ချဉ်ပေါင်ရွက်ဘွဲ့ လေးချိုး

ချဉ်ပေါင်ရွက်ဘွဲ့
by မန်လည်ဆရာတော်
976ချဉ်ပေါင်ရွက်ဘွဲ့မန်လည်ဆရာတော်

ရာသီ သူမလင့်၊
လွန်မမြင့် ပင့်နဂို။

ဖူးပွင့်ရယ် စီရရီနှင့်၊
ရိုးအနီ သန္တာနွဲ့၊
ဆူးလှည့်လို့ခို။

ပြည်ရွှေဘို မူလရင်းပေမို့၊
စားတော်သွင်း မြရွက်ညို
စာဆိုလို့မဆုံး။

အောင်တိုးငယ် ခေါ်၊
ဝက်သားကြော် ဆယ်ပြန်လိုက်တော့၊
မထိုက်တယ်ဆိုလျှင် ခံရမည်၊
နရကန်[] ချဉ်ပေါင်ရွက်ကယ်နှင့်ကွယ်
လဲလျက်မသုံး။ ။

မှတ်ချက်

ပြင်ဆင်ရန်

တမ်းပလိတ်:Reflist

  This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.
  1. နရကန် = မန္တလေးတောင်ဘက် တံခွန်တိုင်ရွာအနီးရှိ နရကန်ရွာ