တန်ခူးလဘွဲ့ လေးချိုး
နှစ်လုံးရယ်တဲ့ ပါဒ်မှီ
ရေသွန်း စံပျော်လို့
ငွေကံ့ကော် ပိတောက်ပန်းရယ်
လန်းတဲ့ရာသီ။
စိတြ ရွှေကြယ်မြတ်ကယ်နှင့်
စန်းသမသတ်ပြည့်ခါမှီ
ညဉ့်နာရီနေခင်း။
မျှမပို
လအလို အခါထူးပါတဲ့
တန်ခူးသည် ဂိမှေ၌
ရဝိန်နေ မဇ္ဈေနန်းမှာ
မြန်းမည့်အတွင်း။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |