စာမျက်နှာ:ပါရာဇိကပါဠိတော်.pdf/84

ဤစာမျက်နှာကို ပရုဖ်မဖတ်ရသေးပါ

သည် သုံးမျိုးစပ် ဆန်ပြုတ်၁ 'ယာဂု'ကို သောက်လိုပါသတတ်"ဟု အကျိုခိုင်း၍ ဆောင်ယူခဲ့ပြီးလျှင် မိမိကိုယ်တိုင် သုံးဆောင်၏၊ ထို (ထုလ္လနန္ဒာ) ရဟန်းမိန်းမသည် သိ၍ ထိုရဟန်းမိန်းမကို "သင်သည် ရဟန်းမိန်းမ မဟုတ်တော့ပြီ"ဟုစွပ်စွဲ၏၊ ထိုရဟန်းမိန်းမအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ ထို့နောက် ထိုရဟန်းမိန်းမသည်ရဟန်းမိန်းမတို့အား ဤအကြောင်းကို ပြန်ကြားပြောဆို၏၊ ရဟန်းမိန်းမတို့သည်ရဟန်းယောက်ျားတို့အား ဤအကြောင်းကို ပြန်ကြား ပြောဆိုကုန်၏၊ ရဟန်းယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။

ရဟန်းတို့ ပါရာဇိကအာပတ် မသင့်၊ သိလျက် မဟုတ်မမှန် ပြောဆိုမှုကြောင့် ပါစိတ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၄၅)

တစ်ရံရောအခါ ရာဇဂြိုဟ်မြို့၌ ထုလ္လနန္ဒာရဟန်းမိန်းမ၏ အနီးနေတပည့် ရဟန်းမိန်းမသည် ထုလ္လနန္ဒာ၏အလုပ်အကျွေးအမျိုး 'ဒါယကာ' ထံသို့ သွား၍ အသျှင်မ (ထုလ္လနန္ဒာ) သည် မုန့်ချိုလုံးကိုစားလိုပါသတတ်"ဟု အချက်ခိုင်း၍ ဆောင်ယူခဲ့ပြီးလျှင် မိမိကိုယ်တိုင် သုံးဆောင်၏၊ ထို (ထုလ္လနန္ဒာ) ရဟန်းမိန်းမသည် သိ၍ ထိုရဟန်း မိန်းမကို "သင် ရဟန်းမိန်းမ မဟုတ်တော့ပြီ"ဟု စွပ်စွဲ၏၊ ထိုရဟန်းမိန်းမအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။

ရဟန်းတို့ ပါရာဇိကအာပတ် မသင့်၊ သိလျက် မဟုတ်မမှန် ပြောဆိုမှုကြောင့် ပါစိတ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၄၆)

၁၅၈။ တစ်ရံရောအခါ ဝေသာလီမြို့၌ အသျှင်အဇ္ဇုက၏ အလုပ်အကျွေး ဒါယကာအား သား နှင့်တူအားဖြင့် သူငယ်နှစ်ယောက် ရှိကြရာ ထိုဒါယကာသည် အသျှင်အဇ္ဇုကကို "အသျှင်ဘုရား ဤသူငယ်နှစ်ယောက်တို့တွင် သဒ္ဓါတရားရှိ၍ ရတနာသုံးပါးကို ကြည်ညိုသော သူငယ်အား ဤ (ဥစ္စာစု)၏ အခွင့်အရေးကို ပြောကြားတော်မူပါ"ဟု လျှောက်ထား၏၊ ထိုအခါ ထိုဒါယကာ၏ တူသည် သဒ္ဓါတရားရှိ၍ရတနာသုံးပါးကို ကြည်ညိုသူ ဖြစ်ရကား အသျှင်အဇ္ဇုကသည် ထို (ဥစ္စာစု)၏ အခွင့်အရေးကို ထိုသူငယ် (တူဖြစ်သူ) အား ပြောကြား၏၊ ထိုသူငယ်သည် ထိုဥစ္စာစုဖြင့် ရောင်းဝယ်ဖောက်ကားမှု (ဥစ္စာစု) ကိုလည်းတည်တံ့စေ၏၊ အလှူအတန်းကိုလည်း ဖြစ်စေ၏၊ ထိုအခါ ထိုဒါယကာ၏ သားသည် အသျှင်အာနန္ဒာအား-

"အသျှင်ဘုရား အာနန္ဒာ အဘယ်သူသည် ဖခင်၏ အမွေခံပါနည်း၊ သားလော၊ သို့မဟုတ် တူလော"ဟု (လျှောက်ထား၏)။

ငါ့သျှင် ဒါယကာ သားသည် ဖခင်၏ အမွေခံပင်တည်းဟု (ပြောကြား၏)။

အသျှင်ဘုရား ဤအသျှင်အဇ္ဇုကသည် တပည့်တော်တို့၏ ဥစ္စာနှစ်ကို တပည့်တော်တို့၏ ယောက်ဖ'အဖေ့တူ' အား ညွှန်ကြားလေပြီဟု (လျှောက်၏)။

ငါ့သျှင် ဒါယကာ အသျှင်အဇ္ဇုကသည် ရဟန်းမဟုတ်တော့ပြီဟု (ပြောကြား၏)။

ထိုအခါ အသျှင်အဇ္ဇုကသည် အသျှင်အာနန္ဒာကို "ငါ့သျှင်အာနန္ဒာ ငါ့အား အဆုံးအဖြတ် ပေးပါ"ဟုပြောဆို၏၊ ထိုအခါ၌ အသျှင်ဥပါလိသည် အသျှင်အဇ္ဇုက၏ ဘက်သို့ လိုက်တော်မူ၏၊ အသျှင်ဥပါလိသည်အသျှင်အာနန္ဒာအား-

"ငါ့သျှင်အာနန္ဒာ ဥစ္စာရှင်က ဤ (ဥစ္စာစု)၏ အခွင့်အရေးကို ဤမည်သောသူအား ပြောပါဟုမှာထားသဖြင့် ထိုသူငယ်အား ပြောရာ ထိုပြောသော ရဟန်းသည် အဘယ်အပြစ် 'အာပတ်' သင့်ပါသနည်း"ဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်အာပတ်မှ မသင့်ပါ၊ အယုတ်သဖြင့် ဒုက္ကဋ်မျှပင် မသင့်ပါဟု (လျှောက်၏)။

ငါ့သျှင်အာနန္ဒာ ဤအသျှင်အဇ္ဇုကသည် ဤ (ဥစ္စာစု)၏ အခွင့်အရေးကို ဤမည်သော သူအားညွှန်ကြားတော်မူပါဟု ဥစ္စာရှင်က မှာထားသဖြင့် ထိုသူငယ်အား ညွှန်ကြား၏၊ ငါ့သျှင်အာနန္ဒာ အသျှင်အဇ္ဇုကအား အာပတ် မသင့် 'အပြစ်မရှိ'ဟု (မိန့်ဆို၏)။ (၁၄၇)