ဤစာမျက်နှာကို ပရုမဖတ်ရသေးပါ
အပိုဒ် - ၁၀၉။

၁။ ယခုလက်ရှိ ပဋိညာဉ်စာချုပ်ကို ပြန်လည်စစ်ဆေးကြည်ရှုရန် အလို့ငှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်းစုံ အစည်းအဝေးကြီးကို အထွေထွေညီလာခံတွင် ပါဝင်သည့် နိုင်ငံ သုံးပုံနှစ်ပုံ၏ မဲဖြင့်လည်းကောင်း၊ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများအနက် ကိုးနိုင်ငံ၏ မဲဖြင့်လည်းကောင်း သတ်မှတ်သော နေ့ရက်နှင့် နေရာတွင် ကျင်းပနိုင်သည်။ ထိုနိုင်ငံပေါင်းစုံ အစည်းအဝေးကြီးတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအသီးသီးမှာ မဲတစ်မဲစီ ပေးပိုင်ခွင့်ရှိသည်။

၂။ ထိုနိုင်ငံပေါင်းစုံ အစည်းအဝေးကြီးသို့ တက်ရောက်သော နိုင်ငံသုံးပုံနှစ်ပုံတို့၏ မဲဖြင့် ထောက်ခံချက်အရ လက်ရှိ ပဋိညာဉ်စာချုပ်တွင် ပြုလုပ်အပ်သော ပြောင်းလဲချက် တစ်ခုခုကို လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအားလုံးအပါအဝင် ကမ္ဘာကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ သုံးပုံနှစ်ပုံတို့က မိမိတို့၏ ဆိုင်ရာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လိုက်နာကျင့်သုံးသည့် လုပ်ထုံးလုပ်နည်း များနှင့်အညီ လက်ခံအတည်ပြုသောအခါ ထိုပြောင်းလဲချက်သည် အတည်ဖြစ်ရမည်။

၃။ ယခုလက်ရှိ ပဋိညာဉ်စာချုပ် အတည်ဖြစ်ပြီးသည့်နောက် ဆယ်ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေညီလာခံ အစည်းအဝေးမကျင်းပမီ အဆိုပါ နိုင်ငံပေါင်းစုံ အစည်းအဝေးကြီးကို မကျင်းပရသေးလျှင် ယင်းနိုင်ငံပေါင်းစုံအစည်းအဝေးကြီးဖိတ်ခေါ်ရန် အဆိုကို ဆယ်ကြိမ်မြောက် အထွေထွေညီလာခံ အစည်းအဝေးအစီအစဉ်တွင် ထည်သွင်းရမည်။ ထိုနိုင်ငံ ပေါင်းစုံအစည်းအဝေးကြီးကို ကျင်းပရန် အထွေထွေညီလာခံတွင် ပါဝင်သော နိုင်ငံများ၏မဲများရာဖြင့်လည်ကောင်း၊ လုံခြုံရေးကောင်စီအဖွဲ့ဝင် ကိုးနိုင်ငံ၏မဲဖြင့်လည်းကောင်း ဆုံးဖြတ်လျှင် ထိုဆုံးဖြတ်သည့် အတိုင်းကျင်းပရမည်။


တမ်းပလိတ်:Asc

အပိုဒ် - ၁၁၀။

၁။ ယခုလက်ရှိ ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုး ထားကြသော နိုင်ငံများသည် မိမိတို့၏ သက်ဆိုင်ရာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ လိုက်နာကျင့်သုံးသည် လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်ခံအတည်ပြုရမည်။

၂။ လက်ခံအတည်ပြုချက်များကို အမေရိကန် ပြည်ထောင်စုနိုင်ငံ အစိုးရထံသို့ ပေးအပ်ရမည်။ ထိုသို့ပေး အပ်သည့်အခါတိုင်း အမေရိကန်နိုင်ငံ အစိုးရက စာချုပ် လက်မှတ်ရေးထိုးသည့် နိုင်ငံအားလုံးအားလည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အတွင်းရေးမှူးချုပ် ခန့်ထားပြီး ဖြစ်လျှင်လည်းယင်း အတွင်းရေးမှူးချုပ်အား လည်းကောင်း အကြောင်းကြားရမည်။