တို့တောရွာဘွဲ့ လွမ်းချင်း

တို့တောရွာဘွဲ့ လွမ်းချင်း
by ဦးကြီး
1353တို့တောရွာဘွဲ့ လွမ်းချင်းဦးကြီး

ပျော်ပုံကသစ်သနှင့်၊ ငယ်ချစ်ကယ်လိုက်ခဲ့တော့၊

အကြိုက်ကတဲ့တို့တောရွာမှာ၊
မိုးအကာ ပင်ယံထက်ဆီက၊
ထန်းရွက် နှင့် ဆင်သည့် အိမ်၊
ခြုံတင်းတိမ် နွားရေခင်းလို့၊
ညဉ့်တွင်းကို ပုလွေကျော်နှင့်၊
ဖျော်ပမယ်လေး။ ။

ကိုက်ဖူးငယ်ညွန့်စီ၊ ချဉ်ပေါင်နီကို၊
ရာသီဓလေ့၊ ပုဇွန်လုံး ခွံဖုံးထေ့လို့၊
တောလေ့ငယ်တဆင်၊ လယ်ကြွက်ကင်နှင့်၊
တို့ခွင်ဖရုံ၊ အချိုချက်ဟင်း ဘက်စုံလှ၊
မင်းပုံထယ် ထယ်၊ နေစာပျို့ အစ်ကိုကို တယ်ပမယ်၊
ဆောင်းနယ်ဝင်သည် ချိန်ကို၊
ယစ်စည်းစိမ် အဆီဖိန်းလို့၊
မှိန်းစေ့မယ်လေး။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.