ခေမာဝရဘုရားကျောက်စာ (သက္ကရာဇ် ၅၆၉)
by နားတောင်းများမင်းကြီး
962ခေမာဝရဘုရားကျောက်စာသက္ကရာဇ် ၅၆၉နားတောင်းများမင်းကြီး

၁၊၂၊၃၈၊၁။
၁ “သကရစ် ၅၆၉ ခု ဇိတ..
၂ ...သံဝစ္ဆိရ်နှစ် တန်ခုလ္ဆန် ၁ရျက် ၅နိယ်အာ သြိတြိဘဝနာ ဒိတျာပဝရ ဓမ္မရာဇာမည့်
၃ ...တောင်မျာမင်ကြိသည် သဗ္ဗုညုဘုရှာဆုကိုဝ် လိုဝ်ချင် ရုယ်။ ရတ္တနာတိဆန်ကြယ်စွာေ
၄ ...လေပ္လု၎္တမူ၏ ပိဋကတ်ပ္လု၎္တမူ၏။ က္လောင်ပ္လု၎္တမူ၏။ ကခြိယ်သဘင် ရှုယ်ပေါက်၂ ငု
၅ ..၂ ဆမိသင်ပုတ်လေေည္ကာင်။ သ္ခိင်သင်္ဃာတိုဝ်ကိုဝ် မိတ္တာဘါဝနာမူသာစိသောငှာ”

[သက္ကရာဇ် ၅၆၉ ခု ဇိတ... သံဝစ္ဆိုရ်နှစ်၊ တန်ခူး လဆန်း ၁ရက်၊ ၅နေ့အား ဩီတြိဘဝနာဒိတျပဝရ ဓမ္မရာဇာမည်... တောင်းများမင်းကြီးသည် သဗ္ဗညုဘုရား ဆုကိုလိုချင်၍ ရတနာတိ ဆန်းကြယ်စွာ ‌ေ...လည်း ပြုတော်မူ၏။ ပိဋကတ်ပြုတော်မူ၏။ ကျောင်းပြုတော် မူ၏။ ကချေသဘင်၊ ရွှေပေါက်ပေါက်၊ (ငွေပေါက် ပေါက်)၊ ဆီမီးသင်ပုတ်လည်းကောင်း သခင်သံဃာ တို့ကို မေတ္တာဘာဝနာမူသာစိမ့်သောငှာ။]

၁၊၂၊၃၈၊၂။
၁၈ ...“ဆပ်
၁၉ သွာခ္လောင်အလွန် ဥတောင်တတွန်လျှင် အခြာတည်။”

[ဆပ်သွားချောင်းအလွန် ဥဒေါင်းတစ်တွန်လျှင် အခြားတည်း။]

၁၊၂၊၃၈၊၃။
၁၉ “စေည်ခရါတီရိုယ် ပိုဝ်ပါ အမတ်ရျာ ရဟန်သဃာ နှင်အ
၂၀ ကွ ရေစင်တဝ်ခ္လ၏။ ကြာပါ သိပါသေါ မင်သါအမတ်သတ္ထေ သူကြွဲတိုဝ်သည်လည် အနုမောတနာခဝ်ပါကုန်၏၊”

[စည်ခရာတီး၍ ဗိုလ်ပါ၊ အမတ်ရာ၊ ရဟန်းသံဃာ နှင့်အကွ ရေစင်တော်ချ၏။ ကြားပါ သိပါသော မင်းသား၊ အမတ်၊ သေဋ္ဌေး၊ သူကြွယ် တို့သည်လည်း အနုမောဒနာ ခေါ်ပါကုန်၏။]

၁၊၂၊၃၈၊၄။
၂၁ “ဤသိုဝ်စင်လှစွာမူရွှိယ် ငာလှူသေါမ္လိယ်ကိုဝ် အစိုဝ်ရ သတေဟု ဖျက်ဆီသေါ မင်လ‌ည္ကောင်၊ မင်သာ မင်မျာတို
၂၂ ဝ်သည်လ‌ည္ကောင်၊ အမတ်ရျာ ပိုဝ်ပါတိုဝ်သည်လ‌ည္ကောင်၊ စာလိုဝ်ရုယ်ယူသောလ‌ည္ကောင်၊ ဖျက်ဆီသေါလ
၂၃ ည္ကောင်၊ ဤလူလက်ထက် အပ္လစ် ၈ပါ ရေါက်စေသတေ။ ခန္ဓာပျက်သေါကာ လူနှစ်တွက်သော အနှစ် ၉သန်မှ တနိယ်
၂၄ ဟိသေါ သည္ဇိုဝ်ငြယ်၊ လူနှစ် ၃ကုတိယ်၆သန်မှ တနိယ် ဟိသေါ ကာလသုတ်ငြယ်၊ လူနှစ် ၁၄ကုတိယ်၊ မ္လတ်အနှစ်
၂၅ ၄သန်မှ တနိယ်ဟိသေါ တာပနငြယ်၊ လူနှစ် ၅၇ ကုတိယ်အမ္လတ် အနှစ် ၆သန်မှ တနိယ်ဟိသေါ ပတာပနငြယ်
၂၆ လူနှစ်တွက်သေါ အကုတိယ် ၂၃၀ အနှစ် ၄သန်မှ တနိယ် ဟိသေါ သင်္ဃာတငြယ်၊ လူနှစ်တွက်သေါ အကုတိ။
၂၇ ၉၂၁ ကုတိယ်အမ္လတ် အနှစ် ၆သန်မှ တနိယ်ဟိသေါ ရောရဝ်ငြယ်။ လူနှစ်တွက်သေါ အကုတိယ် ၃
၂၈ ၆၈၆ ကုတိယ်အမ္လတ် အနှစ် ၄ သန်မှ တနိယ်ဟိသေါ မဟာရေါရဝ်ငြယ်။ လူနှစ်တွက်သေါ အကုတိ
၂၉ ယ် ၁၄၇၄၅ ကုတိအမ္လတ် အနှစ် ၆သန်မှ တနိယ် ဟိသော အဝိစိငြယ်။ ဤငြယ်တိုဝ်နှိုက်လေ ကျက်
၃၀ လေစေသတေ၊ ၊”

[ဤသို့ စင်လှစွာမူ၍ ငါလှူသောမြေကို အစိုးရ သတည်းဟု ဖျက်ဆီးသော မင်းလည်းကောင်း၊ မင်းသား မင်းမယားတို့သည် လည်းကောင်း၊ အမတ်ရာ ဗိုလ်ပါတို့သည်လည်းကောင်း၊ စားလို၍ ယူသောလည်းကောင်း၊ ဖျက်ဆီးသောလည်းကောင်း ဤလူလက်ထက် အပြစ် ၈ပါး ရောက်စေသတည်း။ ခန္ဓာပျက်သောကား လူနှစ်တွက်သော အနှစ် ၉သန်း မှ တစ်နေ့ရှိသော သိဉ္ဇိုးငရဲ၊ လူနှစ် ၃ကုဋေ၆သန်း မှ တစ်နေ့ရှိသော ကာဠသုတ်ငရဲ၊ လူနှစ် ၁၄ကုဋေ (အ)မြတ် အနှစ် ၄သန်းမှ တစ်နေ့ရှိသော တာပန ငရဲ၊ လူနှစ် ၅၇ ကုဋေ အမြတ် အနှစ် ၆သန်းမှ တစ်နေ့ရှိသော ပတာပနငရဲ၊ လူနှစ်တွက်သော အကုဋေ ၂၃ဝ အနှစ် ၄သန်းမှ တစ်နေ့ရှိသော သင်္ဃာတငရဲ၊ လူနှစ်တွက်သော အကုဋေ ၉၂၁ကုဋေ အမြတ် အနှစ် ၆သန်းမှ တစ်နေ့ရှိသော ရောရုဝငရဲ၊ လူနှစ်တွက်သော အကုဋေ ၃၆၈၆ ကုဋေ အမြတ် အနှစ် ၄သန်းမှ တစ်နေ့ရှိသော မဟာရောရုဝငရဲ၊ လူနှစ်တွက်သော အကုဋေ ၁၄၇၄၅ ကုဋေ အမြတ် အနှစ် ၆သန်းမှ တစ်နေ့ရှိသော အဝီစိငရဲ ဤငရဲ တို့၌လည်း ကျက်လေစေသတည်း။]

၁၊၂၊၃၈၊၅။
၃၀ “ကောက်ကုသန် ဘုရှာသ္ခိင်သါသနှိုက် သတ္ထာသေါ သူတဝ်သည် လှူသေါ ဝတ်လယ်ကိုဝ် လိုဝ်ခ္လျင်
၃၁ ရွှယ် အခြာနှိုက်ဆေါက်သေါက္လောက်ကိုဝ် နုတ်ဘိရုယ် ဝတ်လဲကိုဝ် ယုတ်စေဘိသေါကြောင်၊ က္လေက်တိုင်
၃၂ လွှန်ရုယ် လယ်ကိုဝ်ယူသေါ ထိုဝ်ယောက်ကျာကာ သေခယ်သေါ အဓုလေ အရျက် ၆ဝသွာ အလျာ အနံ
၃၃ လေ အရျက် ၆ဝသွာဟိသော က္လောက်ဖျာတွင် ခာရွှယ် နှစ်လျက် ဘုရှာ ၃ယောက်လွှန်ပြိ ငတိုဝ်ဘုရှါ
၃၄ ကောတမ လွန်ဩင်(မလွန်ဩင်)[] မလွတ်တတ်သ ပြိတ္တာသိုဝ်သ ပြိတ္တာလေ ဖ္လစ်စေသတေ၊”

[ကကုသန်ဘုရားသခင်သာသ(နာ)၌ သဒ္ဓါသော သူတော် သည် လှူသော ဝတ်လယ်ကိုလိုချင်၍ အခြား၌ ဆောက်သော ကျောက်ကိုနုတ်ဘိ၍ ဝတ်လယ်ကို ယုတ်စေဘိသောကြောင့် ကျောက်တိုင်လွန်၍ လယ်ကို ယူသော ထိုယောက်ျားကား သေခဲ့သော အထုလည်း အရက် ၆ဝသွား၊ အလျားအနံလည်း အရက် ၆ဝ သွားရှိသော ကျောက်ဖျာတွင် ခါးရွေ့နစ်လျက် ဘုရားသုံးယောက်လွန်ပြီး ငါတို့ဘုရားဂေါတမ လွန် အောင် မလွတ်တတ်သော ပြိတ္တာသို့သော ပြိတ္တာ လည်း ဖြစ်စေသတည်း။]


၁၊၂၊၃၈၊၆။
၃၅ “ငာကောင်မှုကိုဝ် ခိပင်ပါသေါမင် မင်မျာ မင်သါ အမ
၃၆ တ် စစ်သူကြီ ပိုဝ်ပါ ရဟန်သင်္ဃာတိုဝ်သည် အရိယ်အရံမူလေ ယူပါ၏၊ ငဝတ္ထုကိုဝ် စါကာမမူ
၃၇ စူဖာသသူ၊ တိမ်ခဲပြိသည်ကိုဝ် ဖဝ်ပါသသူကာ၊ လူဖ္လစ်သေါလေ လူတကာထက်မ္လတ်
၃၈ စွာသ မင်စက္ကြာဝတိယ် သတ္ထေသူကြွယ်တိလျှင် ဖ္လစ် စေယ်သတေ။”

[ငါ့ကောင်းမှုကို ချီးပင့်ပါသော မင်း၊ မင်းမယား၊ မင်းသား၊ အမတ်၊ စစ်သူကြီး၊ ဗိုလ်ပါ၊ ရဟန်း သံဃာတို့သည် အရေးအရံမူလည်းယူပါ၏။ ငါ့ဝတ္ထု ကို စားကာမမူ စူဖာသသူ၊ တိမ်ခဲ့ပြီးသည်ကို ဖော် ပါသသူကား လူဖြစ်သောလည်း လူတကာထက် မြတ်စွာသော မင်းစကြဝတေး၊ သေဋ္ဌေး၊ သူကြွယ် တိလျှင် ဖြစ်စေသတည်း။]

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.
  1. * ပမာဒလေခဖြစ်ဟန်တူသည်။