ဇနကမင်းသားလေး
သင်ခန်းစာ (၁၅)
ဇနကမင်းသားလေး
ပြင်ဆင်ရန်ဇနကမင်းသားလေး အသက် (၁၆) နှစ်အရွယ်တွင် အတတ်ပညာမျိုးစုံကို တတ်မြောက်ကျွမ်းကျင်ခဲ့သည်။
ကြီးပွားအောင်မြင်ရန် မိခင်ထံ ခွင့်တောင်းပြီး ပင်လယ်ခရီး ထွက်ခဲ့သည်။
မုန်တိုင်းမိပြီး သင်္ဘောနစ်မြုပ် သွားသောအခါ ရွက်တိုင်ထိပ်မှ ခုန်ချပြီး ဇွဲကောင်းကောင်းနှင့် ခုနစ်ရက်ကြာအောင် ပင်လယ်ပြင်တွင် လက်ပစ်ကူးနေတော့သည်။
ဇွဲကောင်းလှသော ဇနကမင်းသားလေးအား မေခလာနတ်သမီးက ကယ်တင်ခဲ့သည်။
ဇနကမင်းသား ဘုရားအလောင်းတော်
ပြင်ဆင်ရန်ဘုရားအလောင်း ဘုရားအလောင်း၊
ဝီရိယကောင်းတဲ့ ဘုရားအလောင်း။
ဘုရားအလောင်းရဲ့ သူ့နံမယ်(နာမည်)၊
ဇနကလို့ ခေါ်ပါတယ်။
ပင်လယ်ထဲမှာ လက်ပစ်ကူး၊
ဇွဲသတ္တိက ထူး။ ။
ချီးကျူးထိုက်တဲ့ သူ့လိုကွယ်။
တို့တွေ ကြိုးစားမယ်။
ပျင်းတယ်ဆိုတာ တို့အနား၊
မလာခဲ့နဲ့ သွား။ ။