ပူရဏ်ကျမ်း
သ္မီးရတနာကိုသာ ကျွန်ုပ်အားပေးပါလော။ ဘေဒကမင်း
ကြီးအား မကြားဘူးသော ထုံးဟောင်းစကားကို ကျွန်ုပ်ပြော
ဆို၍ များစွာသော ဆုလာတ်ကို ယူပါအံ့" ဟု ဆိုပေ၏။ ထိုစ
ကားကိုကြားလျှင် သူဋ္ဌေးကြီးကလည်း အားရဝမ်းသာရှိ
လျက် မိမိသ္မီးကို ဆောင်နှင်း၍ "ငါ့တူသမက်။ နက်ဖြန်နံနက် ငါ
နှင့်အတူ မင်းအိမ်သို့ လိုက်လှည့်" ဟု ခေါ်၏။ ထိုလုလင်ကလည်း
"အရှင်သူဋ္ဌေးသာ သွားနှင့်။ မင်းကြီးမေးသောအခါ အကျွန်ုပ်
မပြောတတ်ပါဟု မဆိုလင့်။ ကျွန်ုပ်ထက် ကျွန်ုပ်၏ တူသမက်
သည် ပညာနက်၏။ ထိုသူကို ခေါ်တော်မူပါဟု လျှောက်လေ
လော့" ဟူ၍ သင်ပေ၏။ သူဋ္ဌေးကလည်း "ကောင်းပြီ" ဟု ဝန်ခံ၍
နံနက်သောကာလ မင်းရင်ပြင်သို့ သွားလေသော် ဘေဒက
မင်းကြီးကလည်း "အချင်းသူဋ္ဌေး။ ယမန်နေ့ ငါမေးသေါအတိုင်း
မင်းတို့၏ မှတ်နာစဖွယ် ဆန်းကြယ်ထူးမြတ်သောစကားကို
ပြောလော" ဟု ဆို၏။ သူဋ္ဌေးကလည်း "အရှင်မင်းကြီး အကျွန်ုပ်
ထက် အကျွန်ုပ်တူသမက်သဉ် ပညာနက်၏။ ထိုသူကို ခေါ်တော်
မူပါ" ဟု လျှောက်၏။ မင်းကြီးလည်း အားရဝမ်းသာလျက် "သူ
ဋ္ဌေးတူသမက်ကို ခေါ်ချေ" ဟု စေလိုက်၏။ တူသမက်လည်း
မြင်းယဉ်စီး၍ လာပြီးလျှင် မင်းရင်ပြင်သို့ဝင်၍ ရိုသေစွာရှိခိုး
လျက် နေပေ၏။ ထိုအခါ ဘေဒကမင်းကြီးက ဤသို့ ဆို၏။ "သူ
ဋ္ဌေးတူသမက်။ အဆက်ဆက်သော လွန်လေပြီးသော ပြည်ကြီး
သေဉ်နင်း မင်းတကာတို့၏ မှတ်နာဘွယ်သော စကားဟောင်း
စကားထူးကို ပြောဆိုပါလော့။ ပြောစွမ်းနှိုင်မူကား သင်အား
ငါ ခြီးမြှောက်အံ့။ မပြောနှိုင်မူကား ပယ်ရှားသုတ်သင်အံ့။
ပညာမဲ့သောသူကို ငါ အလိုမရှိ" ဟု ဆိုပေ၏။ သူဋ္ဌေးတူသမက်
လည်း "အရှင်မင်းမြတ် တတ်မှတ်စရာ ပညာသိပ္ပရစ ကောင်း
သောစကားဟောင်းမည်သည်ကား အဘိုးများစွာ ထိုက်ချေ
သည်။ အရှင်မင်းကြီးသည် ဘယ်မျှလောက် ပူဇော်နှိုင်အံ့