947မောင်ခွေးဖို့ ကဗျာများ — ၄၁။ ခရီးသည်မင်းသုဝဏ်

ခရီးသည် ဆရာကြီး
ဦးဖိုးဂေါက်။
မနက်ချိန် နေသာတော့
လေးချောင်း...ထောက်။
နေ့ခင်းချိန် နေပူတော့
နှစ်ချောင်း...လျှောက်။
ညနေချိန် နေညိုတော့
သုံးချောင်း...ထောက်။
မိုးချုပ်ချိန် နေအေးတော့
စခန်း...ရောက်။
ခရီးသည် ဆရာကြီး
ဦးဖိုးဂေါက်။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.