တန်ခူးလဘွဲ့ သဖြန်လေးဆစ်
ဟောင်းရွက်ညှာ ခါလှစ်လို့
တာသစ်ကဲ့ နံ့ကြိုင်
သုတ်ဖြူးလေဆော်က
ပန်းကံကော် ဝတ်မှုန်ကျင်း
သင်းတဲ့လို့လှိုင်။
ကြယ်နှစ်ဆိုင်
သွယ်ပြိုင်ပဝင်း
စိတြငယ်နှင့်
ငွေလသော်တာတို့
ယုဂန်ချာ တောင်တော်စွန်းမှာ
ထွန်းထိန်လို့လင်း။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |