စကားသည် မင်းခစားသူတို့အား အနုသာသနီဖြစ်သည်။
(၄၄) နန်းတော်မိုး၌ ငှက်ခတ်တဲထားသည်မှာ ကော
သမ္ဗီပြည် ကောသမ္ဗီမင်း၏ မိဘုရား ဆောင်းလအခါ ကမ္ဗ
လာနီကိုခြုံ၍ နေရောင်ခံသည်တွင် သားတစ်အမှတ်ဖြင့်
ကေသနီမိဘုရားကို ငှက်ကြီးချီ၍ တောအရပ်သစ်ပင်တွင်
တင်ထားသည်။ ပဋိသန္ဓေ အရင့်အမာပါသည်ဖြစ်၍ သား
ဘွားလေလျှင် ရသေ့ မွေးကျွေးပြုစုသည်။ ထိုမင်းကို ဥဒေန
မင်း ခေါ်ဝေါ်သမုတ်သည့် ရှေးအကြောင်းကို စွဲ၍ ငှက်
စောင့် ငှက်ခတ်တဲ ထားသည်ဟု ဆိုလေသည်။ တ
ကြောင်းလည်း ရာဇဂြိုဟ်ပြည်၌ ဗိမ္ဗိသာရမင်း၏ နန်း
ပြာသာဒ်ကို ဇမ္ဗုပတိမင်းသည် ခြေနင်းပျံစီး၍ ထိခိုက်
သောရန်ကြောင့် နန်းမိုး၌ အစောင့်ထားသည်လည်း ဆို
သည်။ ထိုစကားသည် ကျမ်းဂန်မလာမပါမရှိ၊ အခိုင်မယူ
သာ။ အနုကထာဖြစ်ရုံမျှသာ ရှိသည်။
(၄၅) ပြူတံခါး ပြူပြတင်း ခေါ်ဝေါ်သည်မှာ ဟံ
သာနဂရပြည်၌ ပြူမင်းလက်ထက် အဓိဋ္ဌာန်၍ ပြူမင်း မျက်
နှာပြလျှင် ရတနာမိုဃ်း ရွာသည်။ ရတနာမိုဃ်းရွာသော
ကြောင့် ထိုမင်းကို ပြူမင်း သမုတ်လေသည်။ ပြူမင်း မျက်
နှာပြုရာ အပေါက်ဘောက်သည်ကို ပြူပြတင်း ပြူတံ
ခါး ခေါ်ဝေါ်လေသည်။
(၄၆) ပွတ်လုံး ကျေးစေတိုင် ခေါ်ဝေါ်သည်မှာ
ဗာရာဏသီပြည်၌ ဗရာဏသီမင်း၏လက်ထက် အရှင်
အာနန္ဒာအလောင်း ကျေးကို စေသုံးသည်။ ထိုကျေးနား