တပို့တွဲလဘွဲ့ လွမ်းချင်း
ညံလို့သာသဲတော့တယ်
ပေါက်လဲငယ်ပွင့်ရံ
ထိန်ထိန်ငယ်လျှံသည်
ဆက်ရက်သံစာစာနှင့်
ငှက်ညီလာကျင်းတဲ့ လကိုလေး။
ကုံဟေမန်ငယ်
သင်္ကြံန်သွင်းမြဲ၊ တပို့တွဲမို့
မင်းပွဲရွှင်ပျော်၊ ယာဂုတော်နှင့်
ကြွေးကြော်ဆင်ပြင်
လွမ်းဘို့သာ မြင်တော့တယ်
ကောင်းကင်မြင့် တိမ်ဆီမှာ
ကြယ်မာဃီရောင်စုံကျင်းလို့
လင်းလှတယ်လေး။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |