မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၁၃။ တူတူရေဝါး
1372မောင်ခွေးဖို့ ကဗျာများ — ၁၃။ တူတူရေဝါးမင်းသုဝဏ်

တူတူရေဝါးဝါး။
လူကလေးနဲ့ မေကစား။
အမေ့သားလေး ပုန်းစရာ၊
လက်ဝါးလေးနဲ့ ကာ။
လက်ဝါးကာ အပေါက်သေး၊
ချောင်းလို့ကြည့်တယ်လေး။
မိုးတိမ်မြေးတဲ့ ငွေသော်တာ၊
မေ့သား တူလှပါ။
အမေ့မှာတော့ ကမ္ဘာလား။
တူရေ တဝါးဝါး။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.