ကျောင်းသည်ငပြည့်ညီလင်မယား ကျောက်စာ
- ၁“။နမော ဗုဒ္ဓာယ သိဓံ။ သကရစ် ၆ရရခု စိဿနှစ် ကဆုန်လ္ဆန် ၁၄
- ၂ ရျက် ၅ နိယ် က္လောင်သည်ငပ္လည်ငိလင်မျာ စတုရင်္ကပိုလ် ကိုဝ် မ္လိယ်စိမ်
- ၃ ကိုဝ်ပန်ရကာ စတုရင်္ကပိုလ် အနုမောတနာခŸရုယ် လှုသော ပေါက္ကုန်တွင် မ္လိ
- ၄ ယ်စိမ်၃+၊ စခိကန်တိုင်တာစွဲတိုဝ်ကိုဝ် ဝတ်စာပိယ်သကာခွက်ရပိသာ ဖျ
- ၅ င်မွန် ၅ထည်။ က္လောင်သည်ငပ္လည်ငိ(။)လင်မျာ နိယ်ရပန်ဆုကိုဝ်လိုဝ်
- ၆ ရကာ ဖုရှာသာသနာတွင် ဓမ္မသာပ္လု၏ ဓမ္မသာကိုဝ်သိံပ္လုတုံ၏ သိ
- ၇ မ်ကိုဝ်လှုသောလဲ ၃+ အိုထုယ်မည်သော ကျွန်တယောက်လဲ၃+
- ၈ လဲကာ သိမ်နှိုက်ဥပိုတ်ပြဝာမူသော သ္ခိင်တိုဝ်ဆွံ ဖ္လစ်စေ သတေ
- ၉ ဤကောင်္မှုကိုဝ်ဖျက်သသူတိုဝ်ကာ ပည္စာနန်တရိတ်ငရဲ ခံစေ
- ၁၀ သတေ ခိပင်ပါသသူတိုဝ်သကာ ငာနှင်အတု ရစပါစေ သ ေ
- ၁၁ တ သဗ္ဗသတ္တဝာ လုနတ်တကာအလုံ ရစပါစေသတေ။”
[နမော ဗုဒ္ဓါယ သိဒ္ဓံ။ သက္ကရာဇ် ၆၇၇ ခု ဇေဋ္ဌနှစ်၊ ကဆုန်လဆန်း ၁၄ရက်၊ ၅နေ့ ကျောင်းသည်ငပြည့်ညီ လင်မယား စတုရင်္ဂဗိုလ်ကို မြေစိမ်းကိုပန်ရကား စတုရင်္ဂဗိုလ် အနုမောဒနာခေါ်၍လှူသော ပေါက်ကုန်း တွင် မြေစိမ်း ၃ ၁/၄၊ စာချီကန်တိုင်းတာစွဲတို့ကို ဝတ်စားပေးသကား ခွက်၇ပိဿာ၊ ဖျင်မွန် ၅ထည်၊ ကျောင်းသည် ငပြည့်ညီလင်မယား နေရပန်ဆုကိုလိုရကား ဘုရား သာသနာတွင် ဓမ္မသာပြု၏။ ဓမ္မသာကို သိမ်ပြုတုံ ၏။ သိမ်ကိုလှူသောလယ် ၃ ၁/၄။ အိုထွေးမည်သော ကျွန်တစ်ယောက်။ လယ် ၃ ၁/၄လယ်ကား သိမ်၌ဥပုသ် ပဝါရဏာမူသော သခင်တို့ဆွမ်းဖြစ်စေသတည်း။ ဤ ကောင်းမှုကို ဖျက်သသူတို့ကား ပဉ္စာနန္တရိက်ငရဲ ခံစေ သတည်း။ ချီးပင့်ပါသသူတို့သည်ကား ငါနှင့်အတူ ရစ ပါစေသတည်း။ သဗ္ဗသတ္တဝါ လူနတ်တကာအလုံး ရစ ပါစေသတည်း။]
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |