တို့ဖေဖေ
စားဝတ်နေရေး၊ ငွေရှာပေး၊
ကျေးဇူးကြီးပေ၊ တို့ဖေဖေ။
ကိစ္စများဖြင်၊ ပေါ်ပေါက်လျှင်၊
စီရင်တတ်ပေ၊ တို့ဖေဖေ။
အိမ်ထောင်အရေး၊ စီမံပေး၊
လေးစားလောက်ပေ၊ တို့ဖေဖေ။
စဥ်းစားမြော်မြင်၊ ဉာဏ်နှင့်ယှဉ်၊
ပဲ့ပြင်တတ်ပေ၊ တို့ဖေဖေ။
နိုင်ငံ့အကျိုး၊ တို့အကျိုး၊
သယ်ပိုးနိုင်ပေ၊ တို့ဖေဖေ။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago. |