စာမျက်နှာ:ပါရာဇိကပါဠိတော်.pdf/103

ဤစာမျက်နှာကို ပရုဖ်မဖတ်ရသေးပါ

တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် ကျောင်းနံရံ ဆောက်လုပ်ကြရာ ရဟန်းတစ်ပါးသည်အောက်မှ နေ၍ အုတ်ကို ပင့်မြှောက်၍ ပေး၏၊ အထက်က ရဟန်းသည် မကောင်းသဖြင့် ကိုင်ယူသည်ဖြစ်၍ အုတ်သည် အောက်က ရဟန်း၏ ဦးထိပ်၌ တည့်တည့်ကျ၍ ထိုရဟန်းသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအားအာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၆)

တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် ကျောင်းနံရံ ဆောက်လုပ်ကြရာ ရဟန်းတစ်ပါးသည့်အောက်မှ နေ၍ အုတ်ကို ပင့်မြှောက်၍ ပေး၏၊ အထက်က ရဟန်းသည် သေစေလို၍ အောက်ကရဟန်း၏ ဦးထိပ်၌ အုတ်ကို လွှတ်ချလေရာ ထိုရဟန်းသည် သေလေ၏။ပ။

ထိုရဟန်းသည် မသေချေ၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၇-၁၈)

၁၈၃။ တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် အမှုသစ် 'ကျောင်းဝေယျာဝစ္စ' ကို ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည် အောက်မှ နေ၍ ပဲခွပ်ကို ပင့်မြှောက်၍ ပေး၏၊ အထက်က ရဟန်းသည် မကောင်းသဖြင့် ကိုင်ယူသည်ဖြစ်၍ ပဲခွပ်သည် အောက်က ရဟန်း၏ ဦးထိပ်၌ တည့်တည့်ကျ၍ ထိုရဟန်းသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သေစေလိုစိတ်မရှိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၉)

တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည်အောက်မှ နေ၍ ပဲခွပ်ကို ပင့်မြှောက်၍ ပေး၏၊ အထက်က ရဟန်းသည် သေစေလို၍ အောက်ကရဟန်း၏ ဦးထိပ်၌ ပဲခွပ်ကို လွှတ်ချလေရာ ထိုရဟန်းသည် သေလေ၏။ပ။

ထိုရဟန်းသည် မသေချေ၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂၀-၂၁)

တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည်အောက်မှ နေ၍ အခြင်ရနယ်ကို ပင့်မြှောက်၍ ပေး၏၊ အထက်က ရဟန်းသည် မကောင်းသဖြင့် ကိုင်ယူသည်ဖြစ်၍ အခြင်ရနယ်သည် အောက်က ရဟန်း၏ ဦးထိပ်၌ တည့်တည့်ကျလေရာ ထိုရဟန်းသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သေစေလိုစိတ် မရှိသောရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၂၂)

တစ်ရံရောအခါ အာဠဝီမြို့သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကြရာ ရဟန်းတစ်ပါးသည်အောက်မှ နေ၍ အခြင်ရနယ်ကို ပင့်မြှောက်၍ ပေး၏၊ အထက်က ရဟန်းသည် သေစေလို၍ အောက်ကရဟန်း၏ ဦးထိပ်၌ အခြင်ရနယ်ကို လွှတ်ချလေရာ ထိုရဟန်းသည် သေလေ၏။ပ။