တရားမဝင် ငွေစက္ကူအဖြစ် ကြေငြာခြင်း - အမိန့်အမှတ် ၁/၁၉၈၇


နိုင်ငံတော်ကောင်စီသည် ဥပဒေကဲ့သို့ အာဏာတည်သော အောက်ပါအမိန့်ကို ထုတ်ပြန်လိုက်သည်။

ဖိုင်:Announcement (1-1987).jpg
၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ တန် ငွေစက္ကူများသည် တရားမဝင်တော့ကြောင်း အမိန့်စာ
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်
(အမိန့်အမှတ်(၁) ၁၉၈၇)

ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်မှ ထုတ်ဝေထားသော ၂၅ကျပ် (နှစ်ဆယ့်ငါးကျပ်)၊ ၃၅ကျပ် (သုံးဆယ့်ငါးကျပ်) နှင့် ၇၅ကျပ် (ခုနှစ်ဆယ့်ငါးကျပ်)တန် ငွေစက္ကူများကို ဤအမိန့်ထုတ်ပြန်သည့် ၁၃၄၉ ခု တော်သလင်းလဆန်း ၁၃ ရက်၊ ၁၉၈၇ ခု၊ စက်တင်ဘာလ ၅ ရက်၊ စနေနေ့ နံနက် ၁၁၀၀ နာရီအချိန်မှ စ၍ တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်သည်။



နေ့စွဲ - ၅-၉-၈၇


အတွင်းရေးမှူး၊

နိုင်ငံတော်ကောင်စီ။