ချိုချိုသာသာ ပြောဆိုပါ
သင်ခန်းစာ (၃၃)
ချိုချိုသာသာ ပြောဆိုပါ
ပြင်ဆင်ရန်ဘုရားရှင်လက်ထက်တော်အခါက မင်းကြီးတစ်ပါးရှိခဲ့သည်။ မင်းကြီး၏မယ်တော်သည် အပြော အဆို ကြမ်းတမ်းလွန်းသောကြောင့် သူ့ကို မည်သူကမျှ ချစ်ခင်လေးစားမှု မရှိကြပေ။ ထို့ကြောင့် မင်းကြီး သည်လည်း စိတ်မချမ်းမသာ ဖြစ်ရ၏။ မင်းကြီးက မယ်တော်ကြီးကို စကားချိုချိုသာသာ ပြောဆိုစေချင် သည်။ သို့သော် မယ်တော်ဖြစ်နေသောကြောင့် အမိန့်ပေးရန်လည်း ခက်ခဲနေသည်။ ထို့ကြောင့် မင်းကြီးသည် မယ်တော်ကြီးကို နည်းပရိယာယ်သုံးပြီး ပြောဆိုရန် နည်းလမ်းရှာဖွေနေခဲ့သည်။
တစ်နေ့သ၌ မင်းကြီးသည် မယ်တော်ကြီးနှင့်အတူ အပန်းဖြေရန် ဥယျာဉ်ထဲသို့ ထွက်လာခဲ့သည်။ ထို အချိန်တွင် ရောင်စုံအမွေးများဖြင့် လှပသော်လည်း အလွန်အသံဆိုးသော တစ်တီတူးငှက်တစ်ကောင်၏ အော်မြည်သံကို ကြားလိုက်ရသည်။ ထိုအခါ မင်းအခြွေအရံများသည် “တဲ့ ငှက်ယုတ် ... ကျက်သရေတုံးတဲ့ အသံကြီးနဲ့ မအော်စမ်းပါနဲ့”ဟု ပြောဆိုမောင်းထုတ်ကြသည်။ ရှေ့သို့ဆက်သွားသောအခါ အမွေးမည်းပြီး ရုပ်ဆိုးသော ဥသြငှက်တစ်ကောင်၏ အသံကို ကြားရပြန်သည်။ ထိုအသံကို ကြားသောအခါ မင်းအခြွေ အရံများသည် “အို .. ဥသြငှက်လေးရယ် ... မင်းရဲ့ သာယာလှတဲ့ အသံလေးနဲ့ တို့အားလုံးကို ဖျော်ဖြေပါဦး” ဟု ပြောဆိုကြလေသည်။
ထိုအဖြစ်အပျက်နှစ်ခုအား တွေ့မြင်ပြီးနောက် မင်းကြီးသည် မယ်တော်ကြီးကို သတိပေးပြောဆိုရန် ဥပမာရသွားလေသည်။ မင်းကြီးက “နားဝင်ဆိုးသောအသံရှိတဲ့ တစ်တီတူးလို ငှက်မျိုးကို ဘယ်သူမှ မချစ် ကြပါ။ အရုပ်ဆိုးပေမဲ့ အသံသာတဲ့ ဥသြငှက်လေးကိုတော့ လူတိုင်းက ချစ်ခင်ကြပါတယ်”ဟု မိခင်ကြီးအား ပြောပြပါသည်။ ထိုအခါ မယ်တော်ကြီးသည် အသိတရားရသွားပြီး လူတိုင်းကို ချိုချိုသာသာ ပြောဆိုဆက်ဆံ လေတော့သည်။ လူအများကလည်း မယ်တော်ကြီးကို ရိုသေချစ်ခင်လာကြသည်။ နောက်ဆုံး၌ မယ်တော် ကြီးသည် သားတော်အား ကျေးဇူးတင်ကြောင်းပြောပြီး သားအမိနှစ်ယောက် ပို၍ချစ်ခင်ပျော်ရွှင်စွာ နေထိုင် သွားခဲ့ကြလေသည်။
ဝစီဒုစရိုက်လေးပါး
ပြင်ဆင်ရန်၁။ မုသာဝါဒ (လိမ်ညာပြောဆိုခြင်း)
၂။ ပိသုဏဝါစာ (ကုန်းတိုက်စကား ပြောဆိုခြင်း)
၃။ ဖရုသဝါစာ (စကားကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခြင်း)
၄။ သမ္ဖပ္ပလာပဝါစာ (အကျိုးမရှိသောစကားကို ပြောဆိုခြင်း)။
ယဉ်ကျေးကြစို့
ပြင်ဆင်ရန်စကားပြောဆို နားဝင်ချို၊ သိမ်မွေ့ကြစေလို။
လိမ်ညာတာကို တို့ရှောင်ရှား၊ မမှန်တဲ့ မုသား။
ထောင်လွှားမာန အပြစ်တွေ၊ မဖြစ်ကြအောင်နေ။
ရိုသေထိုက်သူ ရိုသေလို့၊ ယဉ်ကျေးကြပါစို့။ ။