ကြင်ငွေ့ငယ်ဆုံသူ
ထိမ်သဖန်းငယ်နှင့် လိမ်သန်းငဲ့ဖလံ၊
တယ်ပေါက်ကယ်သန်သည်၊
နယ်မြောက်ဌာန်ငါတို့တောဆီက၊
လေရောရာ မိုးတွေဆင်လျှင်၊
မရွှင်လွမ်းလိုက်လှနော်အဝေး။
ဆေးမင်ကြောင်ငယ် ပေါင်တစ်ဖက်ထိုး၊
ကွက်ပုဆိုးနှင့် ရက်ပိုးမပါ၊
ပေါင်းပုဝါလည်း ခေါင်းမှာပေညစ်၊
ဗလပွေရစ်လို့ ထွေသစ်ကယ်မဆို၊
ကျည်းပင်လျှိုမှာ၊ နှစ်ကိုယ်ယှဉ်တွေ့၊
မြင်သနေ့ရယ်က၊ ကြင်ငွေ့ငယ်ဆုံသူ၊
အကျွန့်လူလည်း၊ ရွှံ့ထူမြေတာ၊
ဟိုတစ်ရွာက ပေါ်မလာလို့၊
မျှော်ကာသာငိုမိတယ်၊
နေညိုစချိန်ဆီကို၊
တိမ်အနီ ပြာအကွက်ကယ်က၊
ညှာဘယ်ကိုသူမပေးလို့၊
ဆွေးလှတယ်လေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |