုံနှိပ် လုပ်ဆောင်အပ်ပါသော မဟာသုတကာရီ မဃဒေဝလင်္ကာတော်သစ်ကြီး ပြီးဆုံးခြင်းသို့ ရောက်ပေသတည်း။
မန်လည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်း
ပိဋကတ္တယကောဝိဒ, ဘာသန္တရဆေက, ကဗျာ့ပါရဂူ ဖြစ်တော်မူသည့် မန်လည်ဆရာတော်ဘုရားကြီးသည်ကား အထက်မြန်မာပြည် မန်လည်မြို့ကြီးနှိုက် သစ်ကုန်သည်ကြီးများ အထက်မြန်မာပြည် မန်လည်မြို့ကြီးနှိုက် သစ်ကုန်သည်ကြီးများ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၁၂- ရက်၊ အင်္ဂါနေ့ ညဉ့် ၃- ချက်တီးနှိုက် ဘွားမြင်တော်မူခဲ့လေသည်။ သူ၏ ငယ်နာမည်မှာ 'မောင်မာ'ဖြစ်ပြီး သူ ၃- နှစ်အရွယ်တွင် ဝန်းသိုမြို့ တောင်ပေါ်ကျောင်းမှ ဘုန်းကြီး ဦးပန်းအောင်ထံနှိုက် မြန်မာစာကို သင်ယူခဲ့လေသည်။
ထိုသူငယ်သည် ကဝိလက္ခဏာ ဇာတိပါ၍ လာသည်နှင့် အသက် ၁၆-နှစ် မတိုင်မီကပင် ကဗျာ-လင်္ကာများကို အထူး ဝါသနာပါရှိသောကြောင့် ရှေးပညာရှိများ ရေးသားသော မြန်မာ ပျို့ကဗျာ-လင်္ကာများကို တစတစ ကြည့်ရှု လေ့လာပြီးလျှင် မိမိလည်း တတ်စွမ်းသမျှ လေးချိုး ဒွေးချိုး တေးထပ် စသည်များကို ရေးသားလေ့ ရှိခဲ့လေသည်။ ဇာတိရင်းက ကဗျာ ဝါသနာပါ၍့လာသော ဝသီဉာဏ်သည် ဤ'မဟာသုတကာရီ မဃဒေဝလင်္ကာသစ်'ကို ရေးသား ပြန့်နှံ့ခြင်းအားဖြင့် ကဗျာအရာနှိုက် ပါရဂူမြောက် ဖြစ်ကြောင်းကို အောင်လံ တံခွန် စိုက်ထူ၍့ ပြတော်မူ၏၊
အသက် ၁၅-နှစ် အရွယ်တွင် မိခင် ကွယ်လွန်ပြီးနောက် ၁၆-နှစ် အရွယ်တွင် ဝန်းသိုစော်ဘွား၏့ နောင်တော် ဘုန်းကြီးထံမှာပင် 'သျှင်ဇဝန' ဘွဲ့ခံကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ ထို့နောက် ၆-ဝါတိုင်တိုင် ကျမ်းဂန်များကို သင်ကြားတော်မူခဲ့ရာ ရဟန်းအဖြစ်သို့ မရောက်မီပင် တတ်မြောက်တော်မူလေသည်။ ၁၂၂၅-ခုနှစ်တွင် ပဉ္စင်းဖြစ်၍့ တဝါရ မြောက်တော်မူပြီးနောက် မူလ ရဟန်းခံခဲ့ရင်းဖြစ်သော သိမ်ကို ဝိနယကုက္ကုစ္စသဘောထားဖြင့် သံသယရှိပြန်သည်နှင့် ၁၂၂၅-ခုနှစ် တပေါင်းလပြည့်ကျော် ၅-ရက်နေ့တွင် မဲးဇာမြစ်အတွင်း ဥဒကုက္ခေပ နဒီသိမ်နှိုက် သံဃာတော် ဆယ်ပါးနှင့် တကွ ဒုတီယအကြိမ် ဥပသမ္ပဒကံအားဖြင့် ရဟန်းခံတော်မူပြန်လေသည်။ ဥပဇ္ဈာယ်ဆရာကား မန်လည်မြို့ အနောက်ဘက်တိုက် ဝါတော် ၆၀-ရှိ 'အသျှင်ဂုဏဝါမထေရ်မြတ်' ပေတည်း။
ပထမ ရဟန်းပြုစဉ်အခါက ရရှိသော ဝါကို မရေတွက်ဘဲး ဒုတီယ ရဟန်းခံတော်မူပြီးနောက် ၁၂၂၆-ခုနှစ်ဝါက စ၍့ အတည်ပြုကာ ရဟန်းဝါကို ရေတွက်တော်မူသည်။
ဒုတီယအကြိမ် ရဟန်းခံတော်မူပြီးနောက် ၃-ရက်မြောက်တွင် ကျေးဇူးရှင် ဖြစ်တော်မူသော 'အသျှင်နန္ဒမ ဉ္စူမထေရ်မြတ်'သည် ကွယ်လွန်တော်မူလေ၏၊
၁၂၂၈-ခုနှစ်၊ ၃-ဝါမြောက်တွင် မန္တလေးမြို့ အနောက်ပြင် ထီးလင်းတိုက်မှာ ဝါဆိုတော်မူ၍့ မန်လည်မြို့ဝန် 'မင်းထင်မင်းလှသမန္တရာဇာ'က ကိုးကွယ် လှူဒါန်းသော ပိဋကတ်တော်များကို ကြီးကြပ် ကူးယူ ရေးသားတော်မူသည်။
ထိုနောက် မန်လည်မြို့နေရင်း လေးထပ်ကျောင်းသို့ ပြန်လည်တော်မူပြီးလျှင် ခိုဝင် လာရောက်ကြသော စာသင်သားတို့အား စာပေ သင်ကြား ပို့ချ၍့ အားလပ်သောအခါမှာလည်း ကျမ်းဂန်များကို ရေးသားတော်မူလေသည်။
ဉာဏ်မီး တောက်စ ရဟန်း ၁၀-ဝါအရတွင် ဤမဃဒေဝလင်္ကာသစ်ကို စ၍့ ရေးသားတော်မူခဲ့ရာ များပြားလှသော သာသနာရေးကိစ္စများကိုလည်း တဖက်မှ ဆောင်ရွက်နေရသဖြင့် သာသနာရေးကိစ္စများကိုလည်း တဖက်မှ ဆောင်ရွက်နေရသဖြင့် ခုနှစ်နှိုက် ဆက်လက်၍့ ရေးသားခဲ့ပြန်ရာ ၁၂၆၆-ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄-ရက်၊ သောကြာနေ့ ည ၈-နာရီအချိန်တွင် တော်သလင်းလပြည့်ကျော် ၁၄-ရက်၊ သောကြာနေ့ ည ၈-နာရီအချိန်တွင် ခုနှစ်တွင် မိုးကုတ်မြို့သို့ သာသနာပြု ကြွတော်မူ၏၊ ၁၂၇၄-ခုနှစ်တွင် သီပေါမြို့ မဟာရာဇာ စော်ဘွားကြီး ပင့်လျှောက်၍့ သာသနာပြု သီပေါမြို့ မဟာရာဇာ စော်ဘွားကြီး ပင့်လျှောက်၍့ သာသနာပြု ရက်နေ့တွင် အင်္ဂလိပ်အစိုးရတို့ လှူဒါန်းသော 'အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်'ကို ခံယူတော်မူသည်။ ၁၂၈၁-ခုနှစ်နှိုက် ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရားအတွက် အင်းတော်မြို့ သစ်တောဝန်ထောက်ကြီး ဦးဘိုးသင်း ခေါင်းဆောင်ပြုပြီး အထူးမီးရထားဖြင့် စစ်ကိုင်းမြို့သို့ ကြွချီပြီးမှ တဆင့် ဧရာဝတီရေလမ်းခရီးဖြင့် ပခုက္ကူ, ပြည်, ဇလွန်, ဟင်္သတ, ပုသိမ်, ရန်ကုန်မြို့များသို့ ကြွရောက်၍့ သာသနာပြုတော်မူသည်။ ၁၂၈၂-ခုနှစ်၊ တပေါင်းလတွင် ရန်ကုန်မြို့ ပုဇွန်တောင် ညောင်ကုန်းတိုက်နှိုက် တရားဓမ္မ ဟောပြပြီးခါ အထက် အညာ မန်လည်မြို့သို့ ပြန်လည် ရောက်ရှိတော်မူ၏၊
၁၂၈၂-ခုနှစ်၊ တော်သလင်းလဆန်း ၁၂-ရက်၊ သောကြာနေ့ ညနေ ၃-နာရီတွင် ပျံလွန်တော်မူလေသည်။ ထိုမန်လည်ဆရာတော်ဘုရားကြီးသည် ဗင်္ဂလီ နာဂရီ, သီဟိုဠ်, မာဂဓီ စသော ဘာသန္တရကျမ်းများကိုလည်း တတ်မြောက်တော်မူ၏၊ ဗေဒင်ကျမ်းပေါင်း များစွာတို့နှင့် တကွ တတ်သင့် တတ်ထိုက်သော ပညာ ဗဟုဿုတ သိပ္ပါယတနများကိုလည်း တတ်ကျွမ်းတော်မူ၏၊ မကာရလောပတဆူ ဖြစ်ကြီး ဖြစ်တော်မူသော တောင်တွင်းကြီးဆရာတော် ခင်ကြီးဖျော်မှ ဆက်နွယ်၍့ လာသောကြောင့် အရာရာတွင် ပါရဂူမြောက် ဆိုလောက်ဘွယ် တတ်ကျွမ်းတော်မူ၏၊
အရာရာတွင် ပါရဂူမြောက် ဆိုလောက်ဘွယ် တတ်ကျွမ်းတော်မူ၏၊
တောင်တွင်းဆရာတော် ခင်ကြီးဖျော်၊ ၂-ဦးဇိန၊ ၃-ဦးပညာ၊ ၄-ဦးနန္ဒမ ဉ္ဇူ၊ ၅-ယခု မန်လည်ဆရာတော်ဘုရားကြီးဖြစ်၍့ တောင်တွင်းဆရာတော်မှ ရေတွက်လျှင် ငါးဆင့်မြောက် ကျတော်မူ၏၊ ဦးဇိနမှ စ၍့ ယခု ဆရာတော်ကြီး တိုင်အောင် ဆရာတော်ကြီး လေးပါးတို့သည် ယခု မန်လည်ကျောင်းတိုက်ကြီးအတွင်းမှာ အစဉ် သီတင်သုံးတော်မူကြသော ပုဂ္ဂိုလ်မြတ်ကြီးများ ဖြစ်ကြလေသည်။ တောင်တွင်းဆရာတော်၏ တပည့်ရင်း ဦးဇိနမှ စ၍့ ဆက်လက်သည်ရှိသော် ယခု ဆရာတော်ဘုရားကြီးသည် စတုတ္ထ လေးဆက်မြောက် ဖြစ်တော်မူ၏၊ ဤစတုတ္ထမြောက်ကို ရည်တော်မူ၍့ မဃဒေဝလင်္ကာသစ် နိဂုံးတွင် -
မှတ်စိမ့် သေချာ၊ အကြင် ငါကား၊ မကာရလောပ၊ အံ့ခြီးကြလျက်၊ ဉာဏဝရဇိန်၊ တောက်ထိန် ပြောင်ဝင်း၊ အခေါင်ချင်းသည့်၊ တောင်တွင်းအကျော်၊ ဆရာတော်၏့၊ အာဘော် နည်းယူ၊ တံခွန်ထူသား၊ တဆူ လက်တွင်း၊ တပည့်ရင်းမှ၊ သက်ဆင်း နွယ်လာ၊ ထေရာဝံသ၊ ပဒီပဖြင့်၊ စတုတ္ထမြောက်၊ ရောက်ခဲ့တုံပြီး၊ဟူ၍့၄င်း၊ “ငါတို့အရင်း၊ နွယ်သက်ဆင်း၊ တောင်တွင်း ကျော်ဆရာ။ စတုတ္ထမြောက်၊ ငါသို့ရောက်၊ အထောက် ဝေး-မကွာဟူ၍့၄င်း၊ ဆရာတော်ဘုရားကြီး ကိုယ်တိုင် စပ်ဆိုတော်မူခဲ့လေသည်။
ထိုမန်လည်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော ဤ'မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီး'သည် ထုံးတီး နည်းနာ၊ အဖြာဖြာနှင့်၊ ဥပမာ ဥပမေယျ စသည် စုံလင်၊ ပုံပြင် ဝတ္ထု အစုစုတို့ဖြင့် တန်းဆာဆင်ကာ များစွာသော ဇာတ်-နိပါတ်-ရာဇဝင်, ဆေးကျမ်း, ဓာတ်ကျမ်း, နက္ခတ်ကျမ်း, ဗေဒင်ကျမ်း စသော လောကီ လောကုတ္တရာ ဗဟုဿုတ အနှစ်သာရတို့နှင့် ပြည်ဝ စုံလင်သည်ဖြစ်ရကား ထို'မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီး'ကို ပါဠိဆရာ ဦးဖြေ တည်းဖြဋ် ပြင်ဆင်လျက် ကျွနု်ပ်တို့ 'ပြည်ကြီးမဏ္ဍိုင်ပိဋကတ်ပုံနှိပ်တိုက်'တွင် စက်တင် ပုံနှိပ် လုပ်ဆောင်အပ်ပါသတည်း။