စာရေးသူ:ဒေါက်တာမောင်ဖြူး

တမ်းပလိတ်:Author


ဒေါက်တာမောင်ဖြူးကို အဖ ဦးအောင်ညွန့်၊ အမိ ဒေါ်ချောတို့မှ ၁၉၀၅ ခုနှစ်တွင် ပဲခူးခရိုင်၊ ပဲနွယ်ကုန်းမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း သုံးဦးရှိသည့်အနက် အငယ်ဆုံးဖြစ်သည်။ တရုတ်"တန်"လူမျိုးဖြစ်၍ အမည်၏ရှေ့တွင် "တန်" ထည့်ကာ တန်ဂွမ်လျောင်ဟု ခေါ်သည်။

မောင်ဖြူးဆိုသော ကလောင်နာမည် ယူခြင်းမှာ သူငယ်စဉ်က မိဘများ ဖြူးမြို့ကို ပြောင်းလာကြသည်။ ဖြူးမှာပဲ ကျောင်းနေ၊ ဖြူးမှာပဲ ကြီးပြင်လာ၍ မောင်ဖြူးဆိုတဲ့ ကလောင်အမည် ယူခဲ့ရာက မောင်ဖြူးဟု နာမည်တွင်လာသည်။

မောင်ဖြူး ငယ်စဉ်ကပင် ဖခင်ကွယ်လွန်ခဲ့ပြီး မိခင်မုဆိုးမကြီးသည် ငွေးကြေးပြည့်စုံသူ မဟုတ်ပါ။ သို့သော် မောင်ဖြူးက ပညာသင်ဆုများကို ဆက်တိုက်ရ၍ ဘီအေအောင်ခဲ့သည်။ ရန်ကုန်အစိုးရအထက်တန်းကျောင်းတွင် ပညာသင်နေစဉ် ၇ တန်း စကောလားရှစ်၊ ၁၀ တန်း စကေားလားရှစ်ရခဲ့သည်။ ၁၉၂၆-ခုနှစ်တွင် ဘီအေအောင်ခဲ့သည်။

စာပေလက်ရာများ

ပြင်ဆင်ရန်

တမ်းပလိတ်:Wikipedia