စစ်သေနာပတိချုပ်၏ အမိန့်ကြော်ငြာစာ အမှတ် ၃၃

စစ်သေနာပတိချုပ်၏ အမိန့်ကြော်ငြာစာ (1952)
by နေဝင်း
1064စစ်သေနာပတိချုပ်၏ အမိန့်ကြော်ငြာစာ1952နေဝင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်

စစ်သေနာပတိချုပ်ရုံး

စစ်သေနာပတိချုပ်၏အမိန့်ကြော်ငြာစာ

အမှတ် ၃၃

ရန်ကုန်မြို့၊ ၁၃၁၄ ခု၊ နတ်တော်လဆန်း ၁၅ ရက်။

(၁၉၅၂ ခု၊ ဒီဇင်္ဘာလ ၁ ရက်။)

အမှတ် ၃၃။ ။ ၁၉၅၂ ခု၊ ရှမ်းပြည်နယ်၌၊ စစ်ဥပဒေ ခေတ္တထုတ်ပြန်ကျေညာမှု အက်ဥပဒေပုဒ်မ ၃ အရ၊ ကျွန်ုပ်အားအပ်နှင်းသည့် အာဏာများကိုသုံးစွဲလျက်၊ ၁၉၅၂ ခုနှစ်၊ စစ်အုပ်ချုပ်ရေးကျေညာချက်အမှတ် (၂) ပါပြဋ္ဌာန်းချက်များကို၎င်း၊ ကျွန်ုပ်ထုတ်ဆင့်သည့် အမိန့်ကို၎င်း၊ မဆန့်ကျင်စေဘဲ၊ ကျွန်ုပ် ပြည်ထောင်စုလက်နက်ကိုင်တပ်ပေါင်းစုံ စစ်သေနာပတိချုပ် မဟာသီရိသုဓမ္မ ဗိုလ်ချုပ်နေဝင်းက၊ ဝဏ္ဏကျော်ထင် ဦးညီပု (၂)၊ မြန်မာနိုင်ငံဝန်ထမ်း (အထက်တန်း)၊ ခေတ္တတိုင်းမင်းကြီးအား၊ ရှမ်းပြည်နယ်အတွင်းရှိ စစ်အုပ်ချုပ်ရေးသတ်မှတ်ရာဒေသများတွင်၊ နယ်မင်းကြီးအဖြစ်ဖြင့် ခေတ္တ ခန့်အပ်လိုက်သည်။

အမှတ် ၃၄။ ။ ၁၉၅၂ ခု၊ ရှမ်းပြည်နယ်၌ စစ်ဥပဒေခေတ္တထုတ်ပြန်ကျေညာမှု အက်ဥပဒေပုဒ်မ ၃ အရ၊ ကျွန်ုပ်အားအပ်နှင်းသည့် အာဏာများကိုသုံးစွဲလျက်၊ ၁၉၅၂ ခုနှစ်၊ စစ်အုပ်ချုပ်ရေးကျေညာချက်အမှတ် (၂) ပါ ပြဋ္ဌာန်းချက်များကို၎င်း၊ ကျွန်ုပ်ထုတ်ဆင့်သည့် အမိန့်များကို၎င်း၊ မဆန့်ကျင်စေဘဲ၊ ကျွန်ုပ် ပြည်ထောင်စုလက်နက်ကိုင်တပ်ပေါင်းစုံစစ်သေနာပတိချုပ် မဟာသီရိသုဓမ္မဗိုလ်ချုပ်နေဝင်းက၊ ဦးဘရှင် (၂)၊ မြန်မာနိုင်ငံဝန်ထမ်း (အထက်တန်း)၊ ခေတ္တခရိုင်ဝန်အား၊ ရှမ်းပြည်နယ်အတွင်းရှိ စစ်အုပ်ချုပ်ရေး သတ်မှတ်ရာဒေသများတွင် တောင်ကြီးခရိုင်၊ ခရိုင်ဝန်အဖြစ်ဖြင့် ခေတ္တခန့်အပ်လိုက်သည်။

အမှတ် ၃၅။ ။ ၁၉၅၂ ခု၊ ရှမ်းပြည်နယ်၌ စစ်ဥပဒေခေတ္တထုတ်ပြန်ကျေညာမှု အက်ဥပဒေပုဒ်မ ၃ အရ၊ ကျွန်ုပ်အားအပ်နှင်းသည့် အာဏာများကိုသုံးစွဲလျက်၊ ၁၉၅၂ ခုနှစ်၊ စစ်အုပ်ချုပ်ရေးကျေညာချက်အမှတ် (၂) ပါ ပြဋ္ဌာန်းချက်များကို၎င်း၊ ကျွန်ုပ်ထုတ်ဆင့်သည့် အမိန့်ကို၎င်း၊ မဆန့်ကျင်စေဘဲ၊ ကျွန်ုပ် ပြည်ထောင်စုလက်နက်ကိုင်တပ်ပေါင်းစုံ စစ်သေနာပတိချုပ် မဟာသီရိသုဓမ္မ ဗိုလ်ချုပ်နေဝင်းက၊ ဦးဘထွန်း (၄)၊ မြန်မာနိုင်ငံဝန်ထမ်း (အထက်တန်း)၊ ခေတ္တခရိုင်ဝန်အား၊ ရှမ်းပြည်နယ်အတွင်းရှိ စစ်အုပ်ချုပ်ရေး သတ်မှတ်ရာဒေသများတွင် ကလောခရိုင်၊ ခရိုင်ဝန်အဖြစ်ဖြင့် ခေတ္တခန့်အပ်လိုက်သည်။

အမှတ် ၃၆။ ။ ၁၉၅၂ ခု၊ ရှမ်းပြည်နယ်၌၊ စစ်ဥပဒေခေတ္တထုတ်ပြန်ကျေညာမှု အက်ဥပဒေပုဒ်မ ၃ အရ၊ ကျွန်ုပ်အားအပ်နှင်းသည့် အာဏာများကိုသုံးစွဲလျက်၊ ၁၉၅၂ ခုနှစ်၊ စစ်အုပ်ချုပ်ရေးကျေညာချက်အမှတ် (၂) ပါ ပြဋ္ဌာန်းချက်များကို၎င်း၊ ကျွန်ုပ်ထုတ်ဆင့်သည့် အမိန့်ကို၎င်း၊ မဆန့်ကျင်စေဘဲ၊ ကျွန်ုပ် ပြည်ထောင်စုလက်နက်ကိုင်တပ်ပေါင်းစုံ စစ်သေနာပတိချုပ် မဟာသီရိသုဓမ္မ ဗိုလ်ချုပ်နေဝင်းက၊ ဦးအုန်းဖေ၊ မြန်မာနိုင်ငံဝန်ထမ်း(အထက်တန်း)၊ ခေတ္တခရိုင်ဝန်အား၊ ရှမ်းပြည်နယ်အတွင်းရှိစစ်အုပ်ချုပ် ရေး သတ်မှတ်ရာဒေသများတွင် လွယ်လင်ခရိုင်၊ ခရိုင်ဝန်အဖြစ်ဖြင့် ခေတ္တခန့်အပ်လိုက်သည်။

ဗိုလ်နေဝင်း
ဗိုလ်ချုပ်ကြီး
ပြည်ထောင်စုမြန်မာနိုင်ငံလက်နက်ကိုင်တပ်ပေါင်းစုံ
စစ်သေနာပတိချုပ်