တပေါင်းလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်
မြသွေးအခံ ပင်ယံစိမ်းမှာ
ရွှေလိမ်း ပြန်ကြ ဂုဏ်တပြိုင်
သွေယိန်းဟန်ပြ ပုံအကိုင်ဝယ်
လေသိမ်းမခိုင်ကြွေစလု။
မရီ့တခါ ရီတခါငယ်
ကလီကမာ ညိုမင်းလွင်သို့စု။
ကြိုင်ကြိုင်သင့်ပျံ့ အင်ကြင်းချီသည်
ပင်မင်းရွှေဖီ ခါရတု။
ပြင်ကွင်းပြီပြီ လောင်စာနုနှင့်
တောင်ယာအပြု ခေတ်တဂုံ။
ပုလဲ ရောင်ဝေ သောင်ဘွေမော့မှာ
မောင်ဆွေမယ်ကြော့ ငှက်ပေါင်းညီလာစုံ။
ဖြေမရဲပ ကြေကွဲကြုံအောင်
ငွေသဲစိန်မှုံ စေတီဆင်လို့
ဘရဂုဏ်ပွင့် ယုန်နှင့်ချိန်တာ
မိန်ဦးသာတင့်စွာ။
ထေရ်ကာဠုဒ ကြောက်ဘွဲ့လျှာငယ်
ခြောက်ဆဲ့ဂါထာ စီကုံးပေရလေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |