တော်သလင်းလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်

1422တော်သလင်းလဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်စာရေးကြီး ဦးမောင်ကလေး

တောင်မြစ်ကမ်းယံ ဂန္ဓာရုမှာ
ကန်ရာသီပြု ခေတ်သဘင်
ဘန်လာပြီခု အသစ်လွင်အောင်
သရစ်ပြင်ဆင် ပျံသမို့။
ငှက်ပြိုင်ညှင်းနှင့် ကြိုင်သင်းထွေတယ်
ခိုင်းရင်းမာရွှေ ဂုကြီးကျယ်ရော့လို့။

ယုန်ငွေချိုင့်နှင့် ဗျိုင်းရုပ်ဝါငယ်
ဖသိုင့်ပြုပ္ပါ သွေမချို့။
တခိုင့်ဥက္ကာ ကြွေမသို့ပ
ဝေဟာတခို့ ဘွေမှန်ကူ။
အဏ္ဏဝါခွင် ယည်ပြောင်ခင်းမှာ
ဘောင်ပျံ့လှေသင်း တင့်တဲ့ခါတမူ။

ဂယက်ပွေမျှ ပွက်သဲထူအောင်
တက်ရေးသံကြူ ဟန်ယူဖြန့်မှ
ထံဒူးဒယံ့ တယော့တေတျာ
နတ်စောင်းသီဘွဲ့ကာ။
ရှစ်ခွင်ကွန့်လို့ မင်ညွန့်ဖြာတယ်
မြင်ဝံ့စရာ ရှိဘူးဆိုစို့လေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။