တမ်းပလိတ်:အထူးအကြောင်းအရာ
နန္ဒီသေနပျို့သည် မြန်မာသက္ကရာဇ်-၁၁၃၁ ခုနှစ်(ခရစ်နှစ်-၁၇၆၉ ခုနှစ်)တွင် လက်ဝဲသုန္ဒရဘွဲ့ခံ အမတ်ကြီး ဦးမြတ်စံ ရေးသားခဲ့သော ပျို့တစ်ပုဒ်ဖြစ်သည်။
အတုလ ဒေဝိန်၊ စောမုနိနံမူ၊ ဝရဇိန်စက်၊ လက်နက် သွေးသီ၊ ဂုဏ်မဖိသား၊ ပါရမီ ထူးကဲ၊ လက်စွဲတော်ပါ၊ တက်မကွာဖြင့်၊ အာဏာ,ဇာတိ၊ ကြွင်းမရှိလျှင်၊ ဝိသယလုံး၊ ပတ်ကုံး တင့်စံ၊ ဂုဏ်ခံကိုးရိုး၊ ဂုဏ်မညှိုးက၊ ဖြတ်ချိုး ခုတ်ချိုင်၊ ပွဲတိုင်းနိုင်ရှင့်။ ခေါင်တိုင် ခေါင်တုတ်၊ တမွတ် ခေါင်ထိ၊ ဓိပတိ မင်းစစ်၊ သင်းကျစ် သရဖူ၊ ဖြစ်တော်မူသည်၊ သယမ္ဘူကျော်၊ မြတ်ဇိနော်ကား၊ ပြည်တော်ဘာမိ၊ သာဝတ္ထိ၏၊ ပရိဝါရေ၊ သခိုက်မြေ၌၊ ရွှေဇေတဝန်၊ စိုးရှိလွန်မျှ၊ တံခွန် ထောင်စိုက်၊ ရွှေကျောင်း တိုက်ဝယ်၊ ယာပိုက် လေးအင်၊ မျှစဉ်တွင်၌၊ သခင် ကဝိ၊ သာရိပုတ္တရာ၊ ထေရ်မြတ်စွာလျှင်၊ သံသာ မဆူ၊ ရှေးဘဝက၊ စစ်မ, သဘင်၊ အောင်ပွဲ ဆင်၍၊ အောင်မြင် သီးသီး၊ အောင်သံချီးလျက်၊ ရှားမီး ရည်ဘိ၊ ဉာဏ်ရောင်ညိဟု၊ ဝိဝရတ၊ စသည် ဂါထာ၊ ရတနာပွင့်ညီ၊ ရွှေကုံးသီဘို့၊ နန္ဒီသေန၊ ရှေးက အမတ်၊ ဖြစ်သော ဇာတ်ကို၊ ဟောမှတ် သွယ်ဖြာ၊ ဒေသနာသည်၊ ၊ သေနာပတိ ကျင့်ရေးတည်း။ ။
ဝေသာလီပြည်၊ ပြောစည် ပူရ၊ ထိုဌာနတွင်၊ ဝါဒ ငါးရာ၊ အစုံပါ၍၊ လိမ္မာ မညှိုး၊ ဂုဏ်စွမ်းကိုးသည်၊ အမျိုး နှစ်ပါး၊ သင့်သော အားဖြင့်၊ ရင်သား ငါးယောက်၊ တဝမ်းပေါက်မူ၊ စွမ်းမြောက် တလောင်၊ ဝါဒ ဆောင်၏။ ဆင်းရောင် ပျိုထွား၊ သားယောက်ျားကား၊ မင်းသား မင်းမြေး၊ တဝေးမွမ်းဖြင့်၊ အတတ်သင်၍၊ ပြည်ထင် သိညီ၊ ဝေသာလီ၌၊ ကပ်မှီ အသင့်၊ နေပျော်တင့်၏။ လေးပွင့် ညွန့်ညောက်၊ ရွှေပင်ပေါက် သို့၊ လေးယောက် သမီး၊ ရှုမငြီးမူ၊ အကြီး ပျိုထွတ်၊ အလတ် ပျိုရွယ်၊ အငယ် ပျိုသွေး၊ အထွေး ပျိုနု၊ ပေါင်းကြစုလျက်၊ ဇမ္ဗူ့ ဦးစွန်း၊ ပေါ်ထွန်း သရေ၊ နိမိတ်ဝေသား၊ သပြေ ပန်းခိုင်၊ ကိုယ်စီကိုင်မှ၊ တနိုင်ငံ တိုင်း၊ ခြားပိုင်း ဌာန၊ ကောသလသို့၊ ညီမ တတွေ၊ ရောက်ကြလေသော်၊ သဲမြေ ညံ့ထွား၊ မြို့တံခါး နှင့်၊ မြို့နား နောက်,တောင်၊ သာလွှတ်ခေါင်သည်၊ ၊ ငွေရောင်, သဲဖြူ ဖွေးဖွေးတည်း။ ။. . .