တန်ခူးလဘွဲ့ တေးထပ်
ဆဲ့နှစ်လီ ဒွါရမှာ
ခါမိဿ ရာသီ၊
ယင်းအစ ဦးချီသည်
လတွင်မည် တန်ခူး။
စိတြကြယ်ပြောင်ရယ်
ညဉ့်သန်းခေါင်ကျခါမှမြူး။
နေ့နှင့်ညဉ့် နာရီဝယ်
သုံးဆယ်စီ မကြူး။
နှစ်လုံးညီ တပါဒ်ကူးလို့
နှစ်သစ်ဦး အခါ။
ပန်းဂန့်ကော် ရွှေရင်ကတ်ကယ်တို့
ဖူးပွင့်ချပ် စီလို့သာဖြာ။
ထည့်သုံးဘဝါး ရိပ်ဆာယာမှာ
တူမကွာ မောင်မယ်နွှဲလို့
မြတ်သည့်ပွဲ သင်္ကြန်တော်
တီးခြိမ့်ခြိမ့်ကျော်။
ထီးကမ္ဗု ရိပ်ပျော်ဝယ်
ခေါင်းလျှော်တော် မူမြဲထင့်လေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |