တေးသားကောက် နွယ်သာကီသံဖြတ်
ခင်ခင်လေးကို အလွန်ကြိုက်လို့၊ ညဉ့်နက်သန်းခေါင် မိုးမှောင်မိုက်၊ နှိုက်လိုက်ပါတဲ့ လက်တံရှည်။
ဆင်နှာမောင်းလို ခါခါဆော့သပ၊ ထင်ရာကို ဝင်ကာနှော့၊ ပျောင်းပျော့လို့ ခွေတယ်လေလေ။
ဟိုဟိုသည်သည် လိုက်ကာစမ်းလို့၊ သရမ်းလှတဲ့ ကိုလက်တံရှည်၊
ကြာတော့လေ အမေနိုးရော့၊ ပိန်ရှည်ရှည် မောင့်လက်ညှိုးကို၊
ချိုးလိုက်လိမ့် ဖေငယ်လေလေ။
ကညာတမေ ညက်စံနုမှာတော့၊ တခါတလေ ဆက်ဆံမှုကြောင့်၊
လက်တံပုနှင့် လက်တံရှည်ဟာ၊ တစ်လှည့်စီ ယဉ်မကိုဋ်ကို၊
စမ်းနှိုက်ကြ ရှာတယ်လေလေ။
အထူးမှတ်လို့ ယူပိုက်ကာ၊ နဖူးစပ်သို့ သူနှိုက်လာ။
ကွက်ညှိမထောက်လို့ ထူလိုက်တာ၊ မျက်စိပေါက်သို့ သူနှိုက်လာ။
အကြောင်းမှောက်ဖို့ ရှူရှိုက်ကာ၊ နှာခေါင်းပေါက်သို့ သူနှိုက်လာ။
အကြပ်ရောက်ဖို့ ပူခန်းဖြာ၊ ပါးစပ်ပေါက်သို့ သူစမ်းလာ။
ထားမိမိငဲ့ ဘဝင်ဖိုလှိုင်၊ ယားကျိကျိနဲ့ ရင်ကိုကိုင်တော်။
ထားမှကြောက်လို့ ရင်ဖျားဖို၊ ခါးကလျှောက်လို့ တင်ပါးကိုတော်။
မဖွယ်ခင်းနဲ့ ပူဟိုက်တုန်၊ အမယ်မင်းရဲ့ သူနှိုက်ပုံရှင်။
အကြောတွန့်ခဲ့ ဆူလှိုက်ခုန်၊ မပြောဝံ့တဲ့ သူနှိုက်ပုံ။
အလွဲမှားလို့ ပူမှုရှာ၊ အသဲယားဖို့ သူပြုတာတော်။
အခြေညှိုးပျော့ ရုပ်ဖျောက်တွယ်၊ အမေနိုးတော့ ကျုပ်ကြောက်တယ်။
ဇွတ်သာရုန်းလို့ နှစ်ကိုယ်ပြိုင်၊ လွှတ်ပါဦးလို့ မဆိုနိုင်။
စရိုက်ရူးခဲ့ ခက်ရန်လေ။ အနှိုက်ထူးတဲ့ လက်တံရှည်။
ထိပ်ညှာဖျားပဲ့ မျက်မာန်ပို၊ ဆိပ်ကာသွားတဲ့ လက်တံတိုတော်။
စိန်ညှာနွဲသို့ ပြင်းဆွဲနယ်၊ လိမ်ကာဖဲ့လို့ ညှင်းဆဲတယ်။
အမယ်မင်းငယ်မှ..... ကျွမ်းကြွေသပ၊ နွမ်းခွေကျ၊ ဆန်းပွေကြတုန်း၊
လက်တံရှည်ဆို၊ လက်တံတို၊ ပျိုမမုန်းဘူး၊
အဆုံးတရား ဖန်သမျှရယ်နှင့်၊ ကံကျရာ ညားစေဟု၊
နှစ်ယောက်သား လူပျိုစင်တို့ရဲ့၊ တွေးမိလျှင် စိတ်အတော် အိုက်ကြလိမ့်၊
ဆွေရိအင် မိတ်နှစ်ဖော် ကြိုက်ရသူမို့၊ မွေးမိခင် အိပ်ပျော်တဲ့ အခိုက်ကိုလ၊
ဘဏ္ဍာကို နံသာရိုက်လိုက်ပမယ်၊ မောင်တို့ စိတ်ကြိုက် အကျိုးမယွင်း၊
ကတိုးယမင်းကလေးကို၊ မိုးလင်းအောင် နှိုက်တော်မူကြပါတော့ရှင်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |