စာမျက်နှာ:ပါရာဇိကပါဠိတော်.pdf/119

ဤစာမျက်နှာကို ပရုဖ်မဖတ်ရသေးပါ

သမာပတ်ဟူသည် ကိလေသာဆိတ်သုဉ်း၍ ဝင်စားခြင်း 'သုညတသမာပတ်'၊ ကိလေသာ အကြောင်းနိမိတ်မရှိ၍ ဝင်စားခြင်း 'အနိမိတ္တသမာပတ်'၊ ကိလေသာတောင့်တမှု မရှိ၍ ဝင်စားခြင်း'အပ္ပဏိဟိတသမာပတ်'တည်း။

ဉာဏ်အမြင်ဟူသည် ဝိဇ္ဇာသုံးပါးတည်း။

မဂ်ကို ပွါးများခြင်းဟူသည် သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေ ငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ မြတ်သော မဂ္ဂင်ရှစ်ပါးတည်း။

ဖိုလ်ကို မျက်မှောက်ပြုခြင်းဟူသည် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်း၊ သကဒါဂါမိ ဖိုလ်ကိုမျက်မှောက်ပြုခြင်း၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်း၊ အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခြင်းတည်း။

ကိလေသာကို ပယ်ခြင်းဟူသည် ရာဂကိုပယ်ခြင်း၊ ဒေါသကိုပယ်ခြင်း၊ မောဟကိုပယ်ခြင်းတည်း။

နီဝရဏမှ ကင်းခြင်းဟူသည် ရာဂမှ စိတ်၏ အပိတ်အပင် 'နီဝရဏ' ကင်းခြင်း၊ ဒေါသမှ စိတ်၏အပိတ်အပင် 'နီဝရဏ' ကင်းခြင်း၊ မောဟမှ စိတ်၏ အပိတ်အပင် 'နီဝရဏ' ကင်းခြင်းတည်း။

ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်းဟူသည် ပဌမဈာန်ဖြင့် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌့မွေ့လျော်ခြင်း၊ ဒုတိယဈာန်ဖြင့် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်း၊ တတိယဈာန်ဖြင့်ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်း၊ စတုတ္ထဈာန်ဖြင့် ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌မွေ့လျော်ခြင်းတည်း။

၄-စတုတ္ထပါရာဇိကသိက္ခာပုဒ် အဖွင့် ပြီး၏။

၄-စတုတ္ထပါရာဇိက သုဒ္ဓိကဝါရ

၂၀၀။ မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီးရဟန်းသည် "ငါမဟုတ်မမှန် ပြောမိပြီ"ဟုသိ၏၊ (ဤ) အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ (ငါ့အား ပဌမဈာန် မရှိဟူသော မိမိ၏) အယူအဆကို ဖုံးထားလျက် အကြောင်းလေးမျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားခဲ့ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ (ငါ့အား ပဌမဈာန် မရှိဟူသော မိမိ၏) အယူအဆကို ဖုံးထားလျက် (ငါ့အား ပဌမဈာန် မရှိဟူသောမိမိ၏) နှစ်သိမ့် သဘောတူညီမှုကို ဖုံးထားလျက် အကြောင်းငါးမျိုးတို့ဖြင့် ပဌမဈာန်ကို ဝင်စားခဲ့ပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။