ငါ့မာန မေတ္တာစာ
နဂိုပါ ဇာတာအလိုက်
ငါ့ဇရိုက် ငါ့အကြံ
မာနကခံရာမွာ
ဥဒ္ဓံယာဝ ဘဝဂ္ဂါစ
ဘယ့်ကလောက် ဆင်းရဲတော့
တပဲမျှ ဝန်မချဘူး။
ကယ်မပါ ကြည့်ရှုပါ
ပြုစုပါ ထောက်ပံ့ပါ
မွဲသွေ့သွေ့ မျက်နှာနဲ့
ကိုယ်ချမ်းသာရကြောင်း
ငယ်ပေါင်းစုတ်ပဲ့
နုန့်နဲ့သည့်စကားများကို
မေ့မှားလို့ ဆိုမိလျှင်
လျှာတိုအောင် ရိတ်ချင်၏။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |