တပေါင်းလဘွဲ့ လေးချိုးပုလဲ
နွေရာသီ မိန်ဓလေ့ပေမို့၊
ဆွေသာကီ မသိမ်မွေ့နိုင်ဘု၊
ဣန္ဒြေ့ရင်မို့နော်။
အပူဖြိုးသော်ကော၊
မြူခိုးရယ် တဝေဝေကြောင့်၊
အထွေထွေ ရွှေရင်ထုပါလို့၊
တင်ပုဆွေ မြေမှာလဲချင်ပေါ့၊
ကွဲရနှစ်ဘော်။
ရွက်ဟောင်းဝါ ဈာန်ယာဉ်ပြောင်းပါလို့၊
ရွက်သစ်ဖြာ ညာလက်မောင်းငယ်နှင့်၊
တပေါင်းလသည်အမော်၊
ကြည်တော်မြနိုင်ဘူး။
သာခုခါ၊
ကာဠုဒါ ရွှေဂါထာကြောင့်၊
ဒေသစာ ကပ္ပီနန်းကိုကွယ်၊
မြန်းကြလို့ကူး။ ။
မှတ်ချက်
ပြင်ဆင်ရန်- စောင်းတွင် ပုလဲသံစဉ်ညှိထားသည့် စောင်းဖြင့် တီးပြီးဆိုရသောကြောင့် "လေးချိုးပုလဲ" ဟု ခေါ်တာပါသည်။ ပုလဲသံစဉ် (mode) ကို မဇ္ဈိမ ဟုလည်း ခေါ်ပါသည်။ တိရစ္ဆာန်အနေဖြင့်ဆိုလျှင် ကြိုးကြာဖြင့် ပြပါသည်။ Key B Major နှင့် အနီးစပ်ဆုံး တူပါသည်။ အသံအနေဖြင့် ၂-ပေါက်သံ ဟု ခေါ်သည်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |