ငွေမျက်နှာ တေးထပ်
သည်ခေတ်တွင် သည်ကာလ၊
ငွေစတဲ့ ရှေ့ဆောင်၊
မွဲရင်ဖြင့် လူ့ဘောင်မှာ၊
ခွေးတောင်မှ မလေး၊
မျိုးဇာတိ နွယ်မှန်ပင်၊
ငွေဓနံရှိအုံးမှဧ။
ဗူးတောင်းနစ်စောင်ခြမ်းပေါ်၊
ပုံဆိုသော် မဝေး၊
တဝမ်းဝင် တမိမွေးသော်မှ၊
ပေးနိုင်မှ ချစ်ကြည်၊
ဆွေမျိုးကို မဆိုထားပါနှင့်၊
ငွေအားသာ ဖြစ်ပါတော့သည်။
ဗြဟ္မစိုရ်လေးမည်၊
မတည်ကြည် ကုန်ကင်းလို့၊
ငွေအရင်း မင်းမူသည့်တာ၊
တင့်တယ်လှပါ၊
လူရေတတ် မျက်နှာငယ်၊
စက္ကဝါနယ်ဝန်းသို့လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |